ရေစကြို၊ မတ်လ ၁၄ ရက်

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြိုနယ်၊ ထန်းငယ်တောကျေးရွာအုပ်စု၊ သဲတောကျေးရွာ၌ ယနေ့ (မတ်လ ၁၄ ရက်) မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန်အတွက် လက်လုပ်သေနတ်နှင့် လက်လုပ်မိုင်းများပြုလုပ်နေသူ ၂ ဦးကို လုံခြုံရေးတပ်ဖွဲမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများမှာ ရေစကြိုမြိုနယ်၊ ဟင်္သာကျေးရွာမှ PDF အကြမ်းဖက်အဖွဲဝင် ထွန်းမောင် ဆိုသူနှင့် တစ်ရွာတည်းနေ ဝေယံထွန်း ဆိုသူတိုဖြစ်ပြီး ၎င်းတိုထံမှ ၃ ပေခန့်ရှိ လက်လုပ်သေနတ်အရှည်(ပြုလုပ်ပြီး) ၇ လက်၊ လက်လုပ်သေနတ် (ပြုလုပ်ဆဲ) ၁၄လက်၊ လက်လုပ်သေနတ်ပြောင်းအတို ၁၀၇ ခု၊ လက်လုပ်လျှော့တိုက်ဒုံး ၂ လုံး၊ မိုင်းပြုလုပ်ရန် ဖြတ်တောက်ထားသည့် ၃ လက်မပိုက် ၅ ခု၊ ကျည်ကာအင်္ကျီအခွံ(အမဲရောင်) ၃ ထည်၊ သံဖြတ်စက် ၆ ခု၊ သံဖောက်စက် ၃ ခု၊ ဝရိန်စက် ၁ ခု၊ လက်လုပ်ရှေ့ထွက်မိုင်း ၁ လုံး၊လက်လုပ်သံပိုက်မိုင်း (ပြုလုပ်ပြီး) ၁၀ လုံး၊ လက်လုပ်သံပိုက်မိုင်း (ပြုလုပ်ဆဲ) ၃၂ လုံး၊ ပုလဲဓာတ်မြေသြဇာ ၃ ပိဿာ၊ ယမ်း ၁ ပိဿာ၊ သံတို/သံစ ဖြတ်တောက်ပြီး ၂ အိတ်၊ စတီဘုလုံး ၂၅၀ လုံး၊ ဝါယာကြိုး ၂ ခွေ၊ ဒေတိုနီတာ ၆၂ ချောင်းတိုကို သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရသည်။
#mhtnews

(Zawgyi)
ရေစကြိုမြို့နယ်၌ လက်လုပ်သေနတ်နှင့် လက်လုပ်မိုင်းများပြုလုပ်နေသည့် PDF အကြမ်းဖက်အဖွဲ့ဝင် ၂ ဦး ဖမ်းဆီးရမိ

ရေစကြို၊ မတ်လ ၁၄ ရက်

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ထန်းငယ်တောကျေးရွာအုပ်စု၊ သဲတောကျေးရွာ၌ ယနေ့ (မတ်လ ၁၄ ရက်) မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန်အတွက် လက်လုပ်သေနတ်နှင့် လက်လုပ်မိုင်းများပြုလုပ်နေသူ ၂ ဦးကို လုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများမှာ ရေစကြိုမြို့နယ်၊ ဟင်္သာကျေးရွာမှ PDF အကြမ်းဖက်အဖွဲ့ဝင် ထွန်းမောင် ဆိုသူနှင့် တစ်ရွာတည်းနေ ဝေယံထွန်း ဆိုသူတို့ဖြစ်ပြီး ၎င်းတို့ထံမှ ၃ ပေခန့်ရှိ လက်လုပ်သေနတ်အရှည်(ပြုလုပ်ပြီး) ၇ လက်၊ လက်လုပ်သေနတ် (ပြုလုပ်ဆဲ) ၁၄လက်၊ လက်လုပ်သေနတ်ပြောင်းအတို ၁၀၇ ခု၊ လက်လုပ်လျှော့တိုက်ဒုံး ၂ လုံး၊ မိုင်းပြုလုပ်ရန် ဖြတ်တောက်ထားသည့် ၃ လက်မပိုက် ၅ ခု၊ ကျည်ကာအင်္ကျီအခွံ(အမဲရောင်) ၃ ထည်၊ သံဖြတ်စက် ၆ ခု၊ သံဖောက်စက် ၃ ခု၊ ဝရိန်စက် ၁ ခု၊ လက်လုပ်ရှေ့ထွက်မိုင်း ၁ လုံး၊လက်လုပ်သံပိုက်မိုင်း (ပြုလုပ်ပြီး) ၁၀ လုံး၊ လက်လုပ်သံပိုက်မိုင်း (ပြုလုပ်ဆဲ) ၃၂ လုံး၊ ပုလဲဓာတ်မြေသြဇာ ၃ ပိဿာ၊ ယမ်း ၁ ပိဿာ၊ သံတို/သံစ ဖြတ်တောက်ပြီး ၂ အိတ်၊ စတီဘုလုံး ၂၅၀ လုံး၊ ဝါယာကြိုး ၂ ခွေ၊ ဒေတိုနီတာ ၆၂ ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရသည်။
#mhtnews