သီရိလင်္ကာနိုင်ငံတွင် မနက်ဖန် (မတ်လ ၂၁ ရက်) တနင်္လာနေ့တွင်ပြုလုပ်မည့် ကျောင်းစာမေးပွဲများအတွက် မေးခွန်များပုံနှိပ်ရန် စာရွက်များပြတ်လပ်သွားသဖြင့် သန်းနှင့်ချီသော ကျောင်းသားများအတွက် စာမေးပွဲများကို ဖျက်သိမ်းလိုက်ရကြောင်း နိုင်ငံတကာသတင်းဖော်ပြမှုများအရ သိရသည်။
သီရိလင်္ကာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံးသော ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး အစိုးရတွင် သွင်းကုန်များအတွက် ဘဏ္ဍာငွေပြတ်လပ်သွားခြင်းဖြစ်ကြောင်း သတင်းများကဆိုသည်။
ယခုဖျက်သိမ်းလိုက်ရသည့် စာမေးပွဲများမှာ အတန်းတင်စာမေးပွဲကြီးမဟုတ်သော်လည်း ကျောင်းသားများနောက်တစ်တန်းတက်ရန်အတွက် အကဲဖြတ်ရာတွင် ထည့်သွင်းစဉ်းစားသည့် လုပ်ငန်းစဉ်၏ ကဏ္ဍတစ်ရပ်အဖြစ် အရေးပါသော လပတ်စာမေးပွဲများဖြစ်ကြောင်းသိရသည်။
#mhtnews
(Zawgyi)
“သီရိလကၤာတြင္ ဘ႑ာေရးအၾကပ္အတည္းေၾကာင့္ ပုံႏွိပ္စာ႐ြက္မ်ားျပတ္လပ္သြားသျဖင့္ ေက်ာင္းစာေမးပြဲမ်ား ဖ်က္သိမ္းလိုက္ရ”
သီရိလကၤာနိုင္ငံတြင္ မနက္ဖန္ (မတ္လ ၂၁ ရက္) တနလၤာေန႕တြင္ျပဳလုပ္မည့္ ေက်ာင္းစာေမးပြဲမ်ားအတြက္ ေမးခြန္မ်ားပုံႏွိပ္ရန္ စာ႐ြက္မ်ားျပတ္လပ္သြားသျဖင့္ သန္းႏွင့္ခ်ီေသာ ေက်ာင္းသားမ်ားအတြက္ စာေမးပြဲမ်ားကို ဖ်က္သိမ္းလိုက္ရေၾကာင္း နိုင္ငံတကာသတင္းေဖာ္ျပမႈမ်ားအရ သိရသည္။
သီရိလကၤာနိုင္ငံသည္ ၁၉၄၈ ခုႏွစ္ လြတ္လပ္ေရးရၿပီးေနာက္ပိုင္း အဆိုး႐ြားဆုံးေသာ ဘ႑ာေရးအက်ပ္အတည္းႏွင့္ ရင္ဆိုင္ေနရၿပီး အစိုးရတြင္ သြင္းကုန္မ်ားအတြက္ ဘ႑ာေငြျပတ္လပ္သြားျခင္းျဖစ္ေၾကာင္း သတင္းမ်ားကဆိုသည္။
ယခုဖ်က္သိမ္းလိုက္ရသည့္ စာေမးပြဲမ်ားမွာ အတန္းတင္စာေမးပြဲႀကီးမဟုတ္ေသာ္လည္း ေက်ာင္းသားမ်ားေနာက္တစ္တန္းတက္ရန္အတြက္ အကဲျဖတ္ရာတြင္ ထည့္သြင္းစဥ္းစားသည့္ လုပ္ငန္းစဥ္၏ က႑တစ္ရပ္အျဖစ္ အေရးပါေသာ လပတ္စာေမးပြဲမ်ားျဖစ္ေၾကာင္းသိရသည္။
#mhtnews
Recent Comments