အမေရိကန်၏ အကြမ်းဖက် တရားဥပဒေ စိုးမိုးရေးကြောင့် အာဖရိကနွယ်ဖွားများ သေဆုံးမှု အရေအတွက်သည် ကျဆင်းခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေဆဲ ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ယင်းဖြစ်ရပ်များကို စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူများကို ဥပဒေစက်ကွင်းထဲ အရေးယူနိုင်အောင် လက်တွေ့ကျသောလုပ်ဆောင်ချက်များ ဆောင်ရွက်သင့်ကြောင်း ကုသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အဆင့်မြင့်ကော်မတီ အဖွဲ့ဝင် Michelle Bachelet Jeria က မတ် ၈ ရက်တွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းဖော်ပြမှုအရ သိရသည်။
အရပ်ဘက်အဖွဲ့အစည်းများ၏ အချက်အလက်များအရ ၂၀၂၁ ခုနှစ်တွင် ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ဥပဒေစိုးမိုးရေးကြောင့် အမေရိကန်၌ အာဖရိကနွယ်ဖွား ၂၆၆ ဦး သေဆုံးခဲ့ပြီး ယင်းသေဆုံးမှုအရေအတွက်သည်လူဖြူ၏ ၃ ဆနီးပါးရှိကြောင်း Bachelet က ထိုနေ့တွင်ကျင်းပသော ၄၉ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ယင်းကိစ္စရပ်နှင့် စပ်လျဉ်းသည့် အခြားစစ်ဆေးတွေ့ရှိမှုအရအမေရိကန်တွင် ရဲတပ်ဖွဲ့ဝင်များလက်ချက်ကြောင့် သေဆုံးခဲ့သော အာဖရိကနွယ်ဖွား အရေအတွက်သည် အထက်ဖော်ပြထားသည့် ကိန်းဂဏန်းထက် ပိုများနိုင်ကြောင်းလည်း Bachelet က ပြောကြားခဲ့ကြောင်း သတင်းဖော်ပြထားသည်။
၂၀၂၀ ပြည့်နှစ် မေ ၂၅ ရက်တွင် အမေရိကန်နိုင်ငံ မင်နီဆိုတာ၌ ရဲတပ်ဖွဲ့ဝင်တစ်ဦးက လူမဲအမျိုးသား George Floyd အား ဖမ်းဆီးစဉ် လည်ပင်းကို ဒူးဖြင့်ဆက်တိုက်ဖိထားရာမှ အသက်ရှူကြပ် သေဆုံးခဲ့ရပြီး George Floyd ကဲ့သို့သော ဝမ်းနည်းဖွယ် ဖြစ်ရပ်များ မဖြစ်ပွားအောင် ရှောင်လွှဲ၍ ရသော်လည်း ထပ်တလဲလဲ ဖြစ်ပွားနေရာ စနစ်တကျ လူမျိုးရေးခွဲခြားဆက်ဆံမှုသည် စနစ်တကျ တုန့်ပြန်ဖြေရှင်းမှုလိုအပ်သည်ဟု ထင်ရှားပေါ်လွင်နေသလို ရာစုနှစ်များစွာ အမြစ်တွယ်နေသည့် စနစ်တကျ ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုများကို ဘက်ပေါင်းစုံမှ ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းရန် လိုအပ်ကြောင်း Bacheletက အကြိမ်ကြိမ် ပြောကြားခဲ့ကြောင်း သိရသည်။
#mhtnews
္္္္္္္္္္္္္္္္္္္္္္္္္္္္္္္္္
