လူအယောက်များစွာရှိနေတဲ့လူအုပ်တွေထဲက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေကိုရှာဖွေရာမှာ အထူးလေ့ကျင့်သင်ကြားပေးထားတဲ့ခွေးတွေဟာ ၉၁ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းအထိ မှန်ကန်အောင် အနံခံရှာဖွေပေးနိုင်ကြောင်း သုတေသနအသစ်များအရ အထောက်အထားတွေ့ရှိထားပါတယ်လို့ ရိုက်တာသတင်းက ဖော်ပြခဲ့ပါတယ်။

ပဲရစ်မြို့က ရောဂါပိုးစစ်ဆေးရေးစင်တာ ၂ ခုမှာ စမ်းသပ်ခံတဲ့သူ လူပေါင်း ၃၃၅ ယောက်ရဲ့ ချွေးနမူနာတွေကို PCR test စမ်းသပ်ခဲ့ကြရာမှာ ရောဂါလက္ခဏာပေါ်သူ ၇၈ ယောက်နဲ့ လက္ခဏာမပေါ်သူ ၃၁ ယောက်တို့မှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့ပါတယ်။

သူတို့ရဲ့ချွေးနမူနာတွေကို ခွေးတွေနဲ့ အနံ့ခံရာမှာ ရောဂါကူးစက်ထားသူတွေကို ၉၇ ရာခိုင်နှုန်းတိကျတဲ့အထိ ရှာဖွေနိုင်ပြီး လက္ခဏာမပေါ်ဘဲရောဂါကူးစက်ထားသူတွေကို ရှာဖွေရာမှာ ၁၀၀ ရာခိုင်နှုန်းတိကျမှန်ကန်ကြောင်း medRxiv ဝက်ဘ်ဆိုက်မှာ အင်္ဂါနေ့ကဖော်ပြခဲ့ပါတယ်။

ထို့အတူ ရောဂါကူးစက်ခြင်းမရှိဘဲ မိမိဆန္ဒအလျောက်လာရောက်စမ်းသပ်သူတွေကို အနံ့ခံရှာဖွေခိုင်းရာမှာတော့ ၉၁ ရာခိုင်နှုန်းတိကျမှုရှိပြီး လက္ခဏာမပေါ်ဘဲရောဂါပိုးကူးစက်ထားသူတွေကိုတော့ ၉၄ ရာခိုင်နှုန်းတိကျအောင် ရှာဖွေနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ခွေးတွေနဲ့ရှာဖွေစမ်းသပ်ခြင်းက လူ့ခန္ဓာကိုယ်ထဲပစ္စည်းထည့်စရာမလိုတဲ့အပြင် ထွက်ရှိလာတဲ့အဖြေက ယုံကြည်စိတ်ချရပြီးတိကျလျင်မြန်ကြောင်း၊ လေဆိပ် သင်္ဘောဆိပ် မီးရထားဘူတာ ပွဲလမ်းသဘင်နဲ့ အားကစားပွဲတွေက လူအုပ်ကြီးတွေကို ခွေးတွေနဲ့ ရောဂါပိုးအနံ့ခံစစ်ဆေးနိုင်ဖို့ အဓိကအာရုံစိုက်ပြီး ဆက်လက်လေ့လာသွားမှာဖြစ်ကြောင်း သုတေသီများက ပြောကြားထားတယ်လို့ သိရပါတယ်။

#mhtnews

=======================

(Zawgyi)

“အထူးေလ့က်င့္ေပးထားတဲ့ေခြးေတြက ကိုရိုဗိုင္းရပ္စ္ ရွိ၊ မရွိကို ၉၁ ရာခိုင္ႏႈန္းကေန ၁၀၀ ရာခိုင္ႏႈန္းအထိ မွန္ကန္ေအာင္ အနံ႕ခံေပးနိုင္ခဲ့”

လူအေယာက္မ်ားစြာရွိေနတဲ့လူအုပ္ေတြထဲက ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသူေတြကိုရွာေဖြရာမွာ အထူးေလ့က်င့္သင္ၾကားေပးထားတဲ့ေခြးေတြဟာ ၉၁ ရာခိုင္ႏႈန္းကေန ၁၀၀ ရာခိုင္ႏႈန္းအထိ မွန္ကန္ေအာင္ အနံခံရွာေဖြေပးနိုင္ေၾကာင္း သုေတသနအသစ္မ်ားအရ အေထာက္အထားေတြ႕ရွိထားပါတယ္လို႔ ရိုက္တာသတင္းက ေဖာ္ျပခဲ့ပါတယ္။

ပဲရစ္ၿမိဳ႕က ေရာဂါပိုးစစ္ေဆးေရးစင္တာ ၂ ခုမွာ စမ္းသပ္ခံတဲ့သူ လူေပါင္း ၃၃၅ ေယာက္ရဲ႕ ေခြၽးနမူနာေတြကို PCR test စမ္းသပ္ခဲ့ၾကရာမွာ ေရာဂါလကၡဏာေပၚသူ ၇၈ ေယာက္နဲ႕ လကၡဏာမေပၚသူ ၃၁ ေယာက္တို႔မွာ ကိုရိုနာဗိုင္းရပ္စ္ေတြ႕ရွိခဲ့ပါတယ္။

သူတို႔ရဲ႕ေခြၽးနမူနာေတြကို ေခြးေတြနဲ႕ အနံ႕ခံရာမွာ ေရာဂါကူးစက္ထားသူေတြကို ၉၇ ရာခိုင္ႏႈန္းတိက်တဲ့အထိ ရွာေဖြနိုင္ၿပီး လကၡဏာမေပၚဘဲေရာဂါကူးစက္ထားသူေတြကို ရွာေဖြရာမွာ ၁၀၀ ရာခိုင္ႏႈန္းတိက်မွန္ကန္ေၾကာင္း medRxiv ဝက္ဘ္ဆိုက္မွာ အဂၤါေန႕ကေဖာ္ျပခဲ့ပါတယ္။

ထို႔အတူ ေရာဂါကူးစက္ျခင္းမရွိဘဲ မိမိဆႏၵအေလ်ာက္လာေရာက္စမ္းသပ္သူေတြကို အနံ႕ခံရွာေဖြခိုင္းရာမွာေတာ့ ၉၁ ရာခိုင္ႏႈန္းတိက်မႈရွိၿပီး လကၡဏာမေပၚဘဲေရာဂါပိုးကူးစက္ထားသူေတြကိုေတာ့ ၉၄ ရာခိုင္ႏႈန္းတိက်ေအာင္ ရွာေဖြနိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

ေခြးေတြနဲ႕ရွာေဖြစမ္းသပ္ျခင္းက လူ႕ခႏၶာကိုယ္ထဲပစၥည္းထည့္စရာမလိုတဲ့အျပင္ ထြက္ရွိလာတဲ့အေျဖက ယုံၾကည္စိတ္ခ်ရၿပီးတိက်လ်င္ျမန္ေၾကာင္း၊ ေလဆိပ္ သေဘၤာဆိပ္ မီးရထားဘူတာ ပြဲလမ္းသဘင္နဲ႕ အားကစားပြဲေတြက လူအုပ္ႀကီးေတြကို ေခြးေတြနဲ႕ ေရာဂါပိုးအနံ႕ခံစစ္ေဆးနိုင္ဖို႔ အဓိကအာ႐ုံစိုက္ၿပီး ဆက္လက္ေလ့လာသြားမွာျဖစ္ေၾကာင္း သုေတသီမ်ားက ေျပာၾကားထားတယ္လို႔ သိရပါတယ္။

#mhtnews