နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ထိခိုက်ခဲ့သည့် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းများ ပြန်လည်တိုးတက်ကောင်းမွန်စေရေးအတွက် ရည်ရွယ်၍ နိုင်ငံကျော်အနုပညာရှင်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့အား ပြည်တွင်းရှိ အထင်ကရနေရာများသို့ လိုက်လံ ပို့ဆောင်ပေးလျက်ရှိရာ အဆိုပါ အနုပညာရှင်များပါဝင်သည့် အဖွဲ့သည် ယမန်နေ့နံနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် ပြင်ဦးလွင်ဘူတာမှ ဂုတ်ထိပ်တံတားသို့ မြန်မာ့မီးရထား စက်ခေါင်းအမှတ် DF – 2078 ရထားအမှတ် DDUEZ 12370 လူစီးအထက်တန်းနှစ်တွဲ၊ ရိုးရိုးတန်း တစ်တွဲ ၊ ဘရိတ်တွဲတစ်တွဲ ပါဝင်သည့် မီးရထားဖြင့် သွားရောက်လည်ပတ်၍ မှတ်တမ်းဓာတ်ပုံဗီဒီယိုများ ရိုက်ကူးပြီး မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်တွင် ပြန်လည်ထွက်ခွာခဲ့ရာ ဂန့်ဂေါနှင့် ဆင်လမ်းစုကျေးရွာအကြား ဘန့်ဘွေးရွာ၏အနောက်မြောက်ဘက် မီတာ ၂၂၀၀ ခန့်အကွာသို့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ချိန် ရောက်ရှိစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက ရီမုမိုင်း ၁ လုံးဖြင့် အဝေးမှ နှောင့်ယှက်ဖောက်ခွဲ တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်တွင် အနုပညာရှင်များ၊ လုံခြုံရေးလိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် မီးရထားဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာ မရှိကြောင်းနှင့် အထက်တန်း ၂ တွဲမြောက်၏ ကြမ်းခင်း ပွင့်ထွက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

#mhtnews

(Zawgyi)

“အႏုပညာရွင္မ်ား စီးနင္းလိုက္ပါလာသည့္ မီးရထားကို PDF အမည္ခံ အၾကမ္းဖက္သမားမ်ားက မိုင္းခြဲတိုက္ခိုက္ခဲ့ေၾကာင္း နစက သတင္းထုတ္ျပန္”

နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ကိုဗစ္-၁၉ ကာလအတြင္း ထိခိုက္ခဲ့သည့္ ျပည္တြင္း၊ ျပည္ပခရီးသြားလုပ္ငန္းမ်ား ျပန္လည္တိုးတက္ေကာင္းမြန္ေစေရးအတြက္ ရည္႐ြယ္၍ နိုင္ငံေက်ာ္အႏုပညာရွင္မ်ားပါဝင္သည့္ အဖြဲ႕တစ္ဖြဲ႕အား ျပည္တြင္းရွိ အထင္ကရေနရာမ်ားသို႔ လိုက္လံ ပို႔ေဆာင္ေပးလ်က္ရွိရာ အဆိုပါ အႏုပညာရွင္မ်ားပါဝင္သည့္ အဖြဲ႕သည္ ယမန္ေန႕နံနက္ ၈ နာရီ ၅၀ မိနစ္ခန႔္တြင္ ျပင္ဦးလြင္ဘူတာမွ ဂုတ္ထိပ္တံတားသို႔ ျမန္မာ့မီးရထား စက္ေခါင္းအမွတ္ DF – 2078 ရထားအမွတ္ DDUEZ 12370 လူစီးအထက္တန္းႏွစ္တြဲ၊ ရိုးရိုးတန္း တစ္တြဲ ၊ ဘရိတ္တြဲတစ္တြဲ ပါဝင္သည့္ မီးရထားျဖင့္ သြားေရာက္လည္ပတ္၍ မွတ္တမ္းဓာတ္ပုံဗီဒီယိုမ်ား ရိုက္ကူးၿပီး မြန္းလြဲ ၂ နာရီ ၅ မိနစ္ခန႔္တြင္ ျပန္လည္ထြက္ခြာခဲ့ရာ ဂန႔္ေဂါႏွင့္ ဆင္လမ္းစုေက်း႐ြာအၾကား ဘန႔္ေဘြး႐ြာ၏အေနာက္ေျမာက္ဘက္ မီတာ ၂၂၀၀ ခန႔္အကြာသို႔ မြန္းလြဲ ၃ နာရီ ၄၅ မိနစ္ခ်ိန္ ေရာက္ရွိစဥ္ PDF အမည္ခံ အၾကမ္းဖက္သမားမ်ားက ရီမုမိုင္း ၁ လုံးျဖင့္ အေဝးမွ ႏွောင့္ယွက္ေဖာက္ခြဲ တိုက္ခိုက္ခဲ့သည့္ ျဖစ္စဥ္ ျဖစ္ပြားခဲ့ေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္တြင္ အႏုပညာရွင္မ်ား၊ လုံၿခဳံေရးလိုက္ပါလာသည့္ အဖြဲ႕ဝင္မ်ားႏွင့္ မီးရထားဝန္ထမ္းမ်ား ထိခိုက္ဒဏ္ရာရရွိမႈ တစ္စုံတစ္ရာ မရွိေၾကာင္းႏွင့္ အထက္တန္း ၂ တြဲေျမာက္၏ ၾကမ္းခင္း ပြင့္ထြက္ပ်က္စီးခဲ့ေၾကာင္း သိရွိရသည္။

#mhtnews