ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ယူကရိန်းသို သေစေလောက်သော လက်နက်များ ထောက်ပံ့ခြင်းအတွက် EU အပေါ် ရှုတ်ချခဲ့ပြီး ယူကရိန်းသို သေစေလောက်သော လက်နက်များ ထောက်ပံ့ရေးတွင် ပါဝင်သည့် အဖွဲအစည်းများနှင့် လူပုဂ္ဂိုလ်များသည် ယင်းလုပ်ရပ်များ၏ အကျိုးဆက်အတွက် တာဝန်ယူရမည်ဟု ဖေဖော်ဝါရီ ၂၈ ရက်တွင် သတိပေးခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။
ဖေဖော်ဝါရီ ၂၇ ရက်က ကျင်းပသည့် ဥရောပသမဂ္ဂ၏ အလွတ်သဘော နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ယူကရိန်းအား သေစေလောက်သောလက်နက်နှင့် ကာကွယ်ရေးပစ္စည်းများ ဝယ်ယူရန်အတွက် စုစုပေါင်း ယူရို သန်း ၅၀၀ ထောက်ပံ့ပေးရန် အတည်ပြုခဲ့သည်။
ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ယူကရိန်းသို ဂျာမနီမှ လက်နက်များ ထောက်ပံ့မှုနှင့် ပတ်သက်၍ ကြေညာချက် ထုတ်ပြန်ရာတွင် ဂျာမန်သည် ယူကရိန်းအရေးနှင့် ပတ်သက်၍ ယခင်က ကျင့်သုံးသည့် ဟန်ချက်ညီသော လမ်းကြောင်းနှင့် ဆန့်ကျင်နေကြောင်း ပြစ်တင်ရှုတ်ချခဲ့သည်။
#mhtnews
(Zawgyi)
“အနောက်နိုင်ငံများက ယူကရိန်းသို့ လက်နက်ထောက်ပံ့ခြင်းအပြင် လူများစေလွှတ်ခဲ့သည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် ယင်းလုပ်ရပ်များ၏ အကျိးဆက်အတွက် တာဝန်ယူရမည်ဟု ရုရှားပြော”
ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ယူကရိန်းသို့ သေစေလောက်သော လက်နက်များ ထောက်ပံ့ခြင်းအတွက် EU အပေါ် ရှုတ်ချခဲ့ပြီး ယူကရိန်းသို့ သေစေလောက်သော လက်နက်များ ထောက်ပံ့ရေးတွင် ပါဝင်သည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် ယင်းလုပ်ရပ်များ၏ အကျိးဆက်အတွက် တာဝန်ယူရမည်ဟု ဖေဖော်ဝါရီ ၂၈ ရက်တွင် သတိပေးခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။
ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ယူကရိန်းသို့ ဂျာမနီမှ လက်နက်များ ထောက်ပံ့မှုနှင့် ပတ်သက်၍ ကြေညာချက် ထုတ်ပြန်ရာတွင် ဂျာမန်သည် ယူကရိန်းအရေးနှင့် ပတ်သက်၍ ယခင်က ကျင့်သုံးသည့် ဟန်ချက်ညီသော လမ်းကြောင်းနှင့် ဆန့်ကျင်နေကြောင်း ပြစ်တင်ရှုတ်ချခဲ့သည်။
#mhtnews
Recent Comments