ရွှေဘို၊ မတ်လ ၁၄ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို၊ အမှတ်(၁)၊ ဘူတာ (က)ရပ်ကွက်၌ ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၁၀ နာရီအချိန်ခန့်တွင် ၎င်းရပ်ကွက်နေ ဦးငြိမ်းချမ်း(၃၅)နှစ်၏ သွပ်မိုး၊ ထရံကာ၊ပျဉ်ခင်း(၂)ထပ်အိမ် အောက်ထပ်ရှိ လျှပ်စစ်မိန်းခုံအပူလွန်ကဲမှုဖြစ်ပွားရာက ဝါယာရှော့ဖြစ်၍ မီးစတင်လောင်ကျွမ်းခဲ့ရာ ဦးငြိမ်းချမ်း၏နေအိမ် (၁)လုံးနှင့် တောင်ဘက် အိမ်ချင်းကပ် ဦးရွှေကို၏ သွပ်မိုး၊ ထရံကာ (၁)ထပ်နေအိမ်(၁)လုံး စုစုပေါင်းနေအိမ်(၂)လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို မြိုမရဲစခန်း(ရွှေဘို)မှရဲတပ်ဖွဲများ၊ ခရိုင်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲများနှင့် ပြည်သူများမှဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီခွဲကျော်အချိန်ခန့်တွင် မီးငြိမ်းသွားကြောင်း သိရပါသည်။
#mhtnews

(Zawgyi)
ရွှေဘိုမြို့၌ ဝါယာရှော့ဖြစ်ကာ နေအိမ် ၂ လုံးမီးလောင်ကျွမ်းမှုဖြစ်ပွား

ရွှေဘို၊ မတ်လ ၁၄ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၁)၊ ဘူတာ (က)ရပ်ကွက်၌ ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၁၀ နာရီအချိန်ခန့်တွင် ၎င်းရပ်ကွက်နေ ဦးငြိမ်းချမ်း(၃၅)နှစ်၏ သွပ်မိုး၊ ထရံကာ၊ပျဉ်ခင်း(၂)ထပ်အိမ် အောက်ထပ်ရှိ လျှပ်စစ်မိန်းခုံအပူလွန်ကဲမှုဖြစ်ပွားရာက ဝါယာရှော့ဖြစ်၍ မီးစတင်လောင်ကျွမ်းခဲ့ရာ ဦးငြိမ်းချမ်း၏နေအိမ် (၁)လုံးနှင့် တောင်ဘက် အိမ်ချင်းကပ် ဦးရွှေကို၏ သွပ်မိုး၊ ထရံကာ (၁)ထပ်နေအိမ်(၁)လုံး စုစုပေါင်းနေအိမ်(၂)လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မြို့မရဲစခန်း(ရွှေဘို)မှရဲတပ်ဖွဲ့များ၊ ခရိုင်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့များနှင့် ပြည်သူများမှဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီခွဲကျော်အချိန်ခန့်တွင် မီးငြိမ်းသွားကြောင်း သိရပါသည်။
#mhtnews