ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝဇီရာ(၈)လမ်းနေ ဇော်လင်းထွန်း(ခ)ဇွဲကို(ခ)ဒီမွန်(ဘ)ဦးကျော်လွင်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ် ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ နွယ်နီ(၃)လမ်းနေ အထက်တန်းပြဆရာမတစ်ဦးနှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးအား လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်ခြင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၁)တိုးချဲ့ရပ်ကွက်ရှိ လုံခြုံရေးရဲကင်းစခန်းနှင့် အမှတ်(၃၇)ရပ်ကွက်၊ တပင်ရွှေထီးလမ်းရှိ EPC ရုံးတို့အား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာတွင်ပါဝင်ခြင်းတို့ကြောင့် စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၀(ဈ) အရ ၂၀၂၂ ခုနှစ်၊ မတ် ၂၂ ရက်တွင် ၎င်းအား “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ် အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
အလားတူ ၂၀၂၁ ခုနှစ်၊ မတ် ၁၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ စိန်ဟိုင်းကျေးရွာနေ နွယ်ထွန်း(ခ)လွယ်ထွန်း(ခ)ဥူးဝိမလ(ဘ) ဦးမြင့်ဦးသည် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ အောင်ရတနာ လမ်းနေ အပြစ်မဲ့ပြည်သူ ၂ ဦးအား သတင်းပေး၊ ဒလန်ဟုစွပ်စွဲ၍ မီးရှို့၊ ရိုက်နှက် သတ်ဖြတ်ခြင်းကြောင့် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးဉပဒေပုဒ်မ ၃၀၂(၂)/ ၁၁၄ အရ ၂၀၂၂ ခုနှစ်၊ မတ် ၂၂ ရက်တွင် ၎င်းအား “အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၂၀)နှစ်” အမိန့်ချမှတ်လိုက် ကြောင်း သိရှိရသည်။
ထို့အပြင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နေ ဖြိုးကျော်ဇင် (ခ)ကိုဖြိုး(ဘ) ဦးအောင်ကျော်စိုး၊ ကောင်းမြတ်(ခ)စောကောင်းမြတ်(ခ)ဖြိုးမောင်မောင် (ဘ)ဦးရဲမြင့်ထွန်း၊ ကိုကို(ဘ)ဦးတင်မောင်နှင့် ဝင်းကို(ဘ) ဦးဝင်းကျော်တို့ ၄ ဦးသည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ တေးဥယျာဉ်(၃)လမ်း၊ ပါရမီ ဆေးခန်းရှိ သူနာပြုဆရာမကြီးတစ်ဦးအား သေနတ်ဖြင့် ဝိုင်းဝန်းလုပ်ကြံ သတ်ဖြတ် ခဲ့ခြင်းကြောင့် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ ရာဇသတ်ကြီးဉပဒေပုဒ်မ ၃၀၂(၁) (ခ)/ ၃၄ အရ ၂၀၂၂ ခုနှစ်၊ မတ် ၂၂ ရက်တွင် ၎င်းတို့အား “သေဒဏ်” အမိန့် ချမှတ်လိုက်ကြောင်း သိရှိရသည်။
အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများ အား၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၈၇၊ ၈၈ အရဖမ်းဝရမ်းထုတ် ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရှိရသည်။
စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ် ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်းပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကိုဖောက်ဖျက်ကျူးလွန်ပါကစစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက် ကာထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#mhtnews
+++++++++++++++++++++++++++++
(Zawgyi)
“အၾကမ္းဖက္အဖြဲ႕အစည္းမ်ားႏွင့္ဆက္သြယ္ေဆာင္႐ြက္ေထာက္ပံ့ေနသူမ်ားႏွင့္အၾကမ္းဖက္လုပ္ရပ္မ်ားကိုက်ဴးလြန္သူမ်ားအားျပစ္ဒဏ္အသီးသီးခ်မွတ္”
