အမေရိကန်နိုင်ငံအနေဖြင့် ဇီဝဗေဒဆိုင်ရာ စစ်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်၍ မခြွင်းမချန်ရှင်းလင်းပေးရေး နှင့် တာဝန်သိသိ လုပ်ဆောင်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက မတ် ၁၄ ရက်တွင် တိုက်တွန်းပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

ကျောက်လိကျန်းက အမေရိကန်နိုင်ငံအနေဖြင့် ဇီဝဗေဒလက်နက်များ သဘောတူညီချက် စီစစ်အတည်ပြုခြင်းစနစ် ထူထောင်မှုအား ပိတ်ဆို့ဟန့်တားသည့် သီးခြားရပ်တည်နေခြင်းမှ ရပ်တန့်သင့်ကြောင်း နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ဒါက အမေရိကန်နိုင်ငံရဲ့နိုင်ငံတကာ တာဝန်ဝတ္တရားတွေကို ပြည့်စုံစေဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ ဇီဝလုံခြုံရေးကို အားကောင်းလာဖို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ယုံကြည်မှုကို ပြန်လည်ထူထောင်ရေးအတွက် ကူညီပေးနိုင်ပါတယ်။”ဟု ၎င်းကဆိုသည်။

လူသေစေနိုင်သော ရောဂါပိုးမွှားများ ထိန်းသိမ်းထားသည့် ယူကရိန်းနိုင်ငံရှိ ဇီဝဗေဒဆိုင်ရာ ဓာတ်ခွဲခန်းများအား အမေရိကန်နိုင်ငံ၏ ပူးပေါင်းပါဝင်မှု၊ ငွေကြေးထောက်ပံ့ခြင်းတို့နှင့် ပတ်သက်၍ ထုတ်ဖော်ပြီးသားဖြစ်သော သတင်းအချက်အလက်များအား ကိုးကား၍ “ယူကရိန်းနိုင်ငံမှာ ဇီဝဗေဒဆိုင်ရာ စစ်ရေးလှုပ်ရှားမှုတွေက နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဘုံစိုးရိမ်မှု ဖြစ်ပါတယ်။”ဟု ကျောက်လိကျန်းက ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသည် ပွင့်လင်းမြင်သာမှုရှိရန် အမြဲတမ်း ပြောဆိုနေခဲ့ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့ပြီး ”တကယ်လို့ စိုးရိမ်မှုတွေက အမှန်တကယ် မဟုတ်မမှန်သတင်း ဖြစ်တယ်ဆိုရင် ဘာကြောင့် သူတို့ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့ အမေရိကန်နိုင်ငံက အသေးစိတ်အချက်အလက်ကုန်ကြမ်းတွေကို မထုတ်ပြန်ရတာလဲ။”ဟုလည်း မေးခွန်းထုတ်ခဲ့သည့်အပြင် အမေရိကန်နိုင်ငံသည် ဇီဝဓာတ်ခွဲခန်းများအတွက် ဒေါ်လာ သန်း ၂၀၀ ငွေကြေးထောက်ပံ့မှုအား မည်သို့သုံးစွဲခဲ့ပါသနည်း ၊ ရောဂါဖြစ်ပွားစေသော ပစ္စည်းများအပေါ် စီမံခန့်ခွဲရာ၌ မည်သို့သော သုတေသနအမျိုးအစားပါလဲ ၊ နိုင်ငံတကာ ကျွမ်းကျင်သူများက လွတ်လပ်သည့်စုံစမ်းစစ်ဆေးမှုများအတွက် ဇီဝဓာတ်ခွဲခန်းများအား ဖွင့်ဟရန် အဘယ်ကြောင့် ငြင်းဆိုရသနည်းဟု မေးခွန်းထုတ်ခဲ့ကြောင်း သိရသည်။

ထိုနောက် ကျောက်လိကျန်းက “အခုထိတော့ အမေရိကန်နိုင်ငံရဲ့ တုံ့ပြန်မှုတွေက ရှေ့နောက်မညီဘဲနဲ့ ရှုပ်ပွေနေပါတယ်။”ဟု ပြောကြားကာ

