ရုရှား- ယူကရိန်းစစ်ပွဲအတွင်း၌ ယူကရိန်းရှိ မြေအောက် လက်နက်သိုလှောင်ရုံများကို ဖျက်ဆီးရန်အတွက် အသံထက်မြန်သော အဆင့်မြင့် Kinzhal ဒုံးကျည်များကို ပထမဆုံးအကြိမ် အသုံးပြုခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့တွင် ပြောကြားခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဖော်ပြခဲ့သည်။
“မတ်လ ၁၈ ရက်နေ့မှာ အသံထပ်မြန်သော ပဲ့ထိန်းဒုံးကျည်များ တပ်ဆင်ထားသည့် Kinzhal ဒုံးကျည်စနစ်ကို အသုံးပြုပြီး ဒယ်ယာတင်မြို့ရှိ ယူကရိန်းတပ်ဖွဲ့များအတွက် ဒုံးကျည်များနှင့် ကျည်ဆံများ သိုလှောင်ထားရာ မြေအောက်သိုလှောင်ရုံအကြီးစားတစ်ခုကို ဖျက်ဆီးနိုင်ခဲ့ပါတယ်” ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ညပိုင်းစစ်ဆင်ရေးတွင် ယူကရိန်းစစ်တပ်၏ အစိတ်အပိုင်း ၆၉ ခု ထိမှန်ခဲ့ပြီး ယူကရိန်း၏ မောင်းသူမဲ့ လေယာဉ် ၁၂ စင်းကိုလည်း ရုရှားလေကြောင်းကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့သည်ဟု ပြောဆိုထားသည်။
ယခုအထိ ရုရှားတပ်ဖွဲ့များက ယူကရိန်း၏ မောင်းသူမဲ့လေယာဉ် ၁၉၆ စင်း၊ တင့်ကားနှင့် အခြားသံချပ်ကာကား ၁,၄၃၈ စီး၊ ဒုံးကျည်ပစ်စနစ် ၁၄၅ ခု၊ အမြှောက် ၅၅၆ ခုနှင့် အထူးစစ်ဘက်ဆိုင်ရာယာဉ်ပေါင်း ၁,၂၃၇ စင်းတို့ကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း ၎င်းသတင်းဖော်ပြမှုအရ သိရသည်။
အလားတူ ယူကရိန်းစစ်တပ်ဘက်ကလည်း ယခုအချိန်အထိ ရုရှားစစ်သားပေါင်း ၁၄,၄၀၀ ဦးကို သတ်ဖြတ်နိုင်ခဲ့ပြီး ရုရှားလေယာဉ် ၉၅ စင်း၊ ရဟတ်ယာဉ် ၁၁၅ စင်း၊ တင့်ကား ၄၆၆ စင်း၊ မော်တော်ယာဉ် ၉၁၄ စင်း၊ လောင်စာဆီသယ်ယာဉ် အစင်း ၆၀၊ မောင်းသူမဲ့လေယာဉ် ၁၇ စင်းနှင့် အပေါ့စား စပိဘုတ် ၃ စီးတို့ကို ဖျက်ဆီးတိုက်ခိုက်နိုင်ခဲ့သည်ဟု ပြောဆိုထားသည်။
ကုလသမဂ္ဂ၏ အဆိုအရ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် စတင်ခဲ့သော စစ်ပွဲကြောင့် အရပ်သားပေါင်း ၈၁၆ ဦး သေဆုံးကာ ၁,၃၃၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရှိရပြီး ပြည်သူပေါင်း ၃.၂၇ သန်းသည် ယူကရိန်းမှ ထွက်ပြေးခဲ့ရပြီး ၆.၄၈ သန်းမှာ အိုးအိမ်မဲ့ဖြစ်နေကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ခန့်မှန်းထားသည်။
#mhtnews
(Zawgyi)
