ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဇီးကုန်းကျေးရွာ(အလယ်ပိုင်း) နေ ထွန်းသက်ဝင်း(ဘ)ဦးစိန်သောင်းနှင့် မြတ်သီရိလမ်း၊ အမှတ်(၂)ရပ်ကွက်နေ အောင်မြတ်စိုး(ခ)အောင်လေး(ဘ)ဦးဌေးဝင်းတို့ ၂ ဦးသည် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့ အစည်းများနှင့် ဆက်သွယ်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းတက်ရောက်ခြင်း၊ လက်နက်၊ ခဲယမ်းများ သိုဝှက်သယ်ဆောင်ပေးခြင်းတို့ကြောင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၀(ဈ)နှင့် ၅၀(ည)တို့အရ ၂၀၂၂ ခုနှစ်၊ မတ် ၂၅ ရက်တွင် ၎င်းတို့နှစ်ဦးအား “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ် အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ် ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်းပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကိုဖောက်ဖျက်ကျူးလွန်ပါကစစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက် ကာထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#mhtnews
(Zawgyi)
“ေ႐ႊျပည္သာၿမိဳ႕နယ္မွ အၾကမ္းဖက္တရားခံ ၂ ဦးကို “ေထာင္ဒဏ္တစ္သက္” ျပသ္ဒဏ္ခ်မွတ္”
ရန္ကုန္တိုင္းေဒသႀကီး၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ ဇီးကုန္းေက်း႐ြာ(အလယ္ပိုင္း) ေန ထြန္းသက္ဝင္း(ဘ)ဦးစိန္ေသာင္းႏွင့္ ျမတ္သီရိလမ္း၊ အမွတ္(၂)ရပ္ကြက္ေန ေအာင္ျမတ္စိုး(ခ)ေအာင္ေလး(ဘ)ဦးေဌးဝင္းတို႔ ၂ ဦးသည္ အၾကမ္းဖက္အုပ္စုမ်ားအျဖစ္ သတ္မွတ္ေၾကညာထားသည့္ အဖြဲ႕ အစည္းမ်ားႏွင့္ ဆက္သြယ္ျခင္း၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ နယ္ေျမအတြင္း သင္တန္းတက္ေရာက္ျခင္း၊ လက္နက္၊ ခဲယမ္းမ်ား သိုဝွက္သယ္ေဆာင္ေပးျခင္းတို႔ေၾကာင့္ စစ္အုပ္ခ်ဳပ္ေရး (Martial Law) စစ္ခုံ႐ုံးဖြဲ႕၍ စစ္ေဆးမႈမ်ားေဆာင္႐ြက္ခဲ့ရာ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဉပေဒပုဒ္မ ၅၀(ဈ)ႏွင့္ ၅၀(ည)တို႔အရ ၂၀၂၂ ခုႏွစ္၊ မတ္ ၂၅ ရက္တြင္ ၎တို႔ႏွစ္ဦးအား ေထာင္ဒဏ္တစ္သက္ ျပစ္ဒဏ္ အမိန႔္ခ်မွတ္လိုက္ေၾကာင္း သိရွိရသည္။
စစ္အုပ္ခ်ဳပ္ေရးအမိန႔္ထုတ္ျပန္ေၾကညာထားသည့္ ၿမိဳ႕နယ္မ်ားအတြင္း စစ္ ခုံ႐ုံးျဖင့္ စစ္ေဆးမည့္ျပစ္မႈဆိုင္ရာ ၂၃ မ်ိဳးကိုလည္းပူးတြဲထုတ္ျပန္ထားေၾကာင္းႏွင့္ အဆိုပါျပစ္မႈမ်ားကိုေဖာက္ဖ်က္က်ဴးလြန္ပါကစစ္ခုံ႐ုံးဖြဲ႕၍ စစ္ေဆးမႈမ်ားေဆာင္႐ြက္ ကာထိထိေရာက္ေရာက္ ျမန္ျမန္ဆန္ဆန္ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
#mhtnews
Recent Comments