အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ သည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်း နိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင် မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သော်လည်း ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ တောင်ချောင်းကျေးရွာနေ မေသဉ္စာနွယ်သည် ၎င်းအသုံးပြုသည့် “Pan K Hannar” Facebook အကောင့်နှင့် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကုန်းကလေး ကျေးရွာနေ ကုဋေပိုင်အေ ၂၂ နှစ် (ဘ)ဦးမြအေးသည် ၎င်းအသုံးပြုသည့် “Ku Tay Paing Aye” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင် ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
(Zawgyi)
“အၾကမ္းဖက္အုပ္စုအျဖစ္ေၾကျငာထားေသာ CRPH ၊ NUG ႏွင့္ ယင္းတို႔၏ လက္ေဝခံမ်ား၏ လႈံ႕ေဆာ္၊ ဝါဒျဖန႔္ျခင္းမ်ားအား လိုက္ပါလုပ္ေဆာင္ျခင္း၊ အားေပးကူညီျခင္းမ်ား ျပဳလုပ္ခဲ့သူ မ်ားအားေဖာ္ထုတ္အေရးယူ”
အၾကမ္းဖက္အုပ္စုအျဖစ္ေၾကျငာထားေသာ CRPH ၊ NUG ႏွင့္ ယင္းတို႔၏ လက္ေအာက္ခံအဖြဲ႕ အစည္းမ်ား၊ ယင္းတို႔ႏွင့္ဆက္ႏြယ္ေနေသာ အဖြဲ႕အစည္းမ်ား၊ လူပုဂၢိုလ္မ်ား သည္ နိုင္ငံေတာ္ တည္ၿငိမ္ေအးခ်မ္းေရးကို ပ်က္ျပားေစရန္ႏွင့္ ျပည္သူလူထုကို အေၾကာက္တရားမ်ား ျဖစ္ေပၚေစၿပီး အစိုးရယႏၱရားမ်ား ပ်က္ျပားေစရန္ ရည္႐ြယ္လ်က္ လႈံ႕ေဆာ္ျခင္း၊ ဝါဒျဖန႔္ျခင္း၊ ၿခိမ္းေျခာက္ျခင္းမ်ား ကို လူမႈကြန္ရက္မ်ားမွတစ္ဆင့္ နည္းမ်ိဳးစုံျဖင့္ ျပဳလုပ္လ်က္ရွိပါသည္။
ျပည္သူမ်ားအေနျဖင့္ ယင္းတို႔၏ လႈံ႕ေဆာ္မႈ၊ ဝါဒျဖန႔္မႈမ်ားအေပၚ မသိနားမလည္၍ ျဖစ္ေစ၊ ေၾကာက္႐ြံ႕၍ျဖစ္ေစ လိုက္ပါလုပ္ေဆာင္ျခင္း၊ အသံျဖင့္ျဖစ္ေစ၊ ျပဳလုပ္မႈျဖင့္ျဖစ္ေစ၊ တစ္နည္းနည္းျဖင့္ျဖစ္ေစ အမ်ားျပည္သူအႏွောင့္အယွက္ျဖစ္ေစမည့္ ျပဳလုပ္မႈမ်ား ျပဳလုပ္ျခင္း၊ လႈံ႕ေဆာ္ဝါဒျဖန႔္မႈမ်ားကို ထပ္ဆင့္မွ်ေဝျခင္း၊ အားေပးကူညီျခင္းမ်ား ျပဳလုပ္ခဲ့လွ်င္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၂(က)၊ ရာဇသတ္ႀကီးပုဒ္မ ၁၂၄-က ႏွင့္ ပုဒ္မ ၅၀၅-က၊ အီလက္ထေရာနစ္ ဆက္သြယ္ေရးဥပေဒပုဒ္မ ၃၃(က)ႏွင့္ တည္ဆဲဥပေဒမ်ားအရ အေရးယူခံရမည့္အျပင္ ျပစ္မႈႏွင့္ သက္ဆိုင္သည့္ ေ႐ႊ႕ေျပာင္းနိုင္ေသာပစၥည္း၊ မေ႐ႊ႕ေျပာင္း နိုင္ေသာပစၥည္းမ်ားကို အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒအရ သိမ္းဆည္းခံရနိုင္ၿပီး ျပစ္မႈထင္ရွားစီရင္ျခင္းခံရပါက နိုင္ငံေတာ္ဘ႑ာ အျဖစ္ သိမ္းဆည္းခံရနိုင္ေၾကာင္း ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ ၂၅ ရက္ေန႕တြင္ နိုင္ငံပိုင္ မီဒီယာမ်ားမွ တစ္ဆင့္ အသိေပးသတင္းထုတ္ျပန္ခဲ့ၿပီး ျဖစ္ပါသည္။
ထိုကဲ့သို႔ အသိေပးသတင္းထုတ္ျပန္ခဲ့ၿပီး ျဖစ္ေသာ္လည္း ဧရာဝတီတိုင္းေဒသႀကီး၊ ငပုေတာၿမိဳ႕နယ္၊ ေတာင္ေခ်ာင္းေက်း႐ြာေန ေမသၪၥာႏြယ္သည္ ၎အသုံးျပဳသည့္ Pan K Hannar Facebook အေကာင့္ႏွင့္ ေရၾကည္ၿမိဳ႕နယ္၊ ငါးသိုင္းေခ်ာင္းၿမိဳ႕၊ ကုန္းကေလး ေက်း႐ြာေန ကုေဋပိုင္ေအ ၂၂ ႏွစ္ (ဘ)ဦးျမေအးသည္ ၎အသုံးျပဳသည့္ Ku Tay Paing Aye Facebook အေကာင့္တို႔သည္ အသိေပးသတင္းထုတ္ျပန္ခ်က္အေပၚ မ်က္ကြယ္ျပဳ၍ နိုင္ငံေတာ္ တည္ၿငိမ္ ေအးခ်မ္းေရးကို ပ်က္ျပားေစရန္ရည္႐ြယ္လ်က္ လႈံ႕ေဆာ္ျခင္း၊ ဝါဒျဖန႔္ျခင္းမ်ား ျပဳမူလုပ္ေဆာင္ ခဲ့သည့္အတြက္ တရားဥပေဒႏွင့္အညီ ဖမ္းဆီးထိန္းသိမ္းအမႈဖြင့္လွစ္ အေရးယူျခင္းမ်ား ေဆာင္႐ြက္ခဲ့ရေၾကာင္း သိရသည္။
Recent Comments