မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ၃၃ကေဗွီ ဓာတ်အားလိုင်း( ၁၇ )မိုင် တည်ဆောက်ခြင်းနှင့် ၃၃/၁၁ကေဗွီ ၁၀ အမ်ဗွီအေ ဝင်းဝဓာတ်အားခွဲရုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဓာတ်အားခွဲရုံ၌ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ သုဟန်စည်ကုမ္ပဏီနှင့် ဒေသခံရပ်မိရပ်ဖတစ်ဦးတို့က လျှပ်စစ်ဓာတ်အားခွဲရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ သရက်ချောင်းဝင်းဝ ၃၃/၁၁ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားလိုင်း (၁၇) မိုင်၏ လုပ်ငန်းတန်ဖိုးမှာ ကျပ်သန်း (၁,၂၉၀)သန်းဖြစ်ပြီး ၃၃/၁၁ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ၏လုပ်ငန်း တန်ဘိုးမှာ ကျပ်သန်း (၆၇၉)သန်းဖြစ်ကာ စုစုပေါင်းလုပ်ငန်းတစ်ခုလုံး၏ တန်ဘိုးကျပ်သန်း(၁၉၆၉) သန်းကို ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံများ တည်ဆောက်ပြီးစီးပါက ကနက်သီရိ၊ ကျွဲမင်းကုန်း၊ ပိန္နဲကုန်း၊ ချောင်းဝပြင်၊ သဲချောင်းသား၊ မင်းဒပ်၊ ဝဲရစ်၊သစ်တိုကုန်း၊ သိမ်ကုန်း၊ အင်ဗူး၊ ကျောက်ခမောက်၊ စုံစင်ကျေးရွာများလည်း ဓာတ်အားရရှိသွားမှာဖြစ်ပြီး ကျန်ကျေးရွာများကိုလည်း ဓာတ်အားရရှိရေးအတွက် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆက်လက်ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းသိရှိရသည်။
#mhtnews
(Zawgyi)
“သရက်ချောင်းမြို့နယ်၌ ၃၃ကေဗွီ ဓာတ်အားလိုင်း ( ၁၇ )မိုင် တည်ဆောက်ခြင်းနှင့် ၃၃/၁၁ကေဗွီ ၁၀ အမ်ဗွီအေ ဝင်းဝဓာတ်အားခွဲရုံသစ် ဖွင့်လှစ်”
၂၀၂၂ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ၃၃ကေဗွီ ဓာတ်အားလိုင်း( ၁၇ )မိုင် တည်ဆောက်ခြင်းနှင့် ၃၃/၁၁ကေဗွီ ၁၀ အမ်ဗွီအေ ဝင်းဝဓာတ်အားခွဲရုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဓာတ်အားခွဲရုံ၌ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ သုဟန်စည်ကုမ္ပဏီနှင့် ဒေသခံရပ်မိရပ်ဖတစ်ဦးတို့က လျှပ်စစ်ဓာတ်အားခွဲရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံများ တည်ဆောက်ပြီးစီးပါက ကနက်သီရိ၊ ကျွဲမင်းကုန်း၊ ပိန်နဲကုနျး၊ ချောင်းဝပြင်၊ သဲချောင်းသား၊ မင်းဒပ်၊ ဝဲရစ်၊သစ်တိုကုန်း၊ သိမ်ကုန်း၊ အင်ဗူး၊ ကျောက်ခမောက်၊ စုံစင်ကျေးရွာများလည်း ဓာတ်အားရရှိသွားမှာဖြစ်ပြီး ကျန်ကျေးရွာများကိုလည်း ဓာတ်အားရရှိရေးအတွက် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆက်လက်ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းသိရှိရသည်။
#mhtnews
Recent Comments