အကူအညီတောင်းခံလာသူများမှာ လိုအပ်ချက်မတူသည့်သူများဖြစ်သဖြင့် ဝန်ဆောင်မှုပေးသူများအနေဖြင့် ယဉ်ကျေးသိမ်မွေ့ရန်၊ ကိုယ်ချင်းစာစိတ်ရှိရန် လိုအပ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ယနေ့နံနက်ပိုင်းတွင်ပြုလုပ်သည့် “ကျား၊ မ အခြေပြု အကြမ်းဖက်မှုဖြစ်ရပ်များ ဖြေရှင်းဆောင်ရွက်မှုဆိုင်ရာ သင်တန်း(အပတ်စဉ်-၂)” ဖွင့်ပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူပုဂ္ဂိုလ်များကို ဝန်ဆောင်မှု ပေးနေသည့်ဌာနဖြစ်သည့်အတွက် မိမိတို့ပေးသည့် ဝန်ဆောင်မှုများမှာ စနစ်ကျရန် အရေးကြီးကြောင်း၊ အကူအညီတောင်းခံလာသူများမှာ လိုအပ်ချက်မတူသည့်သူများ ဖြစ်သဖြင့် ဝန်ဆောင်မှုပေးသူများအနေဖြင့် ယဉ်ကျေးသိမ်မွေ့ရန်၊ ကိုယ်ချင်းစာစိတ်ရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍လည်း ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်းနည်းလမ်းများနှင့်အညီ ကူညီ ဆောင်ရွက်ပေးနေသူများ ဖြစ်သည့်အတွက် sympathy/empathy ရှိရန်လိုအပ်ကြောင်း၊ ထိခိုက်လွယ်အုပ်စုများ ကြုံတွေ့နေရသည့် လူမှုဒုက္ခများကို sympathy/empathy ဖြင့် ဆောင်ရွက် ပေးရန်လိုအပ်ကြောင်း၊ Help Line ကို ၂၀၁၆ ခုနှစ် စတင်ဖွင့်လှစ်ချိန်မှစ၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ တိုင်ကြားလာသည့် အမှုပေါင်း (၁၆၈၀)ရှိပြီး အိမ်တွင်းအကြမ်းဖက်မှု Case များ ပိုများမည်ဖြစ်ကြောင်းတို့ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။
အလားတူ Help Line ၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် ဆက်သွယ်လာသူများကို ပြေပြေပြစ်ပြစ်ပြောဆိုရန် စိတ်ရှည်နားထောင်ပေးရန် လိုအပ်ကြောင်း၊ မိမိတို့ ကူညီဖြေရှင်းပေးလိုက်သည့်အတွက်ကြောင့် ၎င်းတို့၏ ပြဿနာဒုက္ခများ လျော့ပါးသွားပါက ကူညီဖြေရှင်း ဆောင်ရွက်ပေးနိုင်မှုအတွက် ပီတိဖြစ်တတ်ရန်လိုအပ်ကြောင်း၊ တိုင်ကြားလာသည့် အမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်လူမှုဝန်ထမ်းရုံးများသို့ လွှဲပို့ရာတွင် သက်ဆိုင်ရာဒေသက Case Manager များအနေဖြင့် ဖြေရှင်းပေးခြင်း၊ ညွှန်းပို့ချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့မှုများအတွက် မှတ်တမ်းမှတ်ရာများကိုလည်း ကောင်းစွာ ထိန်းသိမ်းတတ်ရန် လိုအပ်ကြောင်းတို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။
#mhtnews
===================================
(Zawgyi)
