အကြမ်းဖက်အဖွဲအစည်းအတွင်း ရောက်ရှိနေသည့် NLD ပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဟောင်း ဒေါ်နွယ်နွယ်ဝင်း၏ နေအိမ်တိုက်ခန်းကို မတ် ၁၂ ရက်တွင် တာဝန်ရှိသူများက ချိတ်ပိတ်သိမ်းဆည်းလိုက်ကြောင်း သိရသည်။

၎င်း၏ နေအိမ်တိုက်ခန်းမှာ အလုံမြိုနယ်၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ နွယ်သာကီလမ်း၊ တိုက်အမှတ်-၂၈၊ တတိယလွှာ၌ရှိကာ အဆိုပါ ဒေါ်နွယ်နွယ်ဝင်းဆိုသူမှာ နိုင်ငံရေးဖြစ်စဥ်ပြောင်းလဲမှုအတွင်း ပြဿနာများကို ဥပဒေအရ ရင်ဆိုင်ဖြေရှင်းခြင်းမပြုဘဲ အကြမ်းဖက်အဖွဲအစည်းများထံသို ဝင်ရောက်ခိုလုံ၍ အကြမ်းဖက်သက်တန်းများတက်ရောက်ခြင်း၊ အကြမ်းဖက်လှုဆော်မှုများကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဖြန့်ဝေခြင်းများ ဆောင်ရွက်လျှက်ရှိသဖြင့် နေအိမ်အား အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ ချိတ်ပိတ်သိမ်းဆည်းခြင်းဖြစ်ကြောင်း လုံခြုံရေးအရာရှိတစ်ဦး၏ ပြောပြချက်အရ သိရသည်။
#mhtnews

(Zawgyi)
“အကြမ်းဖက်အဖွဲ့အစည်းအတွင်း ရောက်ရှိနေသည့် NLD ပါတီ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်နွယ်နွယ်ဝင်း၏ နေအိမ်တိုက်ခန်းကို ချိတ်ပိတ်သိမ်းဆည်း”

အကြမ်းဖက်အဖွဲ့အစည်းအတွင်း ရောက်ရှိနေသည့် NLD ပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဟောင်း ဒေါ်နွယ်နွယ်ဝင်း၏ နေအိမ်တိုက်ခန်းကို မတ် ၁၂ ရက်တွင် တာဝန်ရှိသူများက ချိတ်ပိတ်သိမ်းဆည်းလိုက်ကြောင်း သိရသည်။

၎င်း၏ နေအိမ်တိုက်ခန်းမှာ အလုံမြို့နယ်၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ နွယ်သာကီလမ်း၊ တိုက်အမှတ်-၂၈၊ တတိယလွှာ၌ရှိကာ အဆိုပါ ဒေါ်နွယ်နွယ်ဝင်းဆိုသူမှာ နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုအတွင်း ပြဿနာများကို ဥပဒေအရ ရင်ဆိုင်ဖြေရှင်းခြင်းမပြုဘဲ အကြမ်းဖက်အဖွဲ့အစည်းများထံသို့ ဝင်ရောက်ခိုလုံ၍ အကြမ်းဖက်သက်တန်းများတက်ရောက်ခြင်း၊ အကြမ်းဖက်လှုံ့ဆော်မှုများကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဖြန့်ဝေခြင်းများ ဆောင်ရွက်လျှက်ရှိသဖြင့် နေအိမ်အား အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ ချိတ်ပိတ်သိမ်းဆည်းခြင်းဖြစ်ကြောင်း လုံခြုံရေးအရာရှိတစ်ဦး၏ ပြောပြချက်အရ သိရသည်။
#mhtnews