သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီရှားပါးမှုပြဿနာနဲ့ ကြုံတွေ့နေရပြီး လောင်စာဆီရရှိရေးအတွက် နေ့စဉ်တန်းစီစောင့်ဆိုင်းနေတဲ့ ထောင်နဲ့ချီတဲ့ကားသမားတွေက မကြာခဏဆိုသလိုဆန္ဒပြမှုတွေပြုလုပ်နေတာကြောင့် ဓါတ်ဆီအရောင်းဆိုင်တွေမှာ စစ်သားတွေ တပ်စွဲဖို့ အာဏာပိုင်တွေက ယနေ့ (မတ်လ ၂၂ ရက်) မှာ အမိန့်ထုတ်လိုက်တယ်လို့ သိရပါတယ်။
အဆိုပါသီရိလင်္ကာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံးစီးပွားရေးပြိုလဲမှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး လျှပ်စစ်ဓါတ်အားတွေပြတ်တောက်မှုဖြစ်ပွားနေကာ အစားအစာနဲ့ ဟင်းချက်ဖို့ ဓါတ်ငွေ့လိုမျိုး မရှိမဖြစ် ကုန်ပစ္စည်းတွေ ရှားပါးပြတ်လပ်နေတဲ့အပြင် ကျောင်းသားတွေရဲ့ စာမေးပွဲအတွက် စက္ကူဝယ်ယူဖို့ ဘဏ္ဍာငွေပြတ်လပ်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် စာမေးပွဲတွေကိုတောင် ဖျက်သိမ်းလိုက်ရပါတယ်။
ယမန်နေ့ (မတ်လ ၂၁ ရက်)မှာဆိုရင် ဓါတ်ဆီ၀ယ်မရတာကြောင့် ဒေါသထွက်နေတဲ့ လူအုပ်ကြီးဟာ လူစုလူဝေးနဲ့ လမ်းတွေကို နာရီပေါင်းများစွာ ပိတ်ဆို့ဆန္ဒပြခဲ့ပြီးနောက် စစ်သားတွေကို တပ်ဖြန့်ချထားခဲ့ရတဲ့အထိ အခြေအနေတွေ ဆိုးရွားလာတာပါ။
ဒါအပြင်လည်း သီရိလင်္ကာနိုင်ငံရဲ့ ဓာတ်ငွေ့ကုမ္ပဏီ ၂ ခုဖြစ်တဲ့ Litro Gas နဲ့ Laugfs Gas တို့ဟာ သူတို့ဝယ်ယူနေတဲ့ နိုင်ငံတွေဆီက ဓာတ်ငွေ့ပေးပို့မှုများ မရရှိတော့တဲ့အတွက် ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှုတွေကို ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း မတ်လ ၁၆ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
အခုဆိုရင် လူဦးရေ ၂၂ သန်းခန့်ရှိတဲ့ သီရိလင်္ကာနိုင်ငံမှာ စက်သုံးဆီလက်လီရောင်းချမှုလုပ်ငန်းရဲ့ သုံးပုံနှစ်ပုံကို လုပ်ကိုင်နေတဲ့ နိုင်ငံပိုင် Ceylon Petroleum Corp ရဲ့ ဆိုင်တွေမှာ စစ်သားတွေ တပ်စွဲထားတယ်လို့ နိုင်ငံတကာသတင်းဖော်ပြတွေအရ သိရပါတယ်။
#mhtnews
