ရုရှားနှင့် ယူကရိန်းတို့ တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ရာတွင် ယူကရိန်းဖက်မှ ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သူတစ်ဦးကို ရုရှားသူလျှိုဟုစွပ်စွဲကာ ယူကရိန်းလုံခြုံရေးတပ်ဖွဲ့ (Security Service of Ukraine – SBU)က ပစ်ခတ်ဖမ်းဆီးရာ အခင်းဖြစ်နေရာတွင်ပင် သေနတ်ထိမှန်သေဆုံးခဲ့ကြောင်းနိုင်ငံတကာသတင်းများတွင် ရေးသားဖော်ပြလျှက်ရှိကြသည်။

စွပ်စွဲခံရသူမှာ ဒင်းနစ္စကီရာရိဗ်ဆိုသူဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သလို ဘဏ်အချို့တွင်လည်း အဆင့်မြင့်ရာထူးအဖြစ် ဆောင်ရွက်နေသူဖြစ်ကာ ၎င်း၏ တယ်လီဖုန်းပြောဆိုမှုများအပါအဝင် သစ္စာဖောက်မှုဆိုင်ရာ အချက်အလက်များကို ယူကရိန်းထောက်လှမ်းရေးက အတိအကျရရှိခဲ့ပြီးနောက် ဖမ်းဆီးရာတွင် ပြန်လည်ခုခံသဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာတွင် သေနတ်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သတင်းဖော်ပြမှုများအရ သိရသည်။

အလားတူ ပိုလန်-ယူကရိန်းနယ်စပ်တွင်လည်း စပိန်နိုင်ငံ Publico အွန်လိုင်းမီဒီယာနှင့် La Sexta ရုပ်သံချယ်နယ်တို့အတွက် သတင်းယူပေးနေသော ပတ်ဘလိုဂွန်ဇာလက်ဆိုသူကို ရုရှားသူလျှိုဟုစွပ်စွဲကာ ပိုလန်ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့(Internal Security Agency – ABW)က ဖမ်းဆီးအရေးယူထားကြောင်း သတင်းများက ဖော်ပြသည်။

#mhtnews

(Zawgyi)

“႐ုရွားႏွင့္ ယူကရိန္းေတြ႕ဆုံရာ၌ ယူကရိန္းဘက္က ကိုယ္စားလွယ္အျဖစ္ ပါဝင္ခဲ့သူတစ္ဦးကို ႐ုရွားသူလွ်ိုဟုစြပ္စြဲကာ ပစ္ခတ္ဖမ္းဆီးရာ ေသဆုံး၊ စပိန္သတင္းသမားတစ္ဦးကိုလည္း ႐ုရွားသူလွ်ိုသံသယျဖင့္ ပိုလန္ကဖမ္းဆီးထား”

႐ုရွားႏွင့္ ယူကရိန္းတို႔ ေတြ႕ဆုံေဆြးႏြေးပြဲမ်ားျပဳလုပ္ရာတြင္ ယူကရိန္းဖက္မွ ကိုယ္စားလွယ္အျဖစ္ ပါဝင္ခဲ့သူတစ္ဦးကို ႐ုရွားသူလွ်ိုဟုစြပ္စြဲကာ ယူကရိန္းလုံၿခဳံေရးတပ္ဖြဲ႕ (Security Service of Ukraine – SBU)က ပစ္ခတ္ဖမ္းဆီးရာ အခင္းျဖစ္ေနရာတြင္ပင္ ေသနတ္ထိမွန္ေသဆုံးခဲ့ေၾကာင္းနိုင္ငံတကာသတင္းမ်ားတြင္ ေရးသားေဖာ္ျပလွ်က္ရွိၾကသည္။

စြပ္စြဲခံရသူမွာ ဒင္းနစၥကီရာရိဗ္ဆိုသူျဖစ္ၿပီး၊ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္သလို ဘဏ္အခ်ိဳ႕တြင္လည္း အဆင့္ျမင့္ရာထူးအျဖစ္ ေဆာင္႐ြက္ေနသူျဖစ္ကာ ၎၏ တယ္လီဖုန္းေျပာဆိုမႈမ်ားအပါအဝင္ သစၥာေဖာက္မႈဆိုင္ရာ အခ်က္အလက္မ်ားကို ယူကရိန္းေထာက္လွမ္းေရးက အတိအက်ရရွိခဲ့ၿပီးေနာက္ ဖမ္းဆီးရာတြင္ ျပန္လည္ခုခံသျဖင့္ အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားရာတြင္ ေသနတ္ထိမွန္ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း သတင္းေဖာ္ျပမႈမ်ားအရ သိရသည္။

အလားတူ ပိုလန္-ယူကရိန္းနယ္စပ္တြင္လည္း စပိန္နိုင္ငံ Publico အြန္လိုင္းမီဒီယာႏွင့္ La Sexta ႐ုပ္သံခ်ယ္နယ္တို႔အတြက္ သတင္းယူေပးေနေသာ ပတ္ဘလိုဂြန္ဇာလက္ဆိုသူကို ႐ုရွားသူလွ်ိုဟုစြပ္စြဲကာ ပိုလန္ျပည္တြင္းလုံၿခဳံေရးတပ္ဖြဲ႕(Internal Security Agency – ABW)က ဖမ္းဆီးအေရးယူထားေၾကာင္း သတင္းမ်ားက ေဖာ္ျပသည္။

#mhtnews