နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၂)ညသို့ တက်ရောက်ပြီး စီမံခန့်ခွဲမှုနဲ့ပတ်သက်လို့ အမှာစကားပြောကြားရာမှာ-

“အစိုးရအဖွဲ့များအနေနဲ့ နိုင်ငံတော်ကို စီမံခန့်ခွဲ ဆောင်ရွက်ရာမှာ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆောင်ရွက်ကြဖို့လိုကြောင်း၊ မိမိတို့ရဲ့ လုပ်ပိုင်ခွင့်ကိုအသုံးချပြီး ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပြီး လုပ်ပိုင်ခွင့်ကို အသုံးချကာ အမြတ်ထုတ်ဆောင်ရွက်ခြင်းများ မဖြစ်ဖို့လို ကြောင်း၊ တိုင်းပြည်ကောင်းစားရေး အတွက်ကိုသာ ရှေးရှုဆောင်ရွက်ကြစေလိုပြီး နိုင်ငံရေးကင်းရှင်းဖို့လိုအပ်မည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။

အလားတူ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်များအနေနဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လုံခြုံရေး၊ နိုင်ငံရေး အမြင်များ ရှိဖို့လိုကြောင်း၊ အမြင်လေးမျိုးနဲ့ အဘက်ဘက်မှ သုံးသပ်၍ တွေးခေါ်မျှော်မြင်စဉ်းစား ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဝန်ကြီးဌာနများဟာ အစိုးရအဖွဲ့ရဲ့မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့၊ ရည်မှန်းချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဖို့ ကွပ်ကဲဆောင်ရွက်ရမှာဖြစ်ပြီး ဝန်ကြီးချုပ်များအနေနဲ့လည်း မိမိတို့ဒေသနဲ့ကိုက်ညီတဲ့ အစီအမံများ၊ ကွပ်ကဲအုပ်ချုပ်မှုပုံစံများနဲ့ ဆောင်ရွက်သွားဖို့လိုအပ်မှာဖြစ်ကြောင်း၊ မိမိတို့ အုပ်ချုပ်ဆောင်ရွက်နေရတဲ့ အချိန်ကာလအတွင်း နိုင်ငံတော်ကို ကောင်းအောင် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ မှတ်တမ်းကောင်းများ ကျန်ရှိဖို့လိုအပ်ကြောင်းတို့ကိုလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

#mhtnews

(Zawgyi)

“လုပ္ပိုင္ခြင့္ကိုအသုံးခ်ၿပီး အျမတ္ထုတ္ေဆာင္႐ြက္ျခင္းမ်ား မျဖစ္ဖို႔လိုသလို တိုင္းျပည္ေကာင္းစားေရးအတြက္ကိုသာ ေရွးရႈေဆာင္႐ြက္ၾကေစလိုတယ္လို႔ နစကဥကၠ႒ေျပာ”

နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္ ျပည္ေထာင္စုအစိုးရအဖြဲ႕ အစည္းအေဝး အမွတ္စဥ္ (၂/၂၀၂၂)ညသို႔ တက္ေရာက္ၿပီး စီမံခန႔္ခြဲမႈနဲ႕ပတ္သက္လို႔ အမွာစကားေျပာၾကားရာမွာ-

“အစိုးရအဖြဲ႕မ်ားအေနနဲ႕ နိုင္ငံေတာ္ကို စီမံခန႔္ခြဲ ေဆာင္႐ြက္ရာမွာ က်ယ္က်ယ္ျပန႔္ျပန႔္ စဥ္းစားေဆာင္႐ြက္ၾကဖို႔လိုေၾကာင္း၊ မိမိတို႔ရဲ႕ လုပ္ပိုင္ခြင့္ကိုအသုံးခ်ၿပီး ဝန္ႀကီးဌာနအလိုက္၊ တိုင္းေဒသႀကီးနဲ႕ ျပည္နယ္အလိုက္ ၾကပ္ၾကပ္မတ္မတ္ေဆာင္႐ြက္ဖို႔ လိုအပ္မွာျဖစ္ၿပီး လုပ္ပိုင္ခြင့္ကို အသုံးခ်ကာ အျမတ္ထုတ္ေဆာင္႐ြက္ျခင္းမ်ား မျဖစ္ဖို႔လို ေၾကာင္း၊ တိုင္းျပည္ေကာင္းစားေရး အတြက္ကိုသာ ေရွးရႈေဆာင္႐ြက္ၾကေစလိုၿပီး နိုင္ငံေရးကင္းရွင္းဖို႔လိုအပ္မည္ျဖစ္ေၾကာင္း” ေျပာၾကားခဲ့ပါတယ္။

အလားတူ ဝန္ႀကီးဌာနမ်ား၊ သက္ဆိုင္ရာ တိုင္းေဒသႀကီးနဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားအေနနဲ႕ အုပ္ခ်ဳပ္ေရး၊ စီးပြားေရး၊ လုံၿခဳံေရး၊ နိုင္ငံေရး အျမင္မ်ား ရွိဖို႔လိုေၾကာင္း၊ အျမင္ေလးမ်ိဳးနဲ႕ အဘက္ဘက္မွ သုံးသပ္၍ ေတြးေခၚေမွ်ာ္ျမင္စဥ္းစား ေဆာင္႐ြက္ၾကရမွာျဖစ္ေၾကာင္း၊ ဝန္ႀကီးဌာနမ်ားဟာ အစိုးရအဖြဲ႕ရဲ႕မူဝါဒကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ဖို႔၊ ရည္မွန္းခ်က္မ်ားကို ေအာင္ျမင္ေအာင္ အေကာင္အထည္ေဖာ္ဖို႔ ကြပ္ကဲေဆာင္႐ြက္ရမွာျဖစ္ၿပီး ဝန္ႀကီးခ်ဳပ္မ်ားအေနနဲ႕လည္း မိမိတို႔ေဒသနဲ႕ကိုက္ညီတဲ့ အစီအမံမ်ား၊ ကြပ္ကဲအုပ္ခ်ဳပ္မႈပုံစံမ်ားနဲ႕ ေဆာင္႐ြက္သြားဖို႔လိုအပ္မွာျဖစ္ေၾကာင္း၊ မိမိတို႔ အုပ္ခ်ဳပ္ေဆာင္႐ြက္ေနရတဲ့ အခ်ိန္ကာလအတြင္း နိုင္ငံေတာ္ကို ေကာင္းေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့တဲ့ မွတ္တမ္းေကာင္းမ်ား က်န္ရွိဖို႔လိုအပ္ေၾကာင္းတို႔ကိုလည္း ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

#mhtnews