နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ပရပ်ဆုတ်ခွန်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယမန်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ပရပ်ဆုတ်ခွန်း တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ထို့နောက် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု အခြေအနေများကို နှစ်ဖက်အပြန်အလှန် အမြင်ချင်းဖလှယ်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(Zawgyi)

“အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညွိႏွိုင္းေရးေကာ္မတီ ဥကၠ႒ ျပည္ေထာင္စုဝန္ႀကီး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ ျမန္မာနိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ႏွင့္အဖြဲ႕အား လက္ခံေတြ႕ဆုံၿပီး ျမန္မာနိုင္ငံ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အေကာင္အထည္ေဖာ္မႈမ်ားကို ရွင္းလင္းတင္ျပ”

နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္၊ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန(၁) ျပည္ေထာင္စုဝန္ႀကီး၊ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညွိႏွိုင္းေရး ေကာ္မတီ ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္သည္ အာဆီယံအလွည့္က်ဥကၠ႒၏ ျမန္မာနိုင္ငံ ဆိုင္ရာ အထူးကိုယ္စားလွယ္၊ ကေမၻာဒီးယားနိုင္ငံ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ နိုင္ငံျခားေရးႏွင့္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီး မစၥတာ ပရပ္ဆုတ္ခြန္း ဦးေဆာင္သည့္ ကိုယ္စားလွယ္ အဖြဲ႕အား ယမန္ေန႕ ညေန ၄ နာရီ ၄၅ မိနစ္တြင္ ေနျပည္ေတာ္ရွိ အမ်ိဳးသားစည္းလုံး ညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈ ဗဟိုဌာန၌ လက္ခံေတြ႕ဆုံသည္။

ေတြ႕ဆုံစဥ္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္၊ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန(၁) ျပည္ေထာင္စုဝန္ႀကီး၊ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညွိႏွိုင္းေရးေကာ္မတီဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ႏွင့္ အာဆီယံအလွည့္က်ဥကၠ႒၏ ျမန္မာနိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္၊ ကေမၻာဒီးယားနိုင္ငံ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ နိုင္ငံျခားေရးႏွင့္ အျပည္ျပည္ ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီး မစၥတာ ပရပ္ဆုတ္ခြန္း တို႔က ႏႈတ္ခြန္းဆက္စကား ေျပာၾကားၾကသည္။

ထို႔ေနာက္ ျမန္မာနိုင္ငံ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အေကာင္အထည္ေဖာ္မႈမ်ားကို ပါဝါပြိုင့္ျဖင့္ ရွင္းလင္းတင္ျပၿပီး ျမန္မာနိုင္ငံ၏ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ အေျခအေနမ်ားကို ႏွစ္ဖက္အျပန္အလွန္ အျမင္ခ်င္းဖလွယ္၍ ရင္းႏွီးပြင့္လင္းစြာ ေဆြးႏြေးခဲ့ၾကေၾကာင္း သတင္းရရွိသည္။