လူမှုကွန်ရက်စာမျက်နှာပေါ်၌ ငွေစက္ကူအတုများ ဝယ်ယူရရှိနိုင်ကြောင်း ယုံကြည်အောင် ပြောဆို၍ ငွေစက္ကူ အတုဝယ်ယူလိုသူများထံမှ ငွေကြေးလိမ်လည် ရယူခဲ့သူများအား နည်းပညာအကူအညီဖြင့် ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။

ထိုသို့ လူမှုကွန်ရက်ဖြစ်သည့် Facebook တွင် အမည်အမျိုးမျိုးဖြင့် ကိုယ်ပိုင် Page များဖွင့်လှစ်ကာ ငွေစက္ကူအတုများ ဝယ်ယူရရှိနိုင်ကြောင်း ယုံကြည်အောင်ပြောဆို၍ ၎င်းတို့နှင့်ဆက်သွယ်လာသူ ငွေစက္ကူ အတုဝယ်ယူလိုသူများထံမှ ငွေကြေးလိမ်လည် ရယူလျက်ရှိသည့် “Shine Money” ငွေတုရောင်းဝယ်ရေး၊ “ဝိုင်ကြီးပိုင်ကြီး” ၊ “ကျီးကောင်းမြတ်၊ “ခြူးခြူး” “ထိုင်းဘာသာဖြင့်ရေးသားထားသည့် Facebook Page”၊ “အောင်ကောင်းမာန်” ငွေတုစက္ကူဖြန့်ဖြူးရောင်းဝယ်ရေး၊ “ငွေတုရောင်းဝယ်ရေး” Facebook Page တို့ကို အထူးအမှုစစ်အဖွဲ့များက နည်းပညာအကူအညီဖြင့် စုံစမ်းရှာ ဖွေဖော်ထုတ်ခဲ့ရာ “Shine Money” ငွေတုရောင်းဝယ်ရေး Facebook Page အသုံးပြုသည့် အကောင့်ပိုင်ရှင်ဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ညောင်ဝင်းကျေးရွာနေ ဇွဲဝေဖြိုး (၂၂)နှစ်၊ (ဘ) ဦးကျော်သူရမိုးနှင့် အေးပပ(၁၈)နှစ်၊ (ဘ)ဦးမျိုးညီညီတို့ကို မတ်လ ၃ ရက်နေ့ ည ၉ နာရီခွဲအချိန်တွင် ၎င်းတို့၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ငွေစက္ကူအတုနှင့် ပတ်သက်၍ ဆက်စပ်ပစ္စည်းများ ရှာဖွေတွေ့ရှိခြင်းမရှိသော်လည်း ငွေစက္ကူအတုများရရှိမည်ဖြစ်ကြောင်း အခြားသူများ ယုံကြည်အောင်ပြောဆိုကာ ငွေကြေးလိမ်လည် ရယူခဲ့ရာ၌ အသုံးပြုခဲ့သော Facebook Page များဖွင့်လှစ်ထားသည့် လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ “ပိုင်ကြီးပိုင်ကြီး” Page၊ “ကျီးကောင်းမြတ်” Page ၊ “ခြူးခြူး” Page ၊ ထိုင်း ဘာသာဖြင့် ရေးသားထားသည့် Page တို့ကို အသုံးပြုသည့် အကောင့်ပိုင်ရှင်ဖြစ်သည့် မြန်အောင်မြို့နယ်၊ ကနောင်မြို့၊ ညောင်ဝင်းကျေးရွာနေ သက်ပိုင်ဖြိုး (၃၀)နှစ်၊ (ဘ)ဦးမျိုးမြင့်အား မတ်လ ၃ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်တွင် ၎င်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ ငွေစက္ကူအတုနှင့်ပတ်သက်၍ ဆက်စပ်ပစ္စည်းများ ရှာဖွေတွေ့ရှိခြင်းမရှိသော်လည်း ၎င်း၏လက်ကိုင်ဖုန်းမှ အထက်ပါအကောင့်များဖြင့် ဆက်သွယ်ရေးကွန်ရက်အားအသုံးပြုပြီး ယုံကြည်အောင်ပြောဆိုကာ ငွေကြေးလိမ်လည်ရယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

