ရုရှားနိုင်ငံအတွင်းရှိ နိုင်ငံသားအချို့သည် သစ္စာဖောက်များကဲ့သို့ လုပ်ဆောင်နေကြောင်း အလုပ်ထွက်သွားသူများနှင့် နိုင်ငံအတွင်းမှ ထွက်ခွာသွားသူများကို ရည်ညွှန်းကာ ရုရှားသမ္မတရုံးက မတ် ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။
အနောက်နိုင်ငံများက ရုရှားနိုင်ငံကို ဖျက်ဆီးရန် ပဉ္စမံတပ်သားများအဖြစ် အသုံးပြုလိုသော ရုရှားနိုင်ငံသား သစ္စာဖောက်များကို သမ္မတ ဗလာဒီမာပူတင်က ပြင်းပြင်းထန်ထန် သတိပေးပြီးနောက် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ယခုကဲ့သို့ ပြောလာခြင်းဖြစ်သည်။
ခက်ခဲသောအချိန်များတွင် လူအများအပြားသည် ၎င်းတို့၏ စိတ်ဓာတ်အမှန်ကို ဖော်ပြလေ့ရှိကြောင်း၊ ယခုရုရှားနိုင်ငံသား အချို့သည်လည်း ၎င်းတို့ကိုယ်၎င်းတို့ သစ္စာဖောက်များအဖြစ် ကိုယ်တိုင်ဖော်ပြနေကြောင်း ဒီမီထရီပက်စကော့က သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်များကို ပြောသည်။
ထို့ပြင် အဆိုပါ သစ္စာဖောက်များသည် လက်ရှိဘဝများမှ ကိုယ်တိုင်ပျောက်ကွယ် သွားနေကြောင်း၊ အချို့သစ္စာဖောက်များသည် အလုပ်ထွက်ကာ အချို့က အလုပ်မဆင်းတော့ဘဲ အချို့မှာ နိုင်ငံအတွင်းမှပင် ထွက်ခွာသွားနေပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
အလားတူ ထိုအခြေအနေကိုကြည့်ခြင်းအားဖြင့် မည်သူက သစ္စာဖောက်၊ မည်သူက မျိုးချစ်ပုဂ္ဂိုလ်များဖြစ်သည်ကို ကွဲကွဲပြားပြား ခွဲခြားပေးလိုက်ပြီဖြစ်ကြောင်း ဒီမီထရီပက်စကော့ကဆိုသည်။
တစ်ချိန်တည်းမှာပင် အဖွဲ့အစည်းအတွင်း ဝင်ရောက်နေရာယူပြီး အချိန်မရွေး နောက်ကျောကို ဓားနှင့်ထိုးနိုင်သည့် ပဉ္စမံ တပ်သားများကို ချေမှုန်းရန် လိုအပ်ကြောင်း၊ အဆိုပါပြဿနာများသည် ယဲ့ဆင်နှင့်၎င်း၏အုပ်စုက နိုင်ငံကို သစ္စာဖောက်ကာ ရောင်းစားခဲ့သည့် ၁၉၉၁ ခုနှစ်မှ စတင်လာခြင်းဖြစ်ကြောင်း အတိုက်အခံ ကွန်မြူနစ်ပါတီ ခေါင်းဆောင် ဂျန်နက်ဒီဇူကာနော့က လွှတ်တော်တွင် ပြောထားသည်။
++++++++++++++++++++++++++++++++++
