အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်း ဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ အရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရ နိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေး သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် နေ ဒေါက်တာ ကိုသုဇင်သည် ၎င်းအသုံးပြုသည့် “Ko Thu Zin” Facebook အကောင့်၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်၊ မင်းရာဇာလမ်း၊ “ချမ်းသာ” အဆောင်နေ ဇော်မင်းထိုက်(ခ)ကုလား(၃၆)နှစ်သည် ၎င်းအသုံးပြုသည့် “ကိုကို” Facebook အကောင့် နှင့် ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ကြည်သာအရှေ့ကျေးရွာနေ ကြည်ဇင်စိုး(၁၇)နှစ်သည် ၎င်းအသုံးပြု သည့် “Kyizin soe” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန် ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း များပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေး ယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူ သွားမည်ဖြစ်ကြောင်း န.စ.က သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

#mhtnews

=====================

(Zawgyi)

“အၾကမ္းဖက္အုပ္စုမ်ားျဖစ္သည့္ CRPH၊ NUG ႏွင့္ ယင္းတို႔၏ လက္ေဝခံမ်ား၏ လႈံ႕ေဆာ္၊ ဝါဒျဖန႔္ျခင္းမ်ားအား လိုက္ပါလုပ္ေဆာင္ျခင္း၊ အားေပးကူညီျခင္းမ်ား ျပဳလုပ္ခဲ့သူမ်ားအား ဆက္လက္ေဖာ္ထုတ္အေရးယူ”

အၾကမ္းဖက္အုပ္စုမ်ားျဖစ္သည့္ CRPH၊ NUG ႏွင့္ ယင္းတို႔၏ လက္ေအာက္ခံ အဖြဲ႕အစည္းမ်ား၊ ယင္းတို႔ႏွင့္ဆက္ႏြယ္ေနေသာ အဖြဲ႕အစည္းမ်ား၊ လူပုဂၢိုလ္မ်ားသည္ နိုင္ငံေတာ္ တည္ၿငိမ္ေအးခ်မ္းေရးကို ပ်က္ျပားေစရန္ႏွင့္ ျပည္သူလူထုကို အေၾကာက္တရားမ်ား ျဖစ္ေပၚေစၿပီး အစိုးရယႏၱရားမ်ား ပ်က္ျပားေစရန္ ရည္႐ြယ္လ်က္ လႈံ႕ေဆာ္ျခင္း၊ ဝါဒျဖန႔္ျခင္း၊ ၿခိမ္းေျခာက္ျခင္းမ်ား ကို လူမႈကြန္ရက္မ်ားမွတစ္ဆင့္ နည္းမ်ိဳးစုံျဖင့္ ျပဳလုပ္လ်က္ရွိသည္။

ျပည္သူမ်ားအေနျဖင့္ ယင္းတို႔၏ လႈံ႕ေဆာ္မႈ၊ ဝါဒျဖန႔္မႈမ်ားအေပၚ မသိနားမလည္၍ျဖစ္ေစ၊ ေၾကာက္႐ြံ႕၍ျဖစ္ေစ လိုက္ပါလုပ္ေဆာင္ျခင္း၊ အသံျဖင့္ျဖစ္ေစ၊ ျပဳလုပ္မႈျဖင့္ျဖစ္ေစ၊ တစ္နည္းနည္း ျဖင့္ျဖစ္ေစ အမ်ားျပည္သူအႏွောင့္အယွက္ျဖစ္ေစမည့္ ျပဳလုပ္မႈမ်ား ျပဳလုပ္ျခင္း၊ လႈံ႕ေဆာ္ဝါဒျဖန႔္မႈ မ်ားကို ထပ္ဆင့္မွ်ေဝျခင္း၊ အားေပးကူညီျခင္းမ်ား ျပဳလုပ္ခဲ့လွ်င္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၂(က)၊ ရာဇသတ္ႀကီးပုဒ္မ ၁၂၄-က ႏွင့္ ပုဒ္မ ၅၀၅-က၊ အီလက္ထေရာနစ္ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၃၃(က)ႏွင့္ တည္ဆဲဥပေဒမ်ားအရ အေရးယူခံရမည့္အျပင္ ျပစ္မႈႏွင့္ သက္ဆိုင္သည့္ ေ႐ႊ႕ေျပာင္းနိုင္ေသာပစၥည္း၊ မေ႐ႊ႕ေျပာင္းနိုင္ေသာပစၥည္းမ်ားကို အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒ အရ သိမ္းဆည္းခံရနိုင္ၿပီး ျပစ္မႈထင္ရွားစီရင္ျခင္းခံရပါက နိုင္ငံေတာ္ဘ႑ာအျဖစ္ သိမ္းဆည္းခံရ နိုင္ေၾကာင္း ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ ၂၅ ရက္ေန႕တြင္ နိုင္ငံပိုင္မီဒီယာမ်ားမွတစ္ဆင့္ အသိေပး သတင္းထုတ္ျပန္ခဲ့ၿပီးျဖစ္ပါသည္။

