ရခိုင်ပြည်နယ်၊ အမ်းမြို့၊ ကံမြင့်ကန်ပူးပေါင်း စစ်ဆေးရေးဂိတ်၌ မတ်လ ၁၁ ရက်၊ နံနက်ပိုင်းတွင် လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များမှ ယာဉ်အဝင်အထွက်များအား စစ်ဆေးနေစဉ် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော ကျောက်တော်မြို့ နယ်၊ ရွာမကျေးရွာနေ ဦးထွန်းထွန်းကျော် မောင်းနှင်လာပြီး ယာဉ်နောက်လိုက်တို့ ၂ ဦး လိုက်ပါလာကာ ခရီးသည် ၄၅ ဦး တင်ဆောင်လာသည့် “မာန်သစ္စာ” ခရီးသည်တင်ယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်အောက်ဘက် ကုန်ပစ္စည်းများ ထားသိုသည့် အခန်းအတွင်း ကုန်ပစ္စည်းများကြား၌ သိုဝှက်သယ်ဆောင်လာသည့် ဘင်္ဂါလီ (၄) ဦးအား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ ဘင်္ဂါလီများအား မေးမြန်းချက်အရ ၎င်းတို့သည် မလေးရှားနိုင်ငံသို့ရောက်ရှိနေ ဆွေမျိုးများမှ စစ်တွေရှိလူပွဲစားတစ်ဦးထံ မလေးရှားရောက်ပါက သိန်း ၃၀ ပေးမည်ဖြစ်ကြောင်း ချိတ်ဆက်ပေးကြောင့် လိုက်ပါလာစဉ်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိ ယာဉ်မောင်းဖြစ်သူအား စစ်ဆေးချက်အရ ဘင်္ဂါလီ များအား ရန်ကုန်မြို့သို့ ပို့ဆောင်ပေးမည်ဆိုပါ တစ်ဦးလျှင် ၁၁ သိန်းစီ ပေးမည်ဖြစ်ကြောင်းပြောဆိုခဲ့ရာ ၎င်းမှ သဘောတူခဲ့သဖြင့် ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဖမ်းဆီးရမိ ဘင်္ဂါလီ (၄)ဦးအား လဝကအက်ဥပဒေ-၆(၂)/၆(၃) ဖြင့် အမှုဖွင့်အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်တို့အား ရာဇသတ်ကြီးပုဒ်မ-၃၆၇ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
#mhtnews
(Zawgyi)
“အမ္းၿမိဳ႕နယ္၌ ခရီးသည္ယာဥ္တစ္စီးမွ သိုဝွက္သယ္ေဆာင္လာေသာ ဘဂၤါလီ (၄) ဦး ဖမ္းဆီးရမိ”
ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕၊ ကံျမင့္ကန္ပူးေပါင္း စစ္ေဆးေရးဂိတ္၌ မတ္လ ၁၁ ရက္၊ နံနက္ပိုင္းတြင္ လုံၿခဳံေရးပူးေပါင္းအဖြဲ႕ဝင္မ်ားမွ ယာဥ္အဝင္အထြက္မ်ားအား စစ္ေဆးေနစဥ္ စစ္ေတြၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ ထြက္ခြာလာေသာ ေက်ာက္ေတာ္ၿမိဳ႕ နယ္၊ ႐ြာမေက်း႐ြာေန ဦးထြန္းထြန္းေက်ာ္ ေမာင္းႏွင္လာၿပီး ယာဥ္ေနာက္လိုက္တို႔ ၂ ဦး လိုက္ပါလာကာ ခရီးသည္ ၄၅ ဦး တင္ေဆာင္လာသည့္ “မာန္သစၥာ” ခရီးသည္တင္ယာဥ္အား စစ္ေဆးခဲ့ရာ ယာဥ္ေအာက္ဘက္ ကုန္ပစၥည္းမ်ား ထားသိုသည့္ အခန္းအတြင္း ကုန္ပစၥည္းမ်ားၾကား၌ သိုဝွက္သယ္ေဆာင္လာသည့္ ဘဂၤါလီ (၄) ဦးအား ဖမ္းဆီးရမိခဲ့သည္။
ဖမ္းဆီးရမိ ဘဂၤါလီမ်ားအား ေမးျမန္းခ်က္အရ ၎တို႔သည္ မေလးရွားနိုင္ငံသို႔ေရာက္ရွိေန ေဆြမ်ိဳးမ်ားမွ စစ္ေတြရွိလူပြဲစားတစ္ဦးထံ မေလးရွားေရာက္ပါက သိန္း ၃၀ ေပးမည္ျဖစ္ေၾကာင္း ခ်ိတ္ဆက္ေပးေၾကာင့္ လိုက္ပါလာစဥ္ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္းႏွင့္ ဖမ္းဆီးရမိ ယာဥ္ေမာင္းျဖစ္သူအား စစ္ေဆးခ်က္အရ ဘဂၤါလီ မ်ားအား ရန္ကုန္ၿမိဳ႕သို႔ ပို႔ေဆာင္ေပးမည္ဆိုပါ တစ္ဦးလွ်င္ ၁၁ သိန္းစီ ေပးမည္ျဖစ္ေၾကာင္းေျပာဆိုခဲ့ရာ ၎မွ သေဘာတူခဲ့သျဖင့္ ေခၚေဆာင္လာျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သျဖင့္ ဖမ္းဆီးရမိ ဘဂၤါလီ (၄)ဦးအား လဝကအက္ဥပေဒ-၆(၂)/၆(၃) ျဖင့္ အမႈဖြင့္အေရးယူနိုင္ေရးေဆာင္႐ြက္လ်က္ရွိၿပီး ယာဥ္ေမာင္းႏွင့္ ယာဥ္ ေနာက္လိုက္တို႔အား ရာဇသတ္ႀကီးပုဒ္မ-၃၆၇ ျဖင့္ အမႈဖြင့္လွစ္ခဲ့ၿပီး အေရးယူနိုင္ေရးေဆာင္႐ြက္လ်က္ရွိ ေၾကာင္း သိရသည္။
#mhtnews
Recent Comments