လှိင်သာယာရှိ YBS ယာဉ်ရပ်နားစခန်း၌ ရပ်နားထားသည့် YBS 20 ယာဥ်တစ်စီး ပေါ်တွင် ယမန်နေ့ (မတ် ၁၁ ရက်)၊ မွန်းလွဲ ၃နာရီခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရသည်။

အဆိုပါ YBS ယာဉ်ရပ်နားစခန်းသည် ရန်ကုန် – ပုသိမ်လမ်းမကြီးဘေးရှိ ရဲတပ်ရင်း (၉)အနီးတွင်တည်ရှိပြီး ဂိတ်၀၌ ရပ်တန့်ထားစဉ် PDF အမည်ခံ အကြမ်းဖက်အုပ်စုမှ ထောင်ထားသည့် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ပေါက်ကွဲမှုဖြစ်စဥ်အတွင်း ယာဥ်ပေါ်၌ ခရီးသည်မရှိသဖြင့် ထိခိုက်မှုမရှိသော်လည်း ယာဥ်မှာထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရပြီး ပြစ်မှုကျူးလွန်သူ အကြမ်းဖက်တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#mhtnews

(Zawgyi)
“လှိင်သာယာရှိ YBS ယာဉ်ရပ်နားစခန်းမှ YBS (20) တစ်စီးကို PDF အမည်ခံ အကြမ်းဖက်အုပ်စုက ဗုံးထောင်ဖောက်ခွဲ”



#mhtnews