အမေရိကန်အခြေစိုက် စီးပွားရေးလုပ်ငန်းဖြစ်သည့် ငါးစာနှင့် ငါးဆီရောင်းဝယ်ရေးကုမ္ပဏီ Scoular က ငါးစာတန်ဖိုးမြှင့် ထုတ်လုပ်မည့် စက်ရုံသစ်ကို မကြာသေးမီ ရက်ပိုင်းအတွင်းက ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါစက်မှုဇုန်၌ ဖွင့်လှစ်ခဲ့ကြောင်း BETV Business သတင်းဌာနက ဖော်ပြသည်။

အဆိုပါ စက်ရုံသည် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် Scoular Myanmar Co,. Ltd. က ဆောင်ရွက်နေတာဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယင်းစက်ရုံသစ်တည်ဆောက်မှုသည် အာရှဒေသအတွင်း တိုးချဲ့တည်ရှိမှု၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကုမ္ပဏီအနေဖြင့် အာရှ-ပစိဖိတ်ဒေသတွင်းမှ ဖောက်သည်များနှင့် ပေးသွင်းသူများအတွက် တန်ဖိုးထပ်တိုးရန် အခွင့်အလမ်းများ ဆက်လက်ရှာဖွေနေကြောင်း သတင်းဖော်ပြမှုအရ သိရသည်။

Photo: Scoular
#mhtnews

(Zawgyi)
“အေမရိကန္အေျခစိုက္ Scoular က သီလဝါစက္မႈဇုန္၌ တန္ဖိုးျမင့္ ငါးစာထုတ္စက္႐ုံ ဖြင့္လွစ္”

အေမရိကန္အေျခစိုက္ စီးပြားေရးလုပ္ငန္းျဖစ္သည့္ ငါးစာႏွင့္ ငါးဆီေရာင္းဝယ္ေရးကုမၸဏီ Scoular က ငါးစာတန္ဖိုးျမႇင့္ ထုတ္လုပ္မည့္ စက္႐ုံသစ္ကို မၾကာေသးမီ ရက္ပိုင္းအတြင္းက ရန္ကုန္တိုင္းေဒသႀကီး၊ သီလဝါစက္မႈဇုန္၌ ဖြင့္လွစ္ခဲ့ေၾကာင္း BETV Business သတင္းဌာနက ေဖာ္ျပသည္။

အဆိုပါ စက္႐ုံသည္ ရာခိုင္ႏႈန္းျပည့္ နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈျဖင့္ Scoular Myanmar Co,. Ltd. က ေဆာင္႐ြက္ေနတာျဖစ္ၿပီး ျမန္မာနိုင္ငံ ရင္းႏွီးျမႇုပ္ႏွံမႈေကာ္မရွင္ (MIC) က ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလတြင္ ခြင့္ျပဳခဲ့ျခင္းျဖစ္သည္။

ယင္းစက္႐ုံသစ္တည္ေဆာက္မႈသည္ အာရွေဒသအတြင္း တိုးခ်ဲတည္ရွိမႈ၏ အဓိက အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး ကုမၸဏီအေနျဖင့္ အာ႐ြ-ပစိဖိတ္ေဒသတြင္းမွ ေဖာက္သည္မ်ားႏွင့္ ေပးသြင္းသူမ်ားအတြက္ တန္ဖိုးထပ္တိုးရန္ အခြင့္အလမ္းမ်ား ဆက္လက္ရွာေဖြေနေၾကာင္း သတင္းေဖာ္ျပမႈအရ သိရသည္။

Photo: Scoular
#mhtnews