ကာတာ နှင့် အိုမန်နိုင်ငံတိုမှ အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့်တန်ဖိုးရှိ ဓာတ်ငွေ့ တန်ချိန် ၁၅,၀၀၀ ခန့်ကို လစဥ်မှာယူလေ့ရှိသည့် သီရိလင်္ကာနိုင်ငံ၏ ဓာတ်ငွေ့ကုမ္ပဏီ နှစ်ခုဖြစ်သော Litro Gas နှင့် Laugfs Gas တိုသည် ဓာတ်ငွေ့ပေးပိုမှုများ မရရှိတော့သဖြင့် ထုတ်လုပ်မှု နှင့် ဖြန့်ဖြူးမှုများ ရပ်ဆိုင်းသွားပြီ ဖြစ်ကြောင်း မတ်လ ၁၆ ရက်တွင် ကြေညာခဲ့သည်။
Laugfs Gas ကုမ္ပဏီသည် ဘဏ်များက အကြွေးဝယ်ခွင့် ဆိုင်းငံ့လိုက်သဖြင့် ဓာတ်ငွေ့များ အချိန်အတန်ကြာတင်သွင်းနိုင်တော့မည် မဟုတ်ကြောင်း အစောပိုင်းတွင် ကြေညာထားခဲ့ပြီး နိုင်ငံပိုင် Litro Gas ကုမ္ပဏီက ၎င်းတို သိုလှောင်ထားသော ဓာတ်ငွေ့များကုန်ဆုံးသွားပြီဖြစ်ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သည်။
စိုးရိမ်ရသည့် နိုင်ငံခြားငွေကြေး ပြတ်လပ်မှုကြောင့် သီရိလင်္ကာနိုင်ငံ၌ ပြီးခဲ့သောရက်သတ္တပတ်အနည်းငယ်အတွင်း ဓာတ်ငွေ့ပြတ်လပ်မှုများကြုံတွေ့နေရသဖြင့် ဓာတ်ငွေ့ဖြန့်ဖြူးရေးစင်တာများ၏ အပြင်ဘက်တွင် လူအတန်းရှည်ကြီးက တန်းစီစောင့်ဆိုင်းနေရသည့်မြင်ကွင်းမှာ အမြဲလိုလို ဖြစ်နေကြောင်း သိရသည်။
#mhtnews
(Zawgyi)
“သီရိလင်္ကာနိုင်ငံ၏ ဓာတ်ငွေ့ကုမ္ပဏီ ၂ ခု လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်း”
ကာတာ နှင့် အိုမန်နိုင်ငံတို့မှ အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့်တန်ဖိုးရှိ ဓာတ်ငွေ့ တန်ချိန် ၁၅,၀၀၀ ခန့်ကို လစဉ်မှာယူလေ့ရှိသည့် သီရိလင်္ကာနိုင်ငံ၏ ဓာတ်ငွေ့ကုမ္ပဏီ နှစ်ခုဖြစ်သော Litro Gas နှင့် Laugfs Gas တို့သည် ဓာတ်ငွေ့ပေးပို့မှုများ မရရှိတော့သဖြင့် ထုတ်လုပ်မှု နှင့် ဖြန့်ဖြူးမှုများ ရပ်ဆိုင်းသွားပြီ ဖြစ်ကြောင်း မတ်လ ၁၆ ရက်တွင် ကြေညာခဲ့သည်။
Laugfs Gas ကုမ္ပဏီသည် ဘဏ်များက အကြွေးဝယ်ခွင့် ဆိုင်းငံ့လိုက်သဖြင့် ဓာတ်ငွေ့များ အချိန်အတန်ကြာတင်သွင်းနိုင်တော့မည် မဟုတ်ကြောင်း အစောပိုင်းတွင် ကြေညာထားခဲ့ပြီး နိုင်ငံပိုင် Litro Gas ကုမ္ပဏီက ၎င်းတို့ သိုလှောင်ထားသော ဓာတ်ငွေ့များကုန်ဆုံးသွားပြီဖြစ်ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သည်။
#mhtnews
Recent Comments