ဆယ်စုနှစ်များစွာ ကြာအောင် အမေရိကန်နိုင်ငံသည် အခြားသူများအား မဆိုင်းမတွလက်ညိုးထိုးခဲ့သလို လိုက်နာမှုမရှိဟူ၍လည်း အခြားသူများအပေါ် စွပ်စွဲမှုပြုလုပ်ကြောင်း ကျောက်က ပြောကြားခဲ့ပြီး ၎င်းတို့အနေဖြင့် စိစစ်အတည်ပြုခြင်းအား လက်ခံသင့်သလို ပိတ်ဆို့အရေးယူမှုများ နှင့် စစ်ရေးဆောင်ရွက်မှုများကိုပါ ကျင့်သုံးသင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံကိုယ်တိုင် ဖြစ်လာသည့်အခါတွင် စိစစ်အတည်ပြုခြင်းအား ငြင်းဆိုပြီး အိုးနင်းခွက်နင်းနှင့်ပင် ပြီးမြောက်သွားရန် ကြိုးစားနေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းက ဖော်ပြထားသည်။

(Zawgyi)

“အေမရိကန္နိုင္ငံအေနျဖင့္ ဇီဝေဗဒဆိုင္ရာ စစ္ေရးလႈပ္ရွားမႈမ်ားကို အျပည့္အဝရွင္းလင္းရန္ တ႐ုတ္ေတာင္းဆို”

အေမရိကန္နိုင္ငံအေနျဖင့္ ဇီဝေဗဒဆိုင္ရာ စစ္ေရးလႈပ္ရွားမႈမ်ားႏွင့္ ပတ္သက္၍ မႁခြင္းမခ်န္ရွင္းလင္းေပးေရး ႏွင့္ တာဝန္သိသိ လုပ္ေဆာင္ရန္ တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေက်ာက္လိက်န္းက မတ္ ၁၄ ရက္တြင္ တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း ဆင္ဟြာသတင္းက ေဖာ္ျပသည္။

ေက်ာက္လိက်န္းက အေမရိကန္နိုင္ငံအေနျဖင့္ ဇီဝေဗဒလက္နက္မ်ား သေဘာတူညီခ်က္ စီစစ္အတည္ျပဳျခင္းစနစ္ ထူေထာင္မႈအား ပိတ္ဆို႔ဟန႔္တားသည့္ သီးျခားရပ္တည္ေနျခင္းမွ ရပ္တန႔္သင့္ေၾကာင္း ေန႕စဥ္သတင္းစာရွင္းလင္းပြဲ၌ ေျပာၾကားခဲ့သည္။

ဒါက အေမရိကန္နိုင္ငံရဲ႕နိုင္ငံတကာ တာဝန္ဝတၱရားေတြကို ျပည့္စုံေစဖို႔နဲ႕ ကမၻာလုံးဆိုင္ရာ ဇီဝလုံၿခဳံေရးကို အားေကာင္းလာဖို႔ နိုင္ငံတကာအသိုင္းအဝိုင္းရဲ႕ ယုံၾကည္မႈကို ျပန္လည္ထူေထာင္ေရးအတြက္ ကူညီေပးနိုင္ပါတယ္။ဟု ၎ကဆိုသည္။

လူေသေစနိုင္ေသာ ေရာဂါပိုးမႊားမ်ား ထိန္းသိမ္းထားသည့္ ယူကရိန္းနိုင္ငံရွိ ဇီဝေဗဒဆိုင္ရာ ဓာတ္ခြဲခန္းမ်ားအား အေမရိကန္နိုင္ငံ၏ ပူးေပါင္းပါဝင္မႈ၊ ေငြေၾကးေထာက္ပံ့ျခင္းတို႔ႏွင့္ ပတ္သက္၍ ထုတ္ေဖာ္ၿပီးသားျဖစ္ေသာ သတင္းအခ်က္အလက္မ်ားအား ကိုးကား၍ ယူကရိန္းနိုင္ငံမွာ ဇီဝေဗဒဆိုင္ရာ စစ္ေရးလႈပ္ရွားမႈေတြက နိုင္ငံတကာအသိုင္းအဝိုင္းရဲ႕ ဘုံစိုးရိမ္မႈ ျဖစ္ပါတယ္။ဟု ေက်ာက္လိက်န္းက ဆက္လက္ေျပာၾကားခဲ့သည္။

