ရုရှား နှင့် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့များ၏ ၄ ကြိမ်မြောက်ဆွေးနွေးမှုကို အွန်လိုင်းရုပ်သံလင့်ခ်မှတစ်ဆင့် ယနေ့ မတ် ၁၄ ရက်တွင် ပြန်လည်ပြုလုပ်မည် ဖြစ်ကြောင်း ကရင်မလင်နန်းတော် ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က မတ် ၁၃ ရက်တွင် ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။
“ဆွေးနွေးညှိနှိုင်းမှုတွေကို ဗီဒီယိုညှိနှိုင်းဆွေးနွေးမှုပုံစံနဲ့ သွားနေပါတယ်။အလုပ်အဖွဲ့တွေက ဆက်တိုက်လုပ်ဆောင်နေပါတယ်။ များပြားလှတဲ့ကိစ္စတွေက အမြဲတမ်းအထူးဂရုပြုဖို့လိုပါတယ်။တနင်္လာနေ့(မတ် ၁၄ ရက်)မှာ ပမာဏရလဒ်တွေကို အနှစ်ချုပ်ဖို့အတွက် ညှိနှိုင်းဆွေးနွေးပွဲတစ်ခု ကျင်းပသွားမှာ ဖြစ်ပါတယ်။”ဟု ယူကရိန်းသမ္မတရုံးအဖွဲ့ခေါင်းဆောင်၏ အထူးအကြံပေး Mykhailo Podoliak က မတ် ၁၃ ရက် ညပိုင်းတွင် တွစ်တာစာမျက်နှာတွေ ရေးသားခဲ့သည်။
အဆိုပါ ယူကရိန်း နှင့် ရုရှား ကိုယ်စားလှယ်အဖွဲ့တို့၏ လူချင်းတွေ့ဆုံဆွေးနွေးမှုကို ဖေဖော်ဝါရီ ၂၈ ရက်မှစတင်ကာ ဘီလာရုဇ်နိုင်ငံ၌ သုံးကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သော်လည်း ဆွေးနွေးညှိနှိုင်းမှုရလာဒ်မှာ သိသိသာသာအောင်မြင်မှု မရှိဘဲ ပြီးဆုံးခဲ့ရသည်။
#mhtnews
==============================
(Zawgyi)
“႐ုရွား ႏွင့္ ယူကရိန္းတို႔၏ ၄ ႀကိမ္ေျမာက္ေဆြးႏြေးမႈကို အြန္လိုင္းအသုံးျပဳ၍ ယေန႕ ျပဳလုပ္မည္”
႐ုရွား ႏွင့္ ယူကရိန္း ကိုယ္စားလွယ္အဖြဲ႕မ်ား၏ ၄ ႀကိမ္ေျမာက္ေဆြးႏြေးမႈကို အြန္လိုင္း႐ုပ္သံလင့္ခ္မွတစ္ဆင့္ ယေန႕ မတ္ ၁၄ ရက္တြင္ ျပန္လည္ျပဳလုပ္မည္ ျဖစ္ေၾကာင္း ကရင္မလင္နန္းေတာ္ ေျပာခြင့္ရပုဂၢိုလ္ Dmitry Peskov က မတ္ ၁၃ ရက္တြင္ ေျပာၾကားခဲ့ေၾကာင္း ဆင္ဟြာသတင္းက ေဖာ္ျပသည္။
ေဆြးႏြေးညွိႏွိုင္းမႈေတြကို ဗီဒီယိုညွိႏွိုင္းေဆြးႏြေးမႈပုံစံနဲ႕ သြားေနပါတယ္။အလုပ္အဖြဲ႕ေတြက ဆက္တိုက္လုပ္ေဆာင္ေနပါတယ္။ မ်ားျပားလွတဲ့ကိစၥေတြက အၿမဲတမ္းအထူးဂ႐ုျပဳဖို႔လိုပါတယ္။တနလၤာေန႕(မတ္ ၁၄ ရက္)မွာ ပမာဏရလဒ္ေတြကို အႏွစ္ခ်ဳပ္ဖို႔အတြက္ ညွိႏွိုင္းေဆြးႏြေးပြဲတစ္ခု က်င္းပသြားမွာ ျဖစ္ပါတယ္။ဟု ယူကရိန္းသမၼတ႐ုံးအဖြဲ႕ေခါင္းေဆာင္၏ အထူးအႀကံေပး Mykhailo Podoliak က မတ္ ၁၃ ရက္ ညပိုင္းတြင္ တြစ္တာစာမ်က္ႏွာေတြ ေရးသားခဲ့သည္။
အဆိုပါ ယူကရိန္း ႏွင့္ ႐ုရွား ကိုယ္စားလွယ္အဖြဲ႕တို႔၏ လူခ်င္းေတြ႕ဆုံေဆြးႏြေးမႈကို ေဖေဖာ္ဝါရီ ၂၈ ရက္မွစတင္ကာ ဘီလာ႐ုဇ္နိုင္ငံ၌ သုံးႀကိမ္ ျပဳလုပ္ခဲ့ၿပီး ျဖစ္ေသာ္လည္း ေဆြးႏြေးညွိႏွိုင္းမႈရလာဒ္မွာ သိသိသာသာေအာင္ျမင္မႈ မရွိဘဲ ၿပီးဆုံးခဲ့ရသည္။
#mhtnews
Recent Comments