(Zawgyi)
“႐ုရွားနိုင္ငံသား အခ်ိဳ႕က သစၥာေဖာက္မ်ားကဲ့သို႔ လုပ္ေဆာင္ေနဟု ႐ုရွားသမၼတ႐ုံး ထုတ္ျပန္”
႐ုရွားနိုင္ငံအတြင္းရွိ နိုင္ငံသားအခ်ိဳ႕သည္ သစၥာေဖာက္မ်ားကဲ့သို႔ လုပ္ေဆာင္ေနေၾကာင္း အလုပ္ထြက္သြားသူမ်ားႏွင့္ နိုင္ငံအတြင္းမွ ထြက္ခြာသြားသူမ်ားကို ရည္ၫႊန္းကာ ႐ုရွားသမၼတ႐ုံးက မတ္ ၁၇ ရက္တြင္ ထုတ္ျပန္ထားသည္။
အေနာက္နိုင္ငံမ်ားက ႐ုရွားနိုင္ငံကို ဖ်က္ဆီးရန္ ပၪၥမံတပ္သားမ်ားအျဖစ္ အသုံးျပဳလိုေသာ ႐ုရွားနိုင္ငံသား သစၥာေဖာက္မ်ားကို သမၼတ ဗလာဒီမာပူတင္က ျပင္းျပင္းထန္ထန္ သတိေပးၿပီးေနာက္ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဒီမီထရီပက္စေကာ့က ယခုကဲ့သို႔ ေျပာလာျခင္းျဖစ္သည္။
ခက္ခဲေသာအခ်ိန္မ်ားတြင္ လူအမ်ားအျပားသည္ ၎တို႔၏ စိတ္ဓာတ္အမွန္ကို ေဖာ္ျပေလ့ရွိေၾကာင္း၊ ယခု႐ုရွားနိုင္ငံသား အခ်ိဳ႕သည္လည္း ၎တို႔ကိုယ္၎တို႔ သစၥာေဖာက္မ်ားအျဖစ္ ကိုယ္တိုင္ေဖာ္ျပေနေၾကာင္း ဒီမီထရီပက္စေကာ့က သတင္းစာ ရွင္းလင္းပြဲ၌ သတင္းေထာက္မ်ားကို ေျပာသည္။
ထို႔ျပင္ အဆိုပါ သစၥာေဖာက္မ်ားသည္ လက္ရွိဘဝမ်ားမွ ကိုယ္တိုင္ေပ်ာက္ကြယ္ သြားေနေၾကာင္း၊ အခ်ိဳ႕သစၥာေဖာက္မ်ားသည္ အလုပ္ထြက္ကာ အခ်ိဳ႕က အလုပ္မဆင္းေတာ့ဘဲ အခ်ိဳ႕မွာ နိုင္ငံအတြင္းမွပင္ ထြက္ခြာသြားေနၿပီျဖစ္ေၾကာင္း ၎ကဆက္ေျပာသည္။
အလားတူ ထိုအေျခအေနကိုၾကည့္ျခင္းအားျဖင့္ မည္သူက သစၥာေဖာက္၊ မည္သူက မ်ိဳးခ်စ္ပုဂၢိုလ္မ်ားျဖစ္သည္ကို ကြဲကြဲျပားျပား ခြဲျခားေပးလိုက္ၿပီျဖစ္ေၾကာင္း ဒီမီထရီပက္စေကာ့ကဆိုသည္။
တစ္ခ်ိန္တည္းမွာပင္ အဖြဲ႕အစည္းအတြင္း ဝင္ေရာက္ေနရာယူၿပီး အခ်ိန္မေ႐ြး ေနာက္ေက်ာကို ဓားႏွင့္ထိုးနိုင္သည့္ ပၪၥမံ တပ္သားမ်ားကို ေခ်မႈန္းရန္ လိုအပ္ေၾကာင္း၊ အဆိုပါျပႆနာမ်ားသည္ ယဲ့ဆင္ႏွင့္၎၏အုပ္စုက နိုင္ငံကို သစၥာေဖာက္ကာ ေရာင္းစားခဲ့သည့္ ၁၉၉၁ ခုႏွစ္မွ စတင္လာျခင္းျဖစ္ေၾကာင္း အတိုက္အခံ ကြန္ျမဴနစ္ပါတီ ေခါင္းေဆာင္ ဂ်န္နက္ဒီဇူကာေနာ့က လႊတ္ေတာ္တြင္ ေျပာထားသည္။
Recent Comments