တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်းထွက်ပေါ်လာနိုင်သည့် လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများကို  တုံ့ပြန်နိုင်ရေးအတွက် ကာကွယ်ရေးအသုံးစရိတ်ကို ၇ ဒသမ ၁ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲရန် ဆုံးဖြတ်လိုက်ပြီး ယွမ် ၁ ဒသမ ၄၅ ထရီလီယံ (ဒေါ်လာ ၃၀၀ ဘီလီယံကျော်) အထိ တိုးမြှင့်သုံးစွဲ မည်ဟု ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ထုတ်ပြန်ခဲ့သည့် အသုံးစရိတ်စာရင်းတွင် ဖော်ပြခဲ့သည်။

ထိုသို့ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်မည့်အပြင် စစ်ရေးလေ့ကျင့်မှုနှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ တိုက်ပွဲဝင်အသင့်ဖြစ်မှုကို ပိုမိုကောင်းမွန်စေရေး မြှင့်တင်သွားရန်စီစဉ်ထားကာ လက်နက်ကိုင်တပ်များ၏ထောက်ပံ့ပို့ဆောင်ရေးစနစ်များကိုလည်းအဆင့်မြှင့်တင်၍ ခေတ်မီလက်နက်နှင့် လက်နက်စနစ်များ၊ စီမံခန့်ခွဲမှုစနစ်များကိုပါ တည်ဆောက်သွားမည်ဟု ဝန်ကြီးချုပ် လီခဲ့ချန်က ၎င်း၏ လုပ်ငန်းဆောင်တာဆိုင်ရာ အစီခံရင်စာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် အသံထက်မြန်သည့် လက်နက်စနစ်များ အပါအဝင် ပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင်သည့် လက်နက်စနစ် အရေအတွက်သည် မကြာမီနှစ်များအတွင်း ပိုမိုမြင့်တက်လာခဲ့ရာ ထိုသို့ ခေတ်မီပြီး အဆင့်မြင့်လက်နက်စနစ်အရေအတွက် မြင့်တက်လာရသည့်အကြောင်းရင်းမှာ သြစတြေးလျနှင့် ဗြိတိန်ကဲ့သို့သောနိုင်ငံများမှ ရန်လိုမှုများနှင့် ပိုမိုရင်ဆိုင်နေရသည်ဟု ယူဆနေခြင်းကြောင့်ဖြစ်ကြောင်း နိုင်ငံရေးလေ့ပညာရှင်များက သုံးသပ်ထားသည်။

#mhtnews

(Zawgyi)

“လုံၿခဳံေရးဆိုင္ရာၿခိမ္းေျခာက္မႈမ်ားကိုတုံ႕ျပန္နိုင္ ေရးအတြက္ကာကြယ္ေရးအသုံးစရိတ္ကို ၇ ဒသမ ၁ ရာခိုင္ႏႈန္းအထိ တိုးျမႇင့္သုံးစြဲရန္ တ႐ုတ္ဆုံးျဖတ္”

တ႐ုတ္နိုင္ငံအေနျဖင့္ ေဒသတြင္းထြက္ေပၚလာနိုင္သည့္ လုံၿခဳံေရးဆိုင္ရာၿခိမ္းေျခာက္မႈမ်ားကို တုံ႕ျပန္နိုင္ေရးအတြက္ ကာကြယ္ေရးအသုံးစရိတ္ကို ၇ ဒသမ ၁ ရာခိုင္ႏႈန္းအထိ တိုးျမႇင့္သုံးစြဲရန္ ဆုံးျဖတ္လိုက္ၿပီး ယြမ္ ၁ ဒသမ ၄၅ ထရီလီယံ (ေဒၚလာ ၃၀၀ ဘီလီယံေက်ာ္) အထိ တိုးျမႇင့္သုံးစြဲ မည္ဟု ၿပီးခဲ့သည့္ရက္သတၱပတ္အတြင္းက ထုတ္ျပန္ခဲ့သည့္ အသုံးစရိတ္စာရင္းတြင္ ေဖာ္ျပခဲ့သည္။

ထိုသို႔ ကာကြယ္ေရးအသုံးစရိတ္ကို တိုးျမႇင့္မည့္အျပင္ စစ္ေရးေလ့က်င့္မႈႏွင့္ လက္နက္ကိုင္တပ္ဖြဲ႕မ်ား၏ တိုက္ပြဲဝင္အသင့္ျဖစ္မႈကို ပိုမိုေကာင္းမြန္ေစေရးျမႇင့္တင္သြားရန္စီစဥ္ထားကာ လက္နက္ကိုင္တပ္မ်ား၏ေထာက္ပံ့ပို႔ေဆာင္ေရးစနစ္မ်ားကိုလည္းအဆင့္ျမႇင့္တင္၍ေခတ္မီလက္နက္ႏွင့္ လက္နက္စနစ္မ်ား၊စီမံခန႔္ခြဲမႈစနစ္မ်ားကိုပါ တည္ေဆာက္သြားမည္ဟု ဝန္ႀကီးခ်ဳပ္ လီခဲ့ခ်န္က၎၏ လုပ္ငန္းေဆာင္တာဆိုင္ရာ အစီခံရင္စာတြင္ ေဖာ္ျပထားသည္။

တ႐ုတ္နိုင္ငံတြင္ အသံထက္ျမန္သည့္ လက္နက္စနစ္မ်ား အပါအဝင္ ပစ္မွတ္ကို တိက်စြာပစ္ခတ္နိုင္သည့္ လက္နက္စနစ္ အေရအတြက္သည္ မၾကာမီႏွစ္မ်ားအတြင္း ပိုမိုျမင့္တက္လာခဲ့ရာ ထိုသို႔ ေခတ္မီၿပီး အဆင့္ျမင့္လက္နက္စနစ္အေရအတြက္ ျမင့္တက္လာရသည့္အေၾကာင္းရင္းမွာ ၾသစေၾတးလ်ႏွင့္ ၿဗိတိန္ကဲ့သို႔ေသာနိုင္ငံမ်ားမွ ရန္လိုမႈမ်ားႏွင့္ ပိုမိုရင္ဆိုင္ေနရသည္ဟု ယူဆေနျခင္းေၾကာင့္ျဖစ္ေၾကာင္း နိုင္ငံေရးေလ့ပညာရွင္မ်ားက သုံးသပ္ထားသည္။

#mhtnews