“အကူအညီေတာင္းခံလာသူမ်ားမွာ လိုအပ္ခ်က္မတူသည့္သူမ်ားျဖစ္သျဖင့္ ဝန္ေဆာင္မႈေပးသူမ်ားအေနျဖင့္ ယဥ္ေက်းသိမ္ေမြ႕ရန္၊ ကိုယ္ခ်င္းစာစိတ္ရွိရန္ လိုအပ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္သက္ခိုင္ေျပာၾကား”
အကူအညီေတာင္းခံလာသူမ်ားမွာ လိုအပ္ခ်က္မတူသည့္သူမ်ားျဖစ္သျဖင့္ ဝန္ေဆာင္မႈေပးသူမ်ားအေနျဖင့္ ယဥ္ေက်းသိမ္ေမြ႕ရန္၊ ကိုယ္ခ်င္းစာစိတ္ရွိရန္ လိုအပ္ေၾကာင္း လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္သက္ခိုင္က ယေန႕နံနက္ပိုင္းတြင္ျပဳလုပ္သည့္ က်ား၊ မ အေျချပဳ အၾကမ္းဖက္မႈျဖစ္ရပ္မ်ား ေျဖရွင္းေဆာင္႐ြက္မႈဆိုင္ရာ သင္တန္း(အပတ္စဥ္-၂) ဖြင့္ပြဲအခမ္းအနား၌ ေျပာၾကားခဲ့သည္။
ျပည္ေထာင္စုဝန္ႀကီးက မိမိတို႔ဝန္ႀကီးဌာနအေနျဖင့္ လူပုဂၢိုလ္မ်ားကို ဝန္ေဆာင္မႈ ေပးေနသည့္ဌာနျဖစ္သည့္အတြက္ မိမိတို႔ေပးသည့္ ဝန္ေဆာင္မႈမ်ားမွာ စနစ္က်ရန္ အေရးႀကီးေၾကာင္း၊ အကူအညီေတာင္းခံလာသူမ်ားမွာ လိုအပ္ခ်က္မတူသည့္သူမ်ား ျဖစ္သျဖင့္ ဝန္ေဆာင္မႈေပးသူမ်ားအေနျဖင့္ ယဥ္ေက်းသိမ္ေမြ႕ရန္၊ ကိုယ္ခ်င္းစာစိတ္ရွိရန္ လိုအပ္ေၾကာင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ဆက္လက္၍လည္း ျပည္ေထာင္စုဝန္ႀကီးက လူမႈဝန္ထမ္းနည္းလမ္းမ်ားႏွင့္အညီ ကူညီ ေဆာင္႐ြက္ေပးေနသူမ်ား ျဖစ္သည့္အတြက္ sympathy/empathy ရွိရန္လိုအပ္ေၾကာင္း၊ ထိခိုက္လြယ္အုပ္စုမ်ား ႀကဳံေတြ႕ေနရသည့္ လူမႈဒုကၡမ်ားကို sympathy/empathy ျဖင့္ ေဆာင္႐ြက္ ေပးရန္လိုအပ္ေၾကာင္း၊ Help Line ကို ၂၀၁၆ ခုႏွစ္ စတင္ဖြင့္လွစ္ခ်ိန္မွစ၍ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလအထိ တိုင္ၾကားလာသည့္ အမႈေပါင္း (၁၆၈၀)ရွိၿပီး အိမ္တြင္းအၾကမ္းဖက္မႈ Case မ်ား ပိုမ်ားမည္ျဖစ္ေၾကာင္းတို႔ကိုလည္း ရွင္းလင္းေျပာၾကားခဲ့သည္။
အလားတူ Help Line ၌ တာဝန္ထမ္းေဆာင္ေနေသာ ဝန္ထမ္းမ်ားအေနျဖင့္ ဆက္သြယ္လာသူမ်ားကို ေျပေျပျပစ္ျပစ္ေျပာဆိုရန္ စိတ္ရွည္နားေထာင္ေပးရန္ လိုအပ္ေၾကာင္း၊ မိမိတို႔ ကူညီေျဖရွင္းေပးလိုက္သည့္အတြက္ေၾကာင့္ ၎တို႔၏ ျပႆနာဒုကၡမ်ား ေလ်ာ့ပါးသြားပါက ကူညီေျဖရွင္း ေဆာင္႐ြက္ေပးနိုင္မႈအတြက္ ပီတိျဖစ္တတ္ရန္လိုအပ္ေၾကာင္း၊ တိုင္ၾကားလာသည့္ အမႈမ်ားကို သက္ဆိုင္ရာ တိုင္းေဒသႀကီး/ျပည္နယ္လူမႈဝန္ထမ္း႐ုံးမ်ားသို႔ လႊဲပို႔ရာတြင္ သက္ဆိုင္ရာေဒသက Case Manager မ်ားအေနျဖင့္ ေျဖရွင္းေပးျခင္း၊ ၫႊန္းပို႔ခ်ိတ္ဆက္ေပးျခင္းတို႔ကို ေဆာင္႐ြက္ေပး ရမည္ျဖစ္ေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္ခဲ့မႈမ်ားအတြက္ မွတ္တမ္းမွတ္ရာမ်ားကိုလည္း ေကာင္းစြာ ထိန္းသိမ္းတတ္ရန္ လိုအပ္ေၾကာင္းတို႔ကိုလည္း ထည့္သြင္းေျပာၾကားခဲ့သည္ဟု သိရသည္။
#mhtnews
Recent Comments