ထိုကဲ့သို႔ အသိေပးသတင္းထုတ္ျပန္ခဲ့ၿပီးျဖစ္ေသာ္လည္း မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕နယ္ ေန ေဒါက္တာ ကိုသုဇင္သည္ ၎အသုံးျပဳသည့္ Ko Thu Zin Facebook အေကာင့္၊ ရန္ကုန္တိုင္း ေဒသႀကီး၊ လွိုင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၂၀)ရပ္ကြက္၊ မင္းရာဇာလမ္း၊ ခ်မ္းသာ အေဆာင္ေန ေဇာ္မင္းထိုက္(ခ)ကုလား(၃၆)ႏွစ္သည္ ၎အသုံးျပဳသည့္ ကိုကို Facebook အေကာင့္ ႏွင့္ ဧရာ၀တီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕နယ္၊ ၾကည္သာအေရွ႕ေက်း႐ြာေန ၾကည္ဇင္စိုး(၁၇)ႏွစ္သည္ ၎အသုံးျပဳ သည့္ Kyizin soe Facebook အေကာင့္တို႔သည္ အသိေပးသတင္းထုတ္ျပန္ ခ်က္အေပၚ မ်က္ကြယ္ျပဳ၍ နိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးကို ပ်က္ျပားေစရန္ရည္႐ြယ္လ်က္ လႈံ႕ေဆာ္ျခင္း၊ ဝါဒျဖန႔္ျခင္းမ်ားျပဳမူလုပ္ေဆာင္ခဲ့သည့္အတြက္ တရားဥပေဒႏွင့္အညီ ဖမ္းဆီး ထိန္းသိမ္းအမႈဖြင့္လွစ္ အေရးယူျခင္းမ်ား ေဆာင္႐ြက္ခဲ့ရေၾကာင္း သိရသည္။

ထိုကဲ့သို႔ CRPH၊ NUG ႏွင့္ ယင္းတို႔၏ လက္ေအာက္ခံအဖြဲ႕အစည္းမ်ား၊ ယင္းတို႔ႏွင့္ ဆက္ႏြယ္ေနေသာ အဖြဲ႕အစည္းမ်ား၊ လူပုဂၢိုလ္မ်ားသည္ နိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးကို ပ်က္ျပားေစရန္ႏွင့္ အစိုးရယႏၱရားမ်ား ပ်က္ျပားေစရန္ ရည္႐ြယ္လ်က္ လႈံ႕ေဆာ္ျခင္း၊ ဝါဒျဖန႔္ျခင္း မ်ားျပဳလုပ္ခဲ့မႈအေပၚ အားေပးကူညီျခင္း ျပဳလုပ္ခဲ့သူမ်ားအား ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရး ယူသြားမည္ျဖစ္ေၾကာင္းႏွင့္ ထိုသို႔လႈံ႕ေဆာ္သူ၊ ဝါဒျဖန႔္သူမ်ားအား ဆက္လက္ေဖာ္ထုတ္ အေရးယူ သြားမည္ျဖစ္ေၾကာင္း န.စ.က သတင္းထုတ္ျပန္ေရးအဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

#mhtnews