အလားတူ “အောင်ကောင်းမာန်” ငွေတုစက္ကူဖြန့်ဖြူးရောင်းဝယ်ရေး Facebook Page ကို အသုံးပြုသည့် အကောင့်ပိုင်ရှင်ဖြစ်သည့် မြန်အောင်မြို့နယ်၊ ကနောင်မြို့၊ ကျွဲတဲကုန်း ကျေးရွာအုပ်စု၊ ညောင်ဝင်းကျေးရွာနေ ဟိန်းထက်ဖြိုး(၁၈)နှစ်၊ (ဘ) ဦးကျော်စိုးနိုင်၏နေအိမ်အား မတ်လ ၃ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် ဝင်ရောက်ရှာဖွေခဲ့ရာ ငွေစက္ကူအတုနှင့်ပတ်သက်၍ ဆက်စပ်ပစ္စည်းများ ရှာဖွေတွေ့ရှိခြင်းမရှိသော်လည်း ၎င်း၏လက်ကိုင်ဖုန်းမှ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ငွေအတုများရရှိမည် ဖြစ်ကြောင်းပြောဆိုပြီး အခြားသူများထံမှ ငွေကြေးလိမ်လည်ရယူ ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

အလားတူ “ငွေတုရောင်းဝယ်ရေး” Facebook Page ကို အသုံးပြုသည့် အကောင့်ပိုင်ရှင်ဖြစ်သည့် မြန်အောင်မြို့နယ်၊ ကနောင်မြို့၊ ညောင်ဝင်း ကျေးရွာနေ သက်ဝေခိုင်(၁၈) နှစ်၊ (ဘ)ဦးရဲမြင့်၊ အေးပြည့်စုံ(၁၇)နှစ်၊ (ဘ)ဦးမြင့်ဌေး၊ အောင်ခန့်ပိုင်(၁၇)နှစ်၊ (ဘ)ဦးစိန်သောင်းတို့ ၃ ဦးတို့၏နေအိမ်များသို့ မတ်လ ၃ ရက်နေ့ ည ၁၀ နာရီခွဲတွင် ဝင်ရောက်ရှာဖွေခဲ့ရာ ငွေစက္ကူအတုနှင့်ပတ်သက်၍ ဆက်စပ်ပစ္စည်းများ ရှာဖွေတွေ့ရှိခြင်းမရှိသော်လည်း ငွေစက္ကူအတုများရရှိမည်ဖြစ်ကြောင်း အခြားသူများ ယုံကြည်အောင်ပြောဆိုကာ ငွေကြေးလိမ်လည်ရ ယူခဲ့ရာ၌ အသုံးပြုခဲ့သော Facebook Page များဖွင့်လှစ်ထားသည့် လက်ကိုင် ဖုန်း ၇ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုက်ချက်အရ ၎င်းတို့သည် ငွေစက္ကူ အတုများရောင်းဝယ်ရေးဟု ဖော်ပြထားရှိသော်လည်း အမှန်တကယ်ငွေစက္ကူ အတုများပြုလုပ်၍ အရောင်း အဝယ်ပြုလုပ်ခြင်း မဟုတ်ဘဲ လူမှုကွန်ရက်စာမျက်နှာကိုအသုံးပြု၍ ငွေစက္ကူ အတုဝယ်ယူ လိုသူများအား ယုံကြည်အောင် ပြောဆိုပြီး ငွေစက္ကူ အတုမှာယူရန် ကြိုတင်ငွေလွှဲပေးပို့သည့် ငွေများကို လိမ်လည်ရယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်သိရှိရသည့်အတွက် ဖမ်းဆီး ရမိခဲ့သူ ဇွဲဝေဖြိုးပါ ၇ ဦးတို့အား ကနောင် နယ်မြေရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ)ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။

