ရခိုင်ပြည်နယ်၊ အမ်းမြိုနယ်၌ တိုက်ပွဲများမရှိတော့သဖြင့် တိုက်ပွဲရှောင် အိမ်ထောင်စု (၃၀၇) စုမှ လူဦးရေ (၁၃၈၁) သည် မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်း ၉ နာရီခန့်က နေရပ်ဒေသဖြစ်သည့် ကဇူးကိုင်းအုပ်စုနှင့် ဒလက်အုပ်စုများသို ပြန်ကြပြီဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ထိုသို စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် အစိုးရတာဝန်ရှိသူများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲဝင်များ၊ မီးသတ်တပ်ဖွဲဝင်များ ပူးပေါင်း၍ ဝိုင်းဝန်းကူညီပေးခဲ့ကြခြင်းဖြစ်သည်။
ယခုနေရပ်ပြန်ကြသူများမှာ အမ်းမြိုနယ်၊ ပဲပဒုံကျေးရွာအနီးရှိ အမှတ်(၁)တိုက်ပွဲရှောင်စခန်းမှ အိမ်ထောင်စု ၄၆ စု၊ အမ်းမြို၊ အမှတ် (၅) ရပ်ကွက်ရှိ အမှတ်(၂)တိုက်ပွဲရှောင်စခန်းမှ အိမ်ထောင်စု ၁၀၆ စု၊ လေယာဉ်ကွင်းရပ်ကွက်ရှိ ဆွေမျိုးများ၏နေအိမ်၌ နေထိုင်လျက်ရှိသော အိမ်ထောင်စု ၃၈ စု၊ ဈေးရပ်ကွက်ရှိ ဆွေမျိုးများ၏နေအိမ်၌ နေထိုင်လျက်ရှိသော အိမ်ထောင်စု ၇၅ စုနှင့် ကမ်းဒိတ်ဓမ္မာရုံ၌ နေထိုင်လျက်ရှိသော အိမ်ထောင်စု ၆ စု၊ စုစုပေါင်း တိုက်ပွဲရှောင် အိမ်ထောင်စု ၃၀၇ စု၊ လူဦးရေ ကျား ၆၇၂ ဦး၊ မ ၇၀၉ ဦး စုစုပေါင်း ၁၃၈၁ ဦးတိုဖြစ်ကြောင်း သိရသည်။
#mhtnews
(Zawgyi)
“အမ်းမြို့နယ်က တိုက်ပွဲရှောင်လူဦးရေ (၁၃၈၁) ဦး နေရပ်ပြန်ကြပြီ”
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ တိုက်ပွဲများမရှိတော့သဖြင့် တိုက်ပွဲရှောင် အိမ်ထောင်စု (၃၀၇) စုမှ လူဦးရေ (၁၃၈၁) သည် မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်း ၉ နာရီခန့်က နေရပ်ဒေသဖြစ်သည့် ကဇူးကိုင်းအုပ်စုနှင့် ဒလက်အုပ်စုများသို့ ပြန်ကြပြီဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ထိုသို့ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် အစိုးရတာဝန်ရှိသူများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဝိုင်းဝန်းကူညီပေးခဲ့ကြခြင်းဖြစ်သည်။
ယခုနေရပ်ပြန်ကြသူများမှာ အမ်းမြို့နယ်၊ ပဲပဒုံကျေးရွာအနီးရှိ အမှတ်(၁)တိုက်ပွဲရှောင်စခန်းမှ အိမ်ထောင်စု ၄၆ စု၊ အမ်းမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ အမှတ်(၂)တိုက်ပွဲရှောင်စခန်းမှ အိမ်ထောင်စု ၁၀၆ စု၊ လေယာဉ်ကွင်းရပ်ကွက်ရှိ ဆွေမျိးများ၏နေအိမ်၌ နေထိုင်လျက်ရှိသော အိမ်ထောင်စု ၃၈ စု၊ ဈေးရပ်ကွက်ရှိ ဆွေမျိးများ၏နေအိမ်၌ နေထိုင်လျက်ရှိသော အိမ်ထောင်စု ၇၅ စုနှင့် ကမ်းဒိတ်ဓမ္မာရုံ၌ နေထိုင်လျက်ရှိသော အိမ်ထောင်စု ၆ စု၊ စုစုပေါင်း တိုက်ပွဲရှောင် အိမ်ထောင်စု ၃၀၇ စု၊ လူဦးရေ ကျား ၆၇၂ ဦး၊ မ ၇၀၉ ဦး စုစုပေါင်း ၁၃၈၁ ဦးတို့ဖြစ်ကြောင်း သိရသည်။
#mhtnews
Recent Comments