==================================
(Zawgyi)
“သီရိလကၤာနိုင္ငံမွာ ေလာင္စာဆီရွားပါးမႈျပႆနာေၾကာင့္ ေထာင္နဲ႕ခ်ီတဲ့ယာဥ္ေမာင္းေတြရဲ႕ ဆႏၵျပမႈေတြျဖစ္ေပၚေနလို႔ ဓါတ္ဆီဆိုင္ေတြမွာ စစ္သားေတြ တပ္စြဲထားရ”
သီရိလကၤာနိုင္ငံမွာ ေလာင္စာဆီရွားပါးမႈျပႆနာနဲ႕ ႀကဳံေတြ႕ေနရၿပီး ေလာင္စာဆီရရွိေရးအတြက္ ေန႕စဥ္တန္းစီေစာင့္ဆိုင္းေနတဲ့ ေထာင္နဲ႕ခ်ီတဲ့ကားသမားေတြက မၾကာခဏဆိုသလိုဆႏၵျပမႈေတြျပဳလုပ္ေနတာေၾကာင့္ ဓါတ္ဆီအေရာင္းဆိုင္ေတြမွာ စစ္သားေတြ တပ္စြဲဖို႔ အာဏာပိုင္ေတြက ယေန႕ (မတ္လ ၂၂ ရက္) မွာ အမိန့္ထုတ္လိုက္တယ္လို႔ သိရပါတယ္။
အဆိုပါသီရိလကၤာနိုင္ငံဟာ ၁၉၄၈ ခုႏွစ္ လြတ္လပ္ေရးရၿပီးေနာက္ပိုင္း အဆိုး႐ြားဆုံးစီးပြားေရးၿပိဳလဲမႈနဲ႕ ရင္ဆိုင္ေနရတာျဖစ္ၿပီး လွ်ပ္စစ္ဓါတ္အားေတြျပတ္ေတာက္မႈျဖစ္ပြားေနကာ အစားအစာနဲ႕ ဟင္းခ်က္ဖို႔ ဓါတ္ေငြ႕လိုမ်ိဳး မရွိမျဖစ္ ကုန္ပစၥည္းေတြ ရွားပါးျပတ္လပ္ေနတဲ့အျပင္ ေက်ာင္းသားေတြရဲ႕ စာေမးပြဲအတြက္ စကၠဴဝယ္ယူဖို႔ ဘ႑ာေငြျပတ္လပ္မႈေတြ ျဖစ္ေပၚခဲ့တာေၾကာင့္ စာေမးပြဲေတြကိုေတာင္ ဖ်က္သိမ္းလိုက္ရပါတယ္။
ယမန္ေန႕ (မတ္လ ၂၁ ရက္)မွာဆိုရင္ ဓါတ္ဆီ၀ယ္မရတာေၾကာင့္ ေဒါသထြက္ေနတဲ့ လူအုပ္ႀကီးဟာ လူစုလူေဝးနဲ႕ လမ္းေတြကို နာရီေပါင္းမ်ားစြာ ပိတ္ဆို႔ဆႏၵျပခဲ့ၿပီးေနာက္ စစ္သားေတြကို တပ္ျဖန့္ခ်ထားခဲ့ရတဲ့အထိ အေျခအေနေတြ ဆိုး႐ြားလာတာပါ။
ဒါအျပင္လည္း သီရိလကၤာနိုင္ငံရဲ႕ ဓာတ္ေငြ႕ကုမၸဏီ ၂ ခုျဖစ္တဲ့ Litro Gas နဲ႕ Laugfs Gas တို႔ဟာ သူတို႔ဝယ္ယူေနတဲ့ နိုင္ငံေတြဆီက ဓာတ္ေငြ႕ေပးပို႔မႈမ်ား မရရွိေတာ့တဲ့အတြက္ ထုတ္လုပ္မႈနဲ႕ ျဖန႔္ျဖဴးမႈေတြကို ရပ္ဆိုင္းသြားၿပီျဖစ္ေၾကာင္း မတ္လ ၁၆ ရက္ေန႕မွာ ေၾကညာခဲ့ပါတယ္။
အခုဆိုရင္ လူဦးေရ ၂၂ သန္းခန့္ရွိတဲ့ သီရိလကၤာနိုင္ငံမွာ စက္သုံးဆီလက္လီေရာင္းခ်မႈလုပ္ငန္းရဲ႕ သုံးပုံႏွစ္ပုံကို လုပ္ကိုင္ေနတဲ့ နိုင္ငံပိုင္ Ceylon Petroleum Corp ရဲ႕ ဆိုင္ေတြမွာ စစ္သားေတြ တပ္စြဲထားတယ္လို႔ နိုင္ငံတကာသတင္းေဖာ္ျပေတြအရ သိရပါတယ္။
#mhtnews
Recent Comments