ထိုသို့ ငွေစက္ကူအတုများ အရောင်းအဝယ်ပြုလုပ်သူများအား ဆက်လက်စုံစမ်းဖော်ထုတ်သွားမည်ဖြစ်သဖြင့် မိဘပြည်သူများ အနေဖြင့်လည်း ထိုကဲ့သို့ အရောင်းအဝယ်ပြုလုပ်သူများအား သိရှိပါက နီးစပ်ရာရဲစခန်းများသို့ သတင်းပေးပို့ တိုင်ကြားနိုင်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#mhtnews

(Zawgyi)

“လူမႈကြန္ရက္စာမ်က္ႏွာေပၚ၌ ေငြစကၠဴအတုမ်ား ဝယ္ယူရရွိနိုင္ေၾကာင္း ယုံၾကည္ေအာင္ ေျပာဆို၍ ေငြစကၠဴ အတုဝယ္ယူလိုသူမ်ားထံမွ ေငြေၾကးလိမ္လည္ ရယူခဲ့သူမ်ားအား နည္းပညာအကူအညီျဖင့္ ေဖာ္ထုတ္ဖမ္းဆီး”

လူမႈကြန္ရက္စာမ်က္ႏွာေပၚ၌ ေငြစကၠဴအတုမ်ား ဝယ္ယူရရွိနိုင္ေၾကာင္း ယုံၾကည္ေအာင္ ေျပာဆို၍ ေငြစကၠဴ အတုဝယ္ယူလိုသူမ်ားထံမွ ေငြေၾကးလိမ္လည္ ရယူခဲ့သူမ်ားအား နည္းပညာအကူအညီျဖင့္ ေဖာ္ထုတ္ဖမ္းဆီးရမိေၾကာင္း သတင္းထုတ္ျပန္ေရးအဖြဲ႕၏ ထုတ္ျပန္မႈအရ သိရသည္။

ထိုသို႔ လူမႈကြန္ရက္ျဖစ္သည့္ Facebook တြင္ အမည္အမ်ိဳးမ်ိဳးျဖင့္ ကိုယ္ပိုင္ Page မ်ားဖြင့္လွစ္ကာ ေငြစကၠဴအတုမ်ား ဝယ္ယူရရွိနိုင္ေၾကာင္း ယုံၾကည္ေအာင္ေျပာဆို၍ ၎တို႔ႏွင့္ဆက္သြယ္လာသူ ေငြစကၠဴ အတုဝယ္ယူလိုသူမ်ားထံမွ ေငြေၾကးလိမ္လည္ ရယူလ်က္ရွိသည့္ Shine Money ေငြတုေရာင္းဝယ္ေရး၊ ဝိုင္ႀကီးပိုင္ႀကီး ၊ က်ီးေကာင္းျမတ္၊ ျခဴးျခဴး ထိုင္းဘာသာျဖင့္ေရးသားထားသည့္ Facebook Page၊ ေအာင္ေကာင္းမာန္ ေငြတုစကၠဴျဖန႔္ျဖဴးေရာင္းဝယ္ေရး၊ ေငြတုေရာင္းဝယ္ေရး Facebook Page တို႔ကို အထူးအမႈစစ္အဖြဲ႕မ်ားက နည္းပညာအကူအညီျဖင့္ စုံစမ္းရွာ ေဖြေဖာ္ထုတ္ခဲ့ရာ “Shine Money” ေငြတုေရာင္းဝယ္ေရး Facebook Page အသုံးျပဳသည့္ အေကာင့္ပိုင္ရွင္ျဖစ္သည့္ ဧရာဝတီတိုင္းေဒသႀကီး၊ ျမန္ေအာင္ၿမိဳ႕နယ္၊ ေညာင္ဝင္းေက်း႐ြာေန ဇြဲေဝၿဖိဳး (၂၂)ႏွစ္၊ (ဘ) ဦးေက်ာ္သူရမိုးႏွင့္ ေအးပပ(၁၈)ႏွစ္၊ (ဘ)ဦးမ်ိဳးညီညီတို႔ကို မတ္လ ၃ ရက္ေန႕ ည ၉ နာရီခြဲအခ်ိန္တြင္ ၎တို႔၏ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ ေငြစကၠဴအတုႏွင့္ ပတ္သက္၍ ဆက္စပ္ပစၥည္းမ်ား ရွာေဖြေတြ႕ရွိျခင္းမရွိေသာ္လည္း ေငြစကၠဴအတုမ်ားရရွိမည္ျဖစ္ေၾကာင္း အျခားသူမ်ား ယုံၾကည္ေအာင္ေျပာဆိုကာ ေငြေၾကးလိမ္လည္ ရယူခဲ့ရာ၌ အသုံးျပဳခဲ့ေသာ Facebook Page မ်ားဖြင့္လွစ္ထားသည့္ လက္ကိုင္ဖုန္း ၃ လုံးတို႔ကို သိမ္းဆည္းရမိခဲ့သည္။