အေမရိကန္နိုင္ငံသည္ ပြင့္လင္းျမင္သာမႈရွိရန္ အၿမဲတမ္း ေျပာဆိုေနခဲ့ေၾကာင္း ေက်ာက္လိက်န္းက ေျပာၾကားခဲ့ၿပီး တကယ္လို႔ စိုးရိမ္မႈေတြက အမွန္တကယ္ မဟုတ္မမွန္သတင္း ျဖစ္တယ္ဆိုရင္ ဘာေၾကာင့္ သူတို႔ရဲ႕ အျပစ္ကင္းစင္မႈကို သက္ေသျပဖို႔ အေမရိကန္နိုင္ငံက အေသးစိတ္အခ်က္အလက္ကုန္ၾကမ္းေတြကို မထုတ္ျပန္ရတာလဲ။ဟုလည္း ေမးခြန္းထုတ္ခဲ့သည့္အျပင္ အေမရိကန္နိုင္ငံသည္ ဇီဝဓာတ္ခြဲခန္းမ်ားအတြက္ ေဒၚလာ သန္း ၂၀၀ ေငြေၾကးေထာက္ပံ့မႈအား မည္သို႔သုံးစြဲခဲ့ပါသနည္း ၊ ေရာဂါျဖစ္ပြားေစေသာ ပစၥည္းမ်ားအေပၚ စီမံခန႔္ခြဲရာ၌ မည္သို႔ေသာ သုေတသနအမ်ိဳးအစားပါလဲ ၊ နိုင္ငံတကာ ကြၽမ္းက်င္သူမ်ားက လြတ္လပ္သည့္စုံစမ္းစစ္ေဆးမႈမ်ားအတြက္ ဇီဝဓာတ္ခြဲခန္းမ်ားအား ဖြင့္ဟရန္ အဘယ္ေၾကာင့္ ျငင္းဆိုရသနည္းဟု ေမးခြန္းထုတ္ခဲ့ေၾကာင္း သိရသည္။

ထိုေနာက္ ေက်ာက္လိက်န္းက အခုထိေတာ့ အေမရိကန္နိုင္ငံရဲ႕ တုံ႕ျပန္မႈေတြက ေရွ႕ေနာက္မညီဘဲနဲ႕ ရႈပ္ေပြေနပါတယ္။ဟု ေျပာၾကားကာ

ဆယ္စုႏွစ္မ်ားစြာ ၾကာေအာင္ အေမရိကန္နိုင္ငံသည္ အျခားသူမ်ားအား မဆိုင္းမတြလက္ညိုးထိုးခဲ့သလို လိုက္နာမႈမရွိဟူ၍လည္း အျခားသူမ်ားအေပၚ စြပ္စြဲမႈျပဳလုပ္ေၾကာင္း ေက်ာက္က ေျပာၾကားခဲ့ၿပီး ၎တို႔အေနျဖင့္ စိစစ္အတည္ျပဳျခင္းအား လက္ခံသင့္သလို ပိတ္ဆို႔အေရးယူမႈမ်ား ႏွင့္ စစ္ေရးေဆာင္႐ြက္မႈမ်ားကိုပါ က်င့္သုံးသင့္ေၾကာင္း ၎က ဆက္လက္ ေျပာၾကားခဲ့သည္။

အေမရိကန္နိုင္ငံကိုယ္တိုင္ ျဖစ္လာသည့္အခါတြင္ စိစစ္အတည္ျပဳျခင္းအား ျငင္းဆိုၿပီး အိုးနင္းခြက္နင္းႏွင့္ပင္ ၿပီးေျမာက္သြားရန္ ႀကိဳးစားေနေၾကာင္း ျဖည့္စြက္ေျပာၾကားခဲ့သည္ဟု ဆင္ဟြာသတင္းက ေဖာ္ျပထားသည္။