ရုရှားရဲ့တည်ရှိမှုကို ခြိမ်းခြောက်လာပါက နျူကလီးယားလက်နက်ကို အသုံးပြုနိုင်တယ်လို့ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပတ်စ်ကော့ က အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့မှာ ပြည်တွင်းလုံခြုံရေး အယူအဆကို တရာဝင်ကြေညာထားပြီးဖြစ်ပါတယ်။ နျူးကလီးယားလက်နက်အသုံးပြုရတဲ့ အကြောင်းရင်းအားလုံးကိုလဲ တရာဝင်ကြည့်ရှုနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံအတွက် ဖြစ်တည်မှုကို ခြိမ်းခြောက်လာရင် ကျွန်တော်တို့ အယူအဆနဲ့အညီ အသုံးချလို့ ရပါတယ်။ ” လို့ ပတ်စ်ကော့ က CNN သတင်းဌာနနဲ့ အင်တာဗျူတစ်ခုမှာ ယမန်နေ့က ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့လအတွင်းက ရုရှားရဲ့ နျူကလီးယားတပ်ဖွဲ့များအား ပြင်းထန်စွာသတိထားဖို့ သမ္မတပူတင်က အမိန့်ပေးခဲ့ပြီးနောက် နျူကလီးယားဒုံးကျည်တပ်ဖွဲ့များနဲ့ မြောက်ပိုင်း ပစိဖိတ်စစ်ရေယာဉ်များကို တိုက်ခိုက်ရေးတာဝန်များတိုးမြှင့်ချထားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက်နေ့ မှာ ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က “တစ်ချိန်က မတွေးဝံ့စရာ နျူကလီးယား ပဋိပက္ခဖြစ်မယ့် အလားအလာဟာ အခုဖြစ်နိုင်ချေရှိတဲ့ နယ်ပယ်ထဲကို ပြန်ရောက်သွားပါပြီ” လို့ မတ် ၁၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

ရုရှားသမ္မတ ပူတင်အနေနဲ့ ယူကရိန်းမှာ ဓာတုနဲ့ ဇီဝလက်နက်တွေ အသုံးပြုဖို့ စဉ်းစားနေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးပြီးနောက် ယခုကဲ့သို့ သတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ခြေရာခံရန်၊ ကြားဖြတ်ရန် ခက်ခဲတဲ့ အမြန်နှုန်း၊ တိမ်းရှောင်နိုင်မှုနဲ့ အသံထက်မြန်သော ဒုံးကျည် ပိုင်ဆိုင်မှုဟာ ရုရှားကို ယဉ်နိုင်တဲ့သူမရှိဘူးလို့ ရုရှားသမ္မတ ပူတင်က ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ပြောဆိုခဲ့ပါတယ်။

++++++++++++++++++++++++++++++

(Zawgyi)

“႐ုရွားရဲ႕ တည္ရွိမႈကို ၿခိမ္းေျခာက္လာပါက န်ဴကလီးယားလက္နက္ကို အသုံးျပဳမယ္လို႔ ႐ုရွားေျပာဆို”

႐ုရွားရဲ႕တည္ရွိမႈကို ၿခိမ္းေျခာက္လာပါက န်ဴကလီးယားလက္နက္ကို အသုံးျပဳနိုင္တယ္လို႔ ကရင္မလင္ေျပာေရးဆိုခြင့္ရွိသူ ဒမစ္ထရီ ပတ္စ္ေကာ့ က အင္တာဗ်ဴးတစ္ခုမွာ ေျပာဆိုခဲ့ပါတယ္။

ကြၽန္ေတာ္တို႔မွာ ျပည္တြင္းလုံၿခဳံေရး အယူအဆကို တရာဝင္ေၾကညာထားၿပီးျဖစ္ပါတယ္။ န်ဴးကလီးယားလက္နက္အသုံးျပဳရတဲ့ အေၾကာင္းရင္းအားလုံးကိုလဲ တရာဝင္ၾကည့္ရႈနိုင္ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔နိုင္ငံအတြက္ ျဖစ္တည္မႈကို ၿခိမ္းေျခာက္လာရင္ ကြၽန္ေတာ္တို႔ အယူအဆနဲ႕အညီ အသုံးခ်လိဳ႕ ရပါတယ္။ လို႔ ပတ္စ္ေကာ့ က CNN သတင္းဌာနနဲ႕ အင္တာဗ်ဴတစ္ခုမွာ ယမန္ေန႕က ေျပာဆိုခဲ့တာပါ။

ၿပီးခဲ့တဲ့လအတြင္းက ႐ုရွားရဲ႕ န်ဴကလီးယားတပ္ဖြဲ႕မ်ားအား ျပင္းထန္စြာသတိထားဖို႔ သမၼတပူတင္က အမိန႔္ေပးခဲ့ၿပီးေနာက္ န်ဴကလီးယားဒုံးက်ည္တပ္ဖြဲ႕မ်ားနဲ႕ ေျမာက္ပိုင္း ပစိဖိတ္စစ္ေရယာဥ္မ်ားကို တိုက္ခိုက္ေရးတာဝန္မ်ားတိုးျမႇင့္ခ်ထားတယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေဖေဖာ္ဝါရီ ၂၈ ရက္ေန႕ မွာ ေျပာၾကားခဲ့ပါတယ္။

ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတာရက္စ္က တစ္ခ်ိန္က မေတြးဝံ့စရာ န်ဴကလီးယား ပဋိပကၡျဖစ္မယ့္ အလားအလာဟာ အခုျဖစ္နိုင္ေခ်ရွိတဲ့ နယ္ပယ္ထဲကို ျပန္ေရာက္သြားပါၿပီ လို႔ မတ္ ၁၄ ရက္မွာ ေျပာၾကားခဲ့ပါတယ္။

႐ုရွားသမၼတ ပူတင္အေနနဲ႕ ယူကရိန္းမွာ ဓာတုနဲ႕ ဇီဝလက္နက္ေတြ အသုံးျပဳဖို႔ စဥ္းစားေနတယ္လို႔ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္က သတိေပးၿပီးေနာက္ ယခုကဲ့သို႔ သတင္းထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

ေျခရာခံရန္၊ ၾကားျဖတ္ရန္ ခက္ခဲတဲ့ အျမန္ႏႈန္း၊ တိမ္းေရွာင္နိုင္မႈနဲ႕ အသံထက္ျမန္ေသာ ဒုံးက်ည္ ပိုင္ဆိုင္မႈဟာ ႐ုရွားကို ယဥ္နိုင္တဲ့သူမရွိဘူးလို႔ ႐ုရွားသမၼတ ပူတင္က ၿပီးခဲ့တဲ့ ဒီဇင္ဘာလမွာ ေျပာဆိုခဲ့ပါတယ္။