အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ စတုတ္ထအစည်းအဝေး ပထမနေ့ကို ယမန်နေ့ (မတ်လ ၁၂ ရက်) နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်သြဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်သာသနာရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

အစည်းအဝေး၏ သဘာပတိဆရာတော်အဖြစ် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ က သဘာပတိ အဖြစ်ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးဆရာတော်အဖြစ် တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဓမ္မာစာရ က ဆောင်ရွက်ခဲ့သည်။

ယင်းအစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ခဲ့သော အစီရင်ခံစာအပေါ် ဝေဖန်ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ တွဲဖက်အကျိုး တော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသေဌိလ က ရှင်းလင်းပြန်ကြားပြီး အတည်ပြုချက်ရယူကာ နံနက်ပိုင်းအစည်းအဝေးကို ရပ်နား၍ မွန်းလွဲ ၁ နာရီတွင် အစည်းအဝေးကိုဆက်လက်ကျင်းပသည်။

ယင်းနောက် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အရ အဋ္ဌမအကြိမ် ပထမ(၃)နှစ်သက်တမ်းတွင် အနားယူသွားကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၏ အမည်စာရင်းကို တင်သွင်းလျှောက်ထားသည်။

ဆက်လက်၍ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူခြင်းဆိုင်ရာလုပ်ငန်းစီမံချက်အရ အနားယူသောနေရာများ၌ အခြေခံစည်းမျဉ်းသစ်အရ အစားထိုးရွေးချယ်ခံရသည့် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကဆရာတော်များ၏ အမည်စာရင်းကို အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ က တင်သွင်းလျှောက် ထားပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ က အတည်ပြုချက်ရယူသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဒုတိယဥက္ကဋ္ဌဆရာတော်များနှင့် တွဲဖက်အကျိုးတော်ဆောင်ဆရာတော်များ၏ အမည်စာရင်းကို ဥက္ကဋ္ဌဆရာတော်ကြီးက ဖတ်ကြားတင်သွင်းလျှောက်ထား၍ သံဃဆန္ဒရယူကာ အတည်ပြုချက်ရယူပြီး အဋ္ဌမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ စတုတ္ထအစည်းအဝေး ပထမနေ့ အစည်းအဝေးအစီအစဉ် ရပ်နားခဲ့ကြောင်း သိရသည်။

(Zawgyi)

“အ႒မအႀကိမ္ နိုင္ငံေတာ္ဗဟိုသံဃာ့ဝန္ေဆာင္အဖြဲ႕ စတုတၳအစည္းအေဝး ပထမေန႕က်င္းပ”

အ႒မအႀကိမ္ နိုင္ငံေတာ္ဗဟိုသံဃာ့ဝန္ေဆာင္အဖြဲ႕ စတုတၳအစည္းအေဝး ပထမေန႕ကို ယမန္ေန႕ (မတ္လ ၁၂ ရက္) နံနက္ ၈ နာရီတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္၊ သီရိမဂၤလာကမၻာေအးကုန္းေျမ၊ ဆ႒သဂၤါယနာ မဟာပါသာဏလိုဏ္ဂူသိမ္ေတာ္ႀကီး၌ က်င္းပသည္။

အစည္းအေဝးသို႔ နိုင္ငံေတာ္ၾသဝါဒါစရိယဆရာေတာ္ႀကီးမ်ား၊ နိုင္ငံေတာ္ သံဃမဟာနာယက ဆရာေတာ္ႀကီးမ်ား၊ နိုင္ငံေတာ္ဗဟိုသံဃာ့ဝန္ေဆာင္ ဆရာေတာ္ႀကီးမ်ား၊ သာသနာေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္သာသနာေရးမႉးမ်ားႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကည္ညိုၾကသည္။

