လဝက လုပ်ငန်းများသည် ပြီးဆုံးသွားသည့် လုပ်ငန်းမဟုတ်သဖြင့် ကောက်သင်းကောက် လုပ်ငန်းများအဖြစ် ဆက်လက်ဆောင်ရွက်ခြင်းဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ယမန်နေ့ နံနက်ပိုင်းတွင် ပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက “ယခုကဲ့သို့ ပန်းခင်းစီမံချက် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းအတွက် မိမိတို့ဌာန ဝန်ထမ်းများနှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများအားလုံးကို အထူးကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် ပြီးဆုံးသွားသည့် လုပ်ငန်းမဟုတ်သဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက် နေရမည့်လုပ်ငန်းဖြစ်ပြီး ယခုဆောင်ရွက်မှုများအတွက် စာရင်းဇယား အထောက်အထား၊ မှတ်တမ်းမှတ်ရာများ ဖြည့်သွင်းဆောင်ရွက်ခြင်း၊ ကောက်သင်းကောက် လုပ်ငန်းများအဖြစ် ဆက်လက်ဆောင်ရွက်ခြင်းဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၈၀၀၁၆) ကတ်ထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ (၃၈၉၇၂၃) ကတ် ပြီးစီးနေပြီဖြစ်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်ကျော်လွန်အောင် ဆောင်ရွက်နိုင်သည့် စတုတ္ထမြောက်တိုင်းဒေသကြီး ဖြစ်လာခဲ့သည်။

#mhtnews

(Zawgyi)

“လဝက လုပ္ငန္းမ်ားသည္ ၿပီးဆုံးသြားသည့္ လုပ္ငန္းမဟုတ္သျဖင့္ ေကာက္သင္းေကာက္ လုပ္ငန္းမ်ားအျဖစ္ ဆက္လက္ေဆာင္႐ြက္ျခင္းျဖင့္ ဝိုင္းဝန္းႀကိဳးပမ္း ေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးခင္ရီေျပာၾကား”

လဝက လုပ္ငန္းမ်ားသည္ ၿပီးဆုံးသြားသည့္ လုပ္ငန္းမဟုတ္သျဖင့္ ေကာက္သင္းေကာက္ လုပ္ငန္းမ်ားအျဖစ္ ဆက္လက္ေဆာင္႐ြက္ျခင္းျဖင့္ ဝိုင္းဝန္းႀကိဳးပမ္း ေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခင္ရီက ယမန္ေန႕ နံနက္ပိုင္းတြင္ ျပဳလုပ္သည့္ မႏၱေလးတိုင္းေဒသႀကီး ပန္းခင္းစီမံခ်က္ တိုင္းလုံးကြၽတ္လ်ာထားခ်က္ ရာႏႈန္းျပည့္ၿပီးေျမာက္ေအာင္ျမင္ပြဲအခမ္းအနားသို႔ တက္ေရာက္အမွာစကားေျပာၾကားရာ၌ ထည့္သြင္းေျပာၾကားသည္။

ျပည္ေထာင္စုဝန္ႀကီးက “ယခုကဲ့သို႔ ပန္းခင္းစီမံခ်က္ ေအာင္ျမင္ေအာင္ ေဆာင္႐ြက္နိုင္ခဲ့ျခင္းအတြက္ မိမိတို႔ဌာန ဝန္ထမ္းမ်ားႏွင့္ သက္ဆိုင္ရာ အာဏာပိုင္အဖြဲ႕အစည္းမ်ား၊ ဆက္စပ္ဌာနမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ား၊ ရပ္ကြက္/ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ားအားလုံးကို အထူးေက်းဇူးတင္ ဂုဏ္ျပဳမွတ္တမ္းတင္ေၾကာင္း၊ ယင္းလုပ္ငန္းစဥ္သည္ ၿပီးဆုံးသြားသည့္ လုပ္ငန္းမဟုတ္သျဖင့္ စဥ္ဆက္မျပတ္ေဆာင္႐ြက္ ေနရမည့္လုပ္ငန္းျဖစ္ၿပီး ယခုေဆာင္႐ြက္မႈမ်ားအတြက္ စာရင္းဇယား အေထာက္အထား၊ မွတ္တမ္းမွတ္ရာမ်ား ျဖည့္သြင္းေဆာင္႐ြက္ျခင္း၊ ေကာက္သင္းေကာက္ လုပ္ငန္းမ်ားအျဖစ္ ဆက္လက္ေဆာင္႐ြက္ျခင္းျဖင့္ ဝိုင္းဝန္းႀကိဳးပမ္း ေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း” ေျပာၾကားခဲ့ျခင္းျဖစ္သည္။

မန္တ​းေတိုင္းေဒသႀကီးအတြင္း ပန္းခင္းစီမံခ်က္ျဖင့္ နိုင္ငံသားစိစစ္ေရးကတ္ျပား (၃၈၀၀၁၆) ကတ္ထုတ္ေပးရန္ လ်ာထားေဆာင္႐ြက္ခဲ့ရာ ယခုအထိ (၃၈၉၇၂၃) ကတ္ ၿပီးစီးေနၿပီျဖစ္သျဖင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအနက္ တိုင္းလုံးကြၽတ္ လ်ာထားခ်က္ ရာႏႈန္းျပည့္ ၿပီးေျမာက္ေက်ာ္လြန္ေအာင္ ေဆာင္႐ြက္နိုင္သည့္ စတုတၳေျမာက္တိုင္းေဒသႀကီး ျဖစ္လာခဲ့သည္။

#mhtnews