“႐ုရွား- ယူကရိန္းစစ္ပြဲအတြင္း ပထမဆုံးအႀကိမ္အျဖစ္ အသံထက္ျမန္ေသာ Kinzhal အဆင့္ျမင့္ဒုံးက်ည္မ်ားကို အသုံးျပဳလိုက္ေၾကာင္း ႐ုရွားထုတ္ေျပာ”
႐ုရွား- ယူကရိန္းစစ္ပြဲအတြင္း၌ ယူကရိန္းရွိ ေျမေအာက္ လက္နက္သိုေလွာင္႐ုံမ်ားကို ဖ်က္ဆီးရန္အတြက္ အသံထက္ျမန္ေသာ အဆင့္ျမင့္ Kinzhal ဒုံးက်ည္မ်ားကို ပထမဆုံးအႀကိမ္ အသုံးျပဳခဲ့သည္ဟု ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက စေနေန႕တြင္ ေျပာၾကားခဲ့ေၾကာင္း Anadolu Agency သတင္းဌာနက ေဖာ္ျပခဲ့သည္။
မတ္လ ၁၈ ရက္ေန႕မွာ အသံထပ္ျမန္ေသာ ပဲ့ထိန္းဒုံးက်ည္မ်ား တပ္ဆင္ထားသည့္ Kinzhal ဒုံးက်ည္စနစ္ကို အသုံးျပဳၿပီး ဒယ္ယာတင္ၿမိဳ႕ရွိ ယူကရိန္းတပ္ဖြဲ႕မ်ားအတြက္ ဒုံးက်ည္မ်ားႏွင့္ က်ည္ဆံမ်ား သိုေလွာင္ထားရာ ေျမေအာက္သိုေလွာင္႐ုံအႀကီးစားတစ္ခုကို ဖ်က္ဆီးနိုင္ခဲ့ပါတယ္ ဟု ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာန၏ ေျပာေရးဆိုခြင့္ရွိသူက ဆိုသည္။
ညပိုင္းစစ္ဆင္ေရးတြင္ ယူကရိန္းစစ္တပ္၏ အစိတ္အပိုင္း ၆၉ ခု ထိမွန္ခဲ့ၿပီး ယူကရိန္း၏ ေမာင္းသူမဲ့ ေလယာဥ္ ၁၂ စင္းကိုလည္း ႐ုရွားေလေၾကာင္းကာကြယ္ေရးစနစ္ျဖင့္ ပစ္ခ်နိဳင္ခဲ့သည္ဟု ေျပာဆိုထားသည္။
ယခုအထိ ႐ုရွားတပ္ဖြဲ႕မ်ားက ယူကရိန္း၏ ေမာင္းသူမဲ့ေလယာဥ္ ၁၉၆ စင္း၊ တင့္ကားႏွင့္ အျခားသံခ်ပ္ကာကား ၁,၄၃၈ စီး၊ ဒုံးက်ည္ပစ္စနစ္ ၁၄၅ ခု၊ အျမႇောက္ ၅၅၆ ခုႏွင့္ အထူးစစ္ဘက္ဆိုင္ရာယာဥ္ေပါင္း ၁,၂၃၇ စင္းတို႔ကို တိုက္ခိုက္ဖ်က္ဆီးခဲ့ၿပီးျဖစ္ေၾကာင္း ၎သတင္းေဖာ္ျပမႈအရ သိရသည္။
အလားတူ ယူကရိန္းစစ္တပ္ဘက္ကလည္း ယခုအခ်ိန္အထိ ႐ုရွားစစ္သားေပါင္း ၁၄,၄၀၀ ဦးကို သတ္ျဖတ္နိုင္ခဲ့ၿပီး ႐ုရွားေလယာဥ္ ၉၅ စင္း၊ ရဟတ္ယာဥ္ ၁၁၅ စင္း၊ တင့္ကား ၄၆၆ စင္း၊ ေမာ္ေတာ္ယာဥ္ ၉၁၄ စင္း၊ ေလာင္စာဆီသယ္ယာဥ္ အစင္း ၆၀၊ ေမာင္းသူမဲ့ေလယာဥ္ ၁၇ စင္းႏွင့္ အေပါ့စား စပိဘုတ္ ၃ စီးတို႔ကို ဖ်က္ဆီးတိုက္ခိုက္နိုင္ခဲ့သည္ဟု ေျပာဆိုထားသည္။
ကုလသမဂၢ၏ အဆိုအရ ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႕တြင္ စတင္ခဲ့ေသာ စစ္ပြဲေၾကာင့္ အရပ္သားေပါင္း ၈၁၆ ဦး ေသဆုံးကာ ၁,၃၃၃ ဦး ဒဏ္ရာရခဲ့ေၾကာင္း သိရွိရၿပီး ျပည္သူေပါင္း ၃.၂၇ သန္းသည္ ယူကရိန္းမွ ထြက္ေျပးခဲ့ရၿပီး ၆.၄၈ သန္းမွာ အိုးအိမ္မဲ့ျဖစ္ေနေၾကာင္း ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာ ေအဂ်င္စီက ခန႔္မွန္းထားသည္။
#mhtnews
Recent Comments