အစည္းအေဝး၏ သဘာပတိဆရာေတာ္အျဖစ္ နိုင္ငံေတာ္ဗဟိုသံဃာ့ ဝန္ေဆာင္အဖြဲ႕ ဒုတိယဥကၠ႒ အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၱသုမဂၤလာဘိဝံသ က သဘာပတိ အျဖစ္ေဆာင္႐ြက္ေတာ္မူၿပီး အခမ္းအနားမႉးဆရာေတာ္အျဖစ္ တြဲဖက္အက်ိဳးေတာ္ေဆာင္ ဆရာေတာ္ အဂၢမဟာ ဂႏၳဝါစကပ႑ိတ ဘဒၵႏၱဓမၼာစာရ က ေဆာင္႐ြက္ခဲ့သည္။

ယင္းအစည္းအေဝးတြင္ နိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕၏ တာဝန္က်ရာကာလအတြင္း ေဆာင္႐ြက္ခဲ့ေသာ အစီရင္ခံစာအေပၚ ေဝဖန္ေဆြးႏြေးခ်က္မ်ားႏွင့္စပ္လ်ဥ္း၍ တြဲဖက္အက်ိဳး ေတာ္ေဆာင္ ဆရာေတာ္ အဂၢမဟာပ႑ိတ၊ အဂၢမဟာသဒၶမၼေဇာတိကဓဇ ဘဒၵႏၱေသဌိလ က ရွင္းလင္းျပန္ၾကားၿပီး အတည္ျပဳခ်က္ရယူကာ နံနက္ပိုင္းအစည္းအေဝးကို ရပ္နား၍ မြန္းလြဲ ၁ နာရီတြင္ အစည္းအေဝးကိုဆက္လက္က်င္းပသည္။

ယင္းေနာက္ သံဃာ့အဖြဲ႕အစည္းအဆင့္ဆင့္ အနားယူျခင္းဆိုင္ရာ လုပ္ငန္းစီမံခ်က္အရ အ႒မအႀကိမ္ ပထမ(၃)ႏွစ္သက္တမ္းတြင္ အနားယူသြားၾကေသာ နိုင္ငံေတာ္သံဃမဟာနာယက ဆရာေတာ္ႀကီးမ်ား၏ အမည္စာရင္းကို တင္သြင္းေလွ်ာက္ထားသည္။

ဆက္လက္၍ သံဃာ့အဖြဲ႕အစည္းအဆင့္ဆင့္ အနားယူျခင္းဆိုင္ရာလုပ္ငန္းစီမံခ်က္အရ အနားယူေသာေနရာမ်ား၌ အေျခခံစည္းမ်ဥ္းသစ္အရ အစားထိုးေ႐ြးခ်ယ္ခံရသည့္ အ႒မအႀကိမ္ နိုင္ငံေတာ္သံဃမဟာနာယကဆရာေတာ္မ်ား၏ အမည္စာရင္းကို အက်ိဳးေတာ္ေဆာင္ဆရာေတာ္ အဂၢမဟာပ႑ိတ၊ အဂၢမဟာသဒၶမၼေဇာတိကဓဇ ဘဒၵႏၱစႏၵိမာဘိဝံသ က တင္သြင္းေလွ်ာက္ ထားၿပီး နိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ဥကၠ႒ဆရာေတာ္ အဘိဓဇမဟာရ႒ဂု႐ု၊ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက ေဒါက္တာဘဒၵႏၱကုမာရာဘိဝံသ က အတည္ျပဳခ်က္ရယူသည္။

ယင္းေနာက္ နိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕၏ ဒုတိယဥကၠ႒ဆရာေတာ္မ်ားႏွင့္ တြဲဖက္အက်ိဳးေတာ္ေဆာင္ဆရာေတာ္မ်ား၏ အမည္စာရင္းကို ဥကၠ႒ဆရာေတာ္ႀကီးက ဖတ္ၾကားတင္သြင္းေလွ်ာက္ထား၍ သံဃဆႏၵရယူကာ အတည္ျပဳခ်က္ရယူၿပီး အ႒မအႀကိမ္ နိုင္ငံေတာ္ ဗဟိုသံဃာ့ဝန္ေဆာင္အဖြဲ႕ စတုတၳအစည္းအေဝး ပထမေန႕ အစည္းအေဝးအစီအစဥ္ ရပ္နားခဲ့ေၾကာင္း သိရသည္။