ရခိုင်ပြည်နယ် သံတွဲမြို့အနီးရှိ သူဌေးရေအားလျှပ်စစ်စီမံကိန်းမှ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၃၈၆ သန်း ထုတ်လုပ်ကာ ရခိုင်ပြည်နယ်အတွင်း ဒေသများသို့ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူး ပေးနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အဆိုပါ သူဌေးရေအားလျှပ်စစ် စီမံကိန်းသည် သံတွဲမြို့အနီးရှိ သူဌေးချောင်းပေါ်တွင် ရေလှောင်တမံတည်ဆောက်ပြီး စက်တပ်ဆင်အင်အား (၃၇)မဂ္ဂါဝပ် ဓာတ်အားပေးစက် (၃) လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား (၁၁၁)မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံတည်ဆောက်မည့်စီမံကိန်းဖြစ်သည်။
၎င်းစစ်ဓာတ်အားပေးစက်ရုံမှ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၃၈၆ သန်း ထုတ်လုပ်ကာ ရခိုင်ပြည်နယ်အတွင်း ဒေသများသို့ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူး ပေးနိုင်ရေးနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းမှ ယခုနှစ်နွေရာသီအမီ ရွှေဓာတ်ငွေ့နှင့် ကုန်းတွင်းဓာတ်ငွေ့ အသုံးပြု၍ လျှပ်စစ်ဓာတ်အား ၂၂၅ မဂ္ဂါဝပ်အထိ တိုးတက်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
#mhtnews
(Zawgyi)
“သံတွဲမြို့အနီးရှိ သူဌေးရေအားလျှပ်စစ်စီမံကိန်းမှ ၁ နှစ်လျှင် ကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ သန်း ထုတ်လုပ်ကာ ရခိုင်ပြည်နယ်အတွင်းဒေသများသို့ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျှက်ရှိ”
အဆိုပါ သူဌေးရေအားလျှပ်စစ် စီမံကိန်းသည် သံတွဲမြို့အနီးရှိ သူဌေးချောင်းပေါ်တွင် ရေလှောင်တမံတည်ဆောက်ပြီး စက်တပ်ဆင်အင်အား (၃၇)မဂ်ဂါဝပျ ဓာတ်အားပေးစက် (၃) လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား (၁၁၁)မဂ်ဂါဝပျရှိ ဓာတ်အားပေးစက်ရုံတည်ဆောက်မည့်စီမံကိန်းဖြစ်သည်။
အလားတူ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းမှ ယခုနှစ်နွရောသီအမီ ရွှေဓာတ်ငွေ့နှင့် ကုန်းတွင်းဓာတ်ငွေ့ အသုံးပြု၍ လျှပ်စစ်ဓာတ်အား ၂၂၅ မဂ်ဂါဝပျအထိ တိုးတက်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
#mhtnews
Recent Comments