ရုရှားနိုင်ငံမှာ သတင်းတု သတင်းမှား ဖြန်ချိတာတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ဆိုင်ရာ ဥပဒေသစ်တစ်ခုကို ရုရှားဒူးမားလွှတ်တော်က ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ အတည်ပြုပေးခဲ့ပြီး အဲဒီဥပဒေကိုချိုးဖောက်တဲ့ အမှုတစ်ခုကို မနေ့ (မတ် ၁၇ ရက်) က ပထမဆုံးအဖြစ် အမှုဖွင့် တရားစွဲဆိုခဲ့တယ်လိုသိရကြောင်း ပေါ်ပြူလာသတင်းက ဖော်ပြပါတယ်။

အင်စတာဂရမ်အပါအဝင် လူမှုကွန်ရက်တွေမှာ သတင်းတု သတင်းမှားတင်ခဲ့သူ ၃ ယောက်ကို တရားစွဲဆိုခဲ့တာဖြစ်ပြီး၊ အဲဒီ ၃ဦးအနက် တစ်ဦးကတော့ အသက် ၅၁ နှစ်အရွယ်ရှိ Veronika Belotserkovskaya ဆိုတဲ့ အမျိုးသမီးဖြစ်တယ်လို သိရပါတယ်။ သူဟာ follower ၉သိန်းကျော်ရှိတဲ့ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ သတင်းတု သတင်းမှားကို တင်ခဲ့တယ်လို စုံစမ်းစစ်ဆေးရေး တာဝန်ရှိသူတွေကဆိုပါတယ်။

အဆိုပါ Veronika Belotserkovskaya ဟာ ပြည်ပမှာ နေထိုင်တာကြောင့် သူ့ကိုဖမ်းဆီးဖို့ နိုင်ငံတကာဖမ်းဆီးခွင့်ဝရမ်းတောင်းဆိုသွားမယ်လို့ သိရပြီး အသစ်ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်ဆိုင်ရာ ဥပဒေသစ်အရ သတင်းတု သတင်းမှားဖြန့်ချိသူတွေကို အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ အပြစ်ပေးနိုင်တယ်လို့ သိရပါတယ်။

#mhtnews

(Zawgyi)

“လူမႈကြန္ရက္ေတြမွာ သတင္းအမွားတင္ခဲ့တဲ့သူ ၃ ဦးကို ႐ုရွားနိုင္ငံက အသစ္ျပဌာန္းလိုက္တဲ့ သတင္းအခ်က္လက္ဆိုင္ရာဥပေဒနဲ႕ ပထမဆုံး အမႈဖြင့္တရားစြဲဆို”

႐ုရွားနိုင္ငံမွာ သတင္းတု သတင္းမွား ျဖန္ခ်ိတာေတြနဲ႕ ပတ္သက္တဲ့ သတင္းအခ်က္အလက္ဆိုင္ရာ ဥပေဒသစ္တစ္ခုကို ႐ုရွားဒူးမားလႊတ္ေတာ္က ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြအတြင္းမွာ အတည္ျပဳေပးခဲ့ၿပီး အဲဒီဥပေဒကိုခ်ိဳးေဖာက္တဲ့ အမႈတစ္ခုကို မေန႕ (မတ္ ၁၇ ရက္) က ပထမဆုံးအျဖစ္ အမႈဖြင့္ တရားစြဲဆိုခဲ့တယ္လိုသိရေၾကာင္း ေပၚျပဴလာသတင္းက ေဖာ္ျပပါတယ္။

အင္စတာဂရမ္အပါအဝင္ လူမႈကြန္ရက္ေတြမွာ သတင္းတု သတင္းမွားတင္ခဲ့သူ ၃ ေယာက္ကို တရားစြဲဆိုခဲ့တာျဖစ္ၿပီး၊ အဲဒီ ၃ဦးအနက္ တစ္ဦးကေတာ့ အသက္ ၅၁ ႏွစ္အ႐ြယ္ရွိ Veronika Belotserkovskaya ဆိုတဲ့ အမ်ိဳးသမီးျဖစ္တယ္လို သိရပါတယ္။ သူဟာ follower ၉သိန္းေက်ာ္ရွိတဲ့ သူ႕ရဲ႕အင္စတာဂရမ္အေကာင့္မွာ သတင္းတု သတင္းမွားကို တင္ခဲ့တယ္လို စုံစမ္းစစ္ေဆးေရး တာဝန္ရွိသူေတြကဆိုပါတယ္။

အဆိုပါ Veronika Belotserkovskaya ဟာ ျပည္ပမွာ ေနထိုင္တာေၾကာင့္ သူ႕ကိုဖမ္းဆီးဖို႔ နိုင္ငံတကာဖမ္းဆီးခြင့္ဝရမ္းေတာင္းဆိုသြားမယ္လို႔ သိရၿပီး အသစ္ထုတ္ျပန္ထားတဲ့ သတင္းအခ်က္အလက္ဆိုင္ရာ ဥပေဒသစ္အရ သတင္းတု သတင္းမွားျဖန႔္ခ်ိသူေတြကို အျမင့္ဆုံး ေထာင္ဒဏ္ ၁၅ ႏွစ္အထိ အျပစ္ေပးနိုင္တယ္လို႔ သိရပါတယ္။

#mhtnews