အလားတူ ပိုင္ႀကီးပိုင္ႀကီး Page၊ က်ီးေကာင္းျမတ္ Page ၊ ျခဴးျခဴး Page ၊ ထိုင္း ဘာသာျဖင့္ ေရးသားထားသည့္ Page တို႔ကို အသုံးျပဳသည့္ အေကာင့္ပိုင္ရွင္ျဖစ္သည့္ ျမန္ေအာင္ၿမိဳ႕နယ္၊ ကေနာင္ၿမိဳ႕၊ ေညာင္ဝင္းေက်း႐ြာေန သက္ပိုင္ၿဖိဳး (၃၀)ႏွစ္၊ (ဘ)ဦးမ်ိဳးျမင့္အား မတ္လ ၃ ရက္ေန႕ ည ၉ နာရီ ၄၅ မိနစ္အခ်ိန္တြင္ ၎၏ေနအိမ္ကို ဝင္ေရာက္ရွာေဖြခဲ့ရာ ေငြစကၠဴအတုႏွင့္ပတ္သက္၍ ဆက္စပ္ပစၥည္းမ်ား ရွာေဖြေတြ႕ရွိျခင္းမရွိေသာ္လည္း ၎၏လက္ကိုင္ဖုန္းမွ အထက္ပါအေကာင့္မ်ားျဖင့္ ဆက္သြယ္ေရးကြန္ရက္အားအသုံးျပဳၿပီး ယုံၾကည္ေအာင္ေျပာဆိုကာ ေငြေၾကးလိမ္လည္ရယူခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ရသည္။

အလားတူ ေအာင္ေကာင္းမာန္ ေငြတုစကၠဴျဖန႔္ျဖဴးေရာင္းဝယ္ေရး Facebook Page ကို အသုံးျပဳသည့္ အေကာင့္ပိုင္ရွင္ျဖစ္သည့္ ျမန္ေအာင္ၿမိဳ႕နယ္၊ ကေနာင္ၿမိဳ႕၊ ကြၽဲတဲကုန္း ေက်း႐ြာအုပ္စု၊ ေညာင္ဝင္းေက်း႐ြာေန ဟိန္းထက္ၿဖိဳး(၁၈)ႏွစ္၊ (ဘ) ဦးေက်ာ္စိုးနိုင္၏ေနအိမ္အား မတ္လ ၃ ရက္ေန႕ ည ၁၁ နာရီခြဲအခ်ိန္တြင္ ဝင္ေရာက္ရွာေဖြခဲ့ရာ ေငြစကၠဴအတုႏွင့္ပတ္သက္၍ ဆက္စပ္ပစၥည္းမ်ား ရွာေဖြေတြ႕ရွိျခင္းမရွိေသာ္လည္း ၎၏လက္ကိုင္ဖုန္းမွ ဆက္သြယ္ေရးကြန္ရက္ကိုအသုံးျပဳ၍ ေငြအတုမ်ားရရွိမည္ ျဖစ္ေၾကာင္းေျပာဆိုၿပီး အျခားသူမ်ားထံမွ ေငြေၾကးလိမ္လည္ရယူ ခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ရသည္။