(Zawgyi)
“အေမရိကန္၏ အၾကမ္းဖက္ တရားဥပေဒစိုးမိုးေရးက အာဖရိကႏြယ္ဖြားမ်ား ေသဆုံးမႈကို ဆက္လက္ျမင့္မားေစသည္ဟု ကုလသမဂၢ လူ႕အခြင့္အေရးဆိုင္ရာ အဆင့္ျမင့္အရာရွိေျပာ”
အေမရိကန္၏ အၾကမ္းဖက္ တရားဥပေဒ စိုးမိုးေရးေၾကာင့္ အာဖရိကႏြယ္ဖြားမ်ား ေသဆုံးမႈ အေရအတြက္သည္ က်ဆင္းျခင္းမရွိဘဲ ဆက္လက္ျမင့္တက္ေနဆဲ ျဖစ္ေၾကာင္းႏွင့္ သက္ဆိုင္ရာ အာဏာပိုင္မ်ားအေနျဖင့္ ယင္းျဖစ္ရပ္မ်ားကို စုံစမ္းစစ္ေဆးၿပီး က်ဴးလြန္သူမ်ားကို ဥပေဒစက္ကြင္းထဲ အေရးယူနိုင္ေအာင္ လက္ေတြ႕က်ေသာလုပ္ေဆာင္ခ်က္မ်ား ေဆာင္႐ြက္သင့္ေၾကာင္း ကုသမဂၢ လူ႕အခြင့္အေရးဆိုင္ရာ အဆင့္ျမင့္ေကာ္မတီ အဖြဲ႕ဝင္ Michelle Bachelet Jeria က မတ္ ၈ ရက္တြင္ ေျပာၾကားခဲ့သည္ဟု ဆင္ဟြာသတင္းေဖာ္ျပမႈအရ သိရသည္။
အရပ္ဘက္အဖြဲ႕အစည္းမ်ား၏ အခ်က္အလက္မ်ားအရ ၂၀၂၁ ခုႏွစ္တြင္ ရဲတပ္ဖြဲ႕ဝင္မ်ား၏ အၾကမ္းဖက္ဥပေဒစိုးမိုးေရးေၾကာင့္ အေမရိကန္၌ အာဖရိကႏြယ္ဖြား ၂၆၆ ဦး ေသဆုံးခဲ့ၿပီး ယင္းေသဆုံးမႈအေရအတြက္သည္လူျဖဴ၏ ၃ ဆနီးပါးရွိေၾကာင္း Bachelet က ထိုေန႕တြင္က်င္းပေသာ ၄၉ ႀကိမ္ေျမာက္ ကုလသမဂၢလူ႕အခြင့္အေရးေကာင္စီအစည္းအေဝးတြင္ ေျပာၾကားခဲ့သည္။
ယင္းကိစၥရပ္ႏွင့္ စပ္လ်ဥ္းသည့္ အျခားစစ္ေဆးေတြ႕ရွိမႈအရအေမရိကန္တြင္ ရဲတပ္ဖြဲ႕ဝင္မ်ားလက္ခ်က္ေၾကာင့္ ေသဆုံးခဲ့ေသာ အာဖရိကႏြယ္ဖြား အေရအတြက္သည္ အထက္ေဖာ္ျပထားသည့္ ကိန္းဂဏန္းထက္ ပိုမ်ားနိုင္ေၾကာင္းလည္း Bachelet က ေျပာၾကားခဲ့ေၾကာင္း သတင္းေဖာ္ျပထားသည္။
၂၀၂၀ ျပည့္ႏွစ္ ေမ ၂၅ ရက္တြင္ အေမရိကန္နိုင္ငံ မင္နီဆိုတာ၌ ရဲတပ္ဖြဲ႕ဝင္တစ္ဦးက လူမဲအမ်ိဳးသား George Floyd အား ဖမ္းဆီးစဥ္ လည္ပင္းကို ဒူးျဖင့္ဆက္တိုက္ဖိထားရာမွ အသက္ရႉၾကပ္ ေသဆုံးခဲ့ရၿပီး George Floyd ကဲ့သို႔ေသာ ဝမ္းနည္းဖြယ္ ျဖစ္ရပ္မ်ား မျဖစ္ပြားေအာင္ ေရွာင္လႊဲ၍ ရေသာ္လည္း ထပ္တလဲလဲ ျဖစ္ပြားေနရာ စနစ္တက် လူမ်ိဳးေရးခြဲျခားဆက္ဆံမႈသည္ စနစ္တက် တုန့္ျပန္ေျဖရွင္းမႈလိုအပ္သည္ဟု ထင္ရွားေပၚလြင္ေနသလို ရာစုႏွစ္မ်ားစြာ အျမစ္တြယ္ေနသည့္ စနစ္တက် ခြဲျခားဆက္ဆံမႈႏွင့္ အၾကမ္းဖက္မႈမ်ားကို ဘက္ေပါင္းစုံမွ က်ယ္က်ယ္ျပန႔္ျပန႔္ ေျဖရွင္းရန္ လိုအပ္ေၾကာင္း Bacheletက အႀကိမ္ႀကိမ္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
#mhtnews
Recent Comments