အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်း ဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ အရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရ နိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေး သတင်းထုတ်ပြန်ထားသည်။
ထိုကဲ့သို့ အသိပေး သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ နေသူများဖြစ်သည့် ရဲမင်းသောင်းနှင့် ဇာနည်ထွေးတို့သည် ၎င်းတို့အသုံးပြုသည့် “ရဲမင်းသောင်း”၊ “ဇာနည်ထွေး” Facebook အကောင့်တို့နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နေ မြင့်သိန်းလွင် သည် ၎င်းအသုံးပြုသည့် “Myint Thein Lwin” Facebook အကောင့်တို့သည် အသိပေးသတင်း ထုတ်ပြန်ချက်အပေါ်မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက် ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေး သတင်းထုတ်ပြန်ထားသည်။
(Zawgyi)
“အၾကမ္းဖက္အုပ္စုအျဖစ္ ေၾကညာထားေသာ CRPH၊ NUG ႏွင့္ ယင္းတို႔၏ လက္ေဝခံမ်ား၏ လႈံ႕ေဆာ္၊ ဝါဒျဖန႔္ျခင္းမ်ားအား လိုက္ပါလုပ္ေဆာင္ျခင္း၊ အားေပးကူညီျခင္းမ်ား ျပဳလုပ္ခဲ့သူမ်ားအား ေဖာ္ထုတ္အေရးယူ”
အၾကမ္းဖက္အုပ္စုအျဖစ္ ေၾကညာထားေသာ CRPH၊ NUG ႏွင့္ ယင္းတို႔၏ လက္ေအာက္ခံ အဖြဲ႕အစည္းမ်ား၊ ယင္းတို႔ႏွင့္ဆက္ႏြယ္ေနေသာ အဖြဲ႕အစည္းမ်ား၊ လူပုဂၢိုလ္မ်ားသည္ နိုင္ငံေတာ္ တည္ၿငိမ္ေအးခ်မ္းေရးကို ပ်က္ျပားေစရန္ႏွင့္ ျပည္သူလူထုကို အေၾကာက္တရားမ်ား ျဖစ္ေပၚေစၿပီး အစိုးရယႏၱရားမ်ား ပ်က္ျပားေစရန္ ရည္႐ြယ္လ်က္ လႈံ႕ေဆာ္ျခင္း၊ ဝါဒျဖန႔္ျခင္း၊ ၿခိမ္းေျခာက္ျခင္းမ်ားကို လူမႈကြန္ရက္မ်ားမွတစ္ဆင့္ နည္းမ်ိဳးစုံျဖင့္ ျပဳလုပ္လ်က္ရွိပါသည္။
ျပည္သူမ်ားအေနျဖင့္ ယင္းတို႔၏ လႈံ႕ေဆာ္မႈ၊ ဝါဒျဖန႔္မႈမ်ားအေပၚ မသိနားမလည္၍ျဖစ္ေစ၊ ေၾကာက္႐ြံ႕၍ျဖစ္ေစ လိုက္ပါလုပ္ေဆာင္ျခင္း၊ အသံျဖင့္ျဖစ္ေစ၊ ျပဳလုပ္မႈျဖင့္ျဖစ္ေစ၊ တစ္နည္းနည္း ျဖင့္ျဖစ္ေစ အမ်ားျပည္သူအႏွောင့္အယွက္ျဖစ္ေစမည့္ ျပဳလုပ္မႈမ်ား ျပဳလုပ္ျခင္း၊ လႈံ႕ေဆာ္ဝါဒျဖန႔္မႈမ်ားကို ထပ္ဆင့္မွ်ေဝျခင္း၊ အားေပးကူညီျခင္းမ်ား ျပဳလုပ္ခဲ့လွ်င္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၂(က)၊ ရာဇသတ္ႀကီးပုဒ္မ ၁၂၄-က ႏွင့္ ပုဒ္မ ၅၀၅-က၊ အီလက္ထေရာနစ္ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၃၃(က)ႏွင့္ တည္ဆဲဥပေဒမ်ားအရ အေရးယူခံရမည့္အျပင္ ျပစ္မႈႏွင့္ သက္ဆိုင္သည့္ ေ႐ႊ႕ေျပာင္းနိုင္ေသာပစၥည္း၊ မေ႐ႊ႕ေျပာင္းနိုင္ေသာ ပစၥည္းမ်ားကို အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒ အရ သိမ္းဆည္းခံရနိုင္ၿပီး ျပစ္မႈထင္ရွားစီရင္ျခင္းခံရပါက နိုင္ငံေတာ္ဘ႑ာအျဖစ္ သိမ္းဆည္းခံရ နိုင္ေၾကာင္း ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ ၂၅ ရက္ေန႕တြင္ နိုင္ငံပိုင္မီဒီယာမ်ားမွတစ္ဆင့္ အသိေပး သတင္းထုတ္ျပန္ထားသည္။
ထိုကဲ့သို႔ အသိေပး သတင္းထုတ္ျပန္ခဲ့ၿပီးျဖစ္ေသာ္လည္း မႏၱေလးတိုင္းေဒသႀကီး၊ ေညာင္ဦးၿမိဳ႕ ေနသူမ်ားျဖစ္သည့္ ရဲမင္းေသာင္းႏွင့္ ဇာနည္ေထြးတို႔သည္ ၎တို႔အသုံးျပဳသည့္ ရဲမင္းေသာင္း၊ ဇာနည္ေထြး Facebook အေကာင့္တို႔ႏွင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မိုးမိတ္ၿမိဳ႕ေန ျမင့္သိန္းလြင္ သည္ ၎အသုံးျပဳသည့္ Myint Thein Lwin Facebook အေကာင့္တို႔သည္ အသိေပးသတင္း ထုတ္ျပန္ခ်က္အေပၚမ်က္ကြယ္ျပဳ၍ နိုင္ငံေတာ္တည္ၿငိမ္ ေအးခ်မ္းေရးကို ပ်က္ျပားေစရန္ရည္႐ြယ္လ်က္ လႈံ႕ေဆာ္ျခင္း၊ ဝါဒျဖန႔္ျခင္းမ်ား ျပဳမူလုပ္ေဆာင္ခဲ့သည့္အတြက္ တရားဥပေဒႏွင့္အညီ ဖမ္းဆီး ထိန္းသိမ္းအမႈဖြင့္လွစ္ အေရးယူျခင္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ထိုကဲ့သို႔ CRPH၊ NUG ႏွင့္ ယင္းတို႔၏ လက္ေအာက္ခံအဖြဲ႕အစည္းမ်ား၊ ယင္းတို႔ႏွင့္ ဆက္ႏြယ္ေနေသာ အဖြဲ႕အစည္းမ်ား၊ လူပုဂၢိုလ္မ်ားသည္ နိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးကို ပ်က္ျပားေစရန္ႏွင့္ အစိုးရယႏၱရားမ်ား ပ်က္ျပားေစရန္ ရည္႐ြယ္လ်က္ လႈံ႕ေဆာ္ျခင္း၊ ဝါဒျဖန႔္ျခင္းမ်ား ျပဳလုပ္ခဲ့မႈအေပၚ အားေပးကူညီျခင္း ျပဳလုပ္ခဲ့သူမ်ားအား ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူသြားမည္ျဖစ္ေၾကာင္းႏွင့္ ထိုသို႔လႈံ႕ေဆာ္သူ၊ ဝါဒျဖန႔္သူမ်ားအား ဆက္လက္ ေဖာ္ထုတ္ အေရးယူသြားမည္ျဖစ္ေၾကာင္း မိဘျပည္သူမ်ား သိရွိနိုင္ေရး အသိေပး သတင္းထုတ္ျပန္ထားသည္။
Recent Comments