ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ တောင်ကြားကျေးရွာရှိ လယ်ယာမြေဧက ၁၃၀၀ မှ လယ်ယာထွက်ကုန် သီးနှံများ စျေးကွက်သို့ အချိန်မီရောက်ရှိစေရေး ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်လျက်ရှိရာ ယခုအချိန်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ရွာငံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းကို ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မူလခွင့်ပြုရန်ပုံငွေ ကျပ် ၆၄ ဒသမ ၉၄ သန်းဖြင့် တင်ဒါအောင်မြင်သော Ability First ကုမ္ပဏီနှင့် Future Moon ကုမ္ပဏီတို့မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ပထမပတ်ကစတင်၍ တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုအခါ အရှည် ၂ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ ဗြုန်းကျောက်ခင်း ကျေးလက်ကုန်ထုတ်လမ်းမှာ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်သည်။

 ထိုသို့ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှုကြောင့် တောင်ကြားကျေးရွာရှိ လယ်ယာမြေဧက ၁၃၀၀ မှ လယ်ယာထွက်ကုန် သီးနှံများသည် ရွာငံ၊ ပင်းတယ၊ အောင်ပန်း၊ ကလော၊ တောင်ကြီးမြို့ကြီးများရှိ စျေးကွက်သို့ အချိန်မီ ရောက်ရှိတော့မည်ဖြစ်ကြောင်း ရွာငံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းမြတ်ထိုက်ထံမှ သိရသည်။

(Zawgyi)

“ရွာငံမြို့နယ်၌ လယ်ယာမြေဧက ၁၃၀၀ ကိုအကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး”

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ တောင်ကြားကျေးရွာရှိ လယ်ယာမြေဧက ၁၃၀၀ မှ လယ်ယာထွက်ကုန် သီးနှံများ ဈေးကွက်သို့ အချိန်မီရောက်ရှိစေရေး ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်လျက်ရှိရာ ယခုအချိန်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ရွာငံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ထိုသို့ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှုကြောင့် တောင်ကြားကျေးရွာရှိ လယ်ယာမြေဧက ၁၃၀၀ မှ လယ်ယာထွက်ကုန် သီးနှံများသည် ရွာငံ၊ ပင်းတယ၊ အောင်ပန်း၊ ကလော၊ တောင်ကြီးမြို့ကြီးများရှိ ဈေးကွက်သို့ အချိန်မီ ရောက်ရှိတော့မည်ဖြစ်ကြောင်း ရွာငံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းမြတ်ထိုက်ထံမှ သိရသည်။