ရန္ကုန္တိုင္းေဒသႀကီး၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ဝဇီရာ(၈)လမ္းေန ေဇာ္လင္းထြန္း(ခ)ဇြဲကို(ခ)ဒီမြန္(ဘ)ဦးေက်ာ္လြင္သည္ ျပည္ေထာင္စု သမၼတ ျမန္မာနိုင္ငံေတာ္၊ အၾကမ္းဖက္အုပ္စုမ်ားအျဖစ္ သတ္မွတ္ ေၾကညာထားသည့္ အဖြဲ႕အစည္းမ်ားႏွင့္ ဆက္သြယ္ျခင္း၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (ဃ)ရပ္ကြက္၊ ႏြယ္နီ(၃)လမ္းေန အထက္တန္းျပဆရာမတစ္ဦးႏွင့္ ဒဂုံၿမိဳ႕သစ္ (အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၆)ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးအား လုပ္ႀကံသတ္ျဖတ္ရာတြင္ ပါဝင္ျခင္း၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ (၄၁)တိုးခ်ဲ့ရပ္ကြက္ရွိ လုံၿခဳံေရးရဲကင္းစခန္းႏွင့္ အမွတ္(၃၇)ရပ္ကြက္၊ တပင္ေ႐ႊထီးလမ္းရွိ EPC ႐ုံးတို႔အား လက္ပစ္ဗုံးျဖင့္ ေဖာက္ခြဲတိုက္ခိုက္ရာတြင္ပါဝင္ျခင္းတို႔ေၾကာင့္ စစ္အုပ္ခ်ဳပ္ေရး(Martial Law) စစ္ခုံ႐ုံးဖြဲ႕၍ စစ္ေဆးမႈမ်ားေဆာင္႐ြက္ခဲ့ရာ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဉပေဒပုဒ္မ ၅၀(ဈ) အရ ၂၀၂၂ ခုႏွစ္၊ မတ္ ၂၂ ရက္တြင္ ၎အား ေထာင္ဒဏ္တစ္သက္ ျပစ္ဒဏ္ အမိန႔္ခ်မွတ္လိုက္ေၾကာင္း သိရွိရသည္။
အလားတူ ၂၀၂၁ ခုႏွစ္၊ မတ္ ၁၅ ရက္တြင္ ဧရာဝတီတိုင္းေဒသႀကီး၊ ဘိုကေလးၿမိဳ႕နယ္၊ စိန္ဟိုင္းေက်း႐ြာေန ႏြယ္ထြန္း(ခ)လြယ္ထြန္း(ခ)ၪူးဝိမလ(ဘ) ဦးျမင့္ဦးသည္လွိုင္သာယာ (အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၈)ရပ္ကြက္၊ ေအာင္ရတနာ လမ္းေန အျပစ္မဲ့ျပည္သူ ၂ ဦးအား သတင္းေပး၊ ဒလန္ဟုစြပ္စြဲ၍ မီးရွို႔၊ ရိုက္ႏွက္ သတ္ျဖတ္ျခင္းေၾကာင့္ စစ္အုပ္ခ်ဳပ္ေရး(Martial Law)စစ္ခုံ႐ုံးဖြဲ႕၍ စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ ရာဇသတ္ႀကီးဉပေဒပုဒ္မ ၃၀၂(၂)/ ၁၁၄ အရ ၂၀၂၂ ခုႏွစ္၊ မတ္ ၂၂ ရက္တြင္ ၎အား အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္(၂၀)ႏွစ္ အမိန႔္ခ်မွတ္လိုက္ ေၾကာင္း သိရွိရသည္။
ထို႔အျပင္ ၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ လွိုင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္ႏွင့္ လွိုင္သာယာ(အေရွ႕ပိုင္း)ၿမိဳ႕နယ္ေန ၿဖိဳးေက်ာ္ဇင္ (ခ)ကိုၿဖိဳး(ဘ) ဦးေအာင္ေက်ာ္စိုး၊ ေကာင္းျမတ္(ခ)ေစာေကာင္းျမတ္(ခ)ၿဖိဳးေမာင္ေမာင္ (ဘ)ဦးရဲျမင့္ထြန္း၊ ကိုကို(ဘ)ဦးတင္ေမာင္ႏွင့္ ဝင္းကို(ဘ) ဦးဝင္းေက်ာ္တို႔ ၄ ဦးသည္ လွိုင္သာယာ(အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၇)ရပ္ကြက္၊ ေတးဥယ်ာဥ္(၃)လမ္း၊ ပါရမီ ေဆးခန္းရွိ သူနာျပဳဆရာမႀကီးတစ္ဦးအား ေသနတ္ျဖင့္ ဝိုင္းဝန္းလုပ္ႀကံ သတ္ျဖတ္ ခဲ့ျခင္းေၾကာင့္ စစ္အုပ္ခ်ဳပ္ေရး(Martial Law)စစ္ခုံ႐ုံးဖြဲ႕၍ စစ္ေဆးမႈမ်ား ေဆာင္႐ြက္ ခဲ့ရာ ရာဇသတ္ႀကီးဉပေဒပုဒ္မ ၃၀၂(၁) (ခ)/ ၃၄ အရ ၂၀၂၂ ခုႏွစ္၊ မတ္ ၂၂ ရက္တြင္ ၎တို႔အား ေသဒဏ္ အမိန႔္ ခ်မွတ္လိုက္ေၾကာင္း သိရွိရသည္။
အဆိုပါျပစ္ဒဏ္ခ်မွတ္ခံရသူမ်ားအနက္မွ ထြက္ေျပးလြတ္ေျမာက္ေနသူမ်ား အား၎ႏွင့္စပ္လ်ဥ္း၍ ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ-၈၇၊ ၈၈ အရဖမ္းဝရမ္းထုတ္ ဆင့္ရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္းသိရွိရသည္။
စစ္အုပ္ခ်ဳပ္ေရးအမိန႔္ထုတ္ျပန္ေၾကညာထားသည့္ ၿမိဳ႕နယ္မ်ားအတြင္း စစ္ ခုံ႐ုံးျဖင့္ စစ္ေဆးမည့္ျပစ္မႈဆိုင္ရာ ၂၃ မ်ိဳးကိုလည္းပူးတြဲထုတ္ျပန္ထားေၾကာင္းႏွင့္ အဆိုပါျပစ္မႈမ်ားကိုေဖာက္ဖ်က္က်ဴးလြန္ပါကစစ္ခုံ႐ုံးဖြဲ႕၍ စစ္ေဆးမႈမ်ားေဆာင္႐ြက္ ကာထိထိေရာက္ေရာက္ ျမန္ျမန္ဆန္ဆန္ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။
#mhtnews
Recent Comments