အလားတူ ေငြတုေရာင္းဝယ္ေရး Facebook Page ကို အသုံးျပဳသည့္ အေကာင့္ပိုင္ရွင္ျဖစ္သည့္ ျမန္ေအာင္ၿမိဳ႕နယ္၊ ကေနာင္ၿမိဳ႕၊ ေညာင္ဝင္း ေက်း႐ြာေန သက္ေဝခိုင္(၁၈) ႏွစ္၊ (ဘ)ဦးရဲျမင့္၊ ေအးျပည့္စုံ(၁၇)ႏွစ္၊ (ဘ)ဦးျမင့္ေဌး၊ ေအာင္ခန႔္ပိုင္(၁၇)ႏွစ္၊ (ဘ)ဦးစိန္ေသာင္းတို႔ ၃ ဦးတို႔၏ေနအိမ္မ်ားသို႔ မတ္လ ၃ ရက္ေန႕ ည ၁၀ နာရီခြဲတြင္ ဝင္ေရာက္ရွာေဖြခဲ့ရာ ေငြစကၠဴအတုႏွင့္ပတ္သက္၍ ဆက္စပ္ပစၥည္းမ်ား ရွာေဖြေတြ႕ရွိျခင္းမရွိေသာ္လည္း ေငြစကၠဴအတုမ်ားရရွိမည္ျဖစ္ေၾကာင္း အျခားသူမ်ား ယုံၾကည္ေအာင္ေျပာဆိုကာ ေငြေၾကးလိမ္လည္ရ ယူခဲ့ရာ၌ အသုံးျပဳခဲ့ေသာ Facebook Page မ်ားဖြင့္လွစ္ထားသည့္ လက္ကိုင္ ဖုန္း ၇ လုံးတို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုက္ခ်က္အရ ၎တို႔သည္ ေငြစကၠဴ အတုမ်ားေရာင္းဝယ္ေရးဟု ေဖာ္ျပထားရွိေသာ္လည္း အမွန္တကယ္ေငြစကၠဴ အတုမ်ားျပဳလုပ္၍ အေရာင္း အဝယ္ျပဳလုပ္ျခင္း မဟုတ္ဘဲ လူမႈကြန္ရက္စာမ်က္ႏွာကိုအသုံးျပဳ၍ ေငြစကၠဴ အတုဝယ္ယူ လိုသူမ်ားအား ယုံၾကည္ေအာင္ ေျပာဆိုၿပီး ေငြစကၠဴ အတုမွာယူရန္ ႀကိဳတင္ေငြလႊဲေပးပို႔သည့္ ေငြမ်ားကို လိမ္လည္ရယူခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေဖာ္ထုတ္သိရွိရသည့္အတြက္ ဖမ္းဆီး ရမိခဲ့သူ ဇြဲေဝၿဖိဳးပါ ၇ ဦးတို႔အား ကေနာင္ နယ္ေျမရဲစခန္းတြင္ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဂ)ျဖင့္ အသီးသီး အမႈဖြင့္အေရးယူထားရွိေၾကာင္း သိရသည္။

ထိုသို႔ ေငြစကၠဴအတုမ်ား အေရာင္းအဝယ္ျပဳလုပ္သူမ်ားအား ဆက္လက္စုံစမ္းေဖာ္ထုတ္သြားမည္ျဖစ္သျဖင့္ မိဘျပည္သူမ်ား အေနျဖင့္လည္း ထိုကဲ့သို႔ အေရာင္းအဝယ္ျပဳလုပ္သူမ်ားအား သိရွိပါက နီးစပ္ရာရဲစခန္းမ်ားသို႔ သတင္းေပးပို႔ တိုင္ၾကားနိုင္ပါေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

#mhtnews