ရုရှားနိုင်ငံမှ လောင်စာစွမ်းအင်တင်သွင်းမှုများကို ပိတ်ပင်တားမြစ်ကြောင်း အမေရိကန်နိုင်ငံက ကြေညာလိုက်ခြင်းကြောင့် မတ် ၈ ရက်တွင် လောင်စာဆီဈေးနှုန်းမှာ အဆမတန်ခုန်တက်သွားခဲ့ကြောင်း ဆင်ဟွာသတင်းဖော်ပြမှုအရ သိရသည်။

ကမ္ဘာ့လောင်စာဆီဈေးနှုန်း စံသတ်မှတ်ချက်အဖွဲ West Texas Intermediate (WTI) က ဧပြီလအတွက် ဈေးနှုန်းထုတ်ပြန်ရာတွင် နယူးယောက်မြို ကုန်စည်ဖလှယ်မှုပေါက်ဈေးအရ ရေနံတစ်စည်ကို အမေရိကန် ဒေါ်လာ ၁၂၃.၇၀ ထိထုတ်ပြန်ထားပြီး ၄. ၃၀ ဒေါ်လာ သိုမဟုတ် ၃.၉ ရာခိုင်နှုန်းအထိ မြင့်တက်သွားမည်ဖြစ်ကာ ယင်းပမာဏသည် ၂၀၀၈ ခုနှစ် ဩဂုတ်လနောက်ပိုင်း အမြင့်ဆုံး ဈေးနှုန်းဖြစ်ကြောင်း Dow Jones ဈေးကွက်အချက်အလက်ကိုကိုးကား၍ ဆင်ဟွာသတင်းက ဖော်ပြခဲ့သည်။

ဘရန့်ရေနံစိမ်း၏ မေလအတွက် ဈေးနှုန်းတိုးမြင့်မှုမှာ လန်ဒန်မြို ICE ကုန်စည်ဖလှယ်မှုပေါက်ဈေးတွင် အမေရိကန်ဒေါ်လာ ၄.၇၇ သိုမဟုတ် ၃.၉ ရာခိုင်နှုန်းရောက်ရှိမည်ဖြစ်ရာ တစ်စည်လျှင် ပေါက်ဈေးအမေရိကန်ဒေါ်လာ ၁၂၇.၉၈ ထိ ရောက်ရှိသွားမည်ဖြစ်ပြီး ၂၀၀၈ ဇူလိုင်လနောက်ပိုင်း အမြင့်ဆုံး ပမာဏဖြစ်ကြောင်း သိရသည်။
#mhtnews

(Zawgyi)
“ရုရှားနိုင်ငံမှ လောင်စာဆီတင်သွင်မှုများကို အမေရိကန်က ပိတ်လိုက်ကြောင်းကြေညာအပြီး ဈေးနှုန်းအဆမတန်ခုန်တက်”


ကမ္ဘာ့လောင်စာဆီဈေးနှုန်း စံသတ်မှတ်ချက်အဖွဲ့ West Texas Intermediate (WTI) က ဧပြီလအတွက် ဈေးနှုန်းထုတ်ပြန်ရာတွင် နယူးယောက်မြို့ ကုန်စည်ဖလှယ်မှုပေါက်ဈေးအရ ရေနံတစ်စည်ကို အမေရိကန် ဒေါ်လာ ၁၂၃.၇၀ ထိထုတ်ပြန်ထားပြီး ၄. ၃၀ ဒေါ်လာ သို့မဟုတ် ၃.၉ ရာခိုင်နှုန်းအထိ မြင့်တက်သွားမည်ဖြစ်ကာ ယင်းပမာဏသည် ၂၀၀၈ ခုနှစ် ဩဂုတ်လနောက်ပိုင်း အမြင့်ဆုံး ဈေးနှုန်းဖြစ်ကြောင်း Dow Jones ဈေးကွက်အချက်အလက်ကိုကိုးကား၍ ဆင်ဟွာသတင်းက ဖော်ပြခဲ့သည်။

ဘရန့်ရေနံစိမ်း၏ မေလအတွက် ဈေးနှုန်းတိုးမြင့်မှုမှာ လန်ဒန်မြို့ ICE ကုန်စည်ဖလှယ်မှုပေါက်ဈေးတွင် အမေရိကန်ဒေါ်လာ ၄.၇၇ သို့မဟုတ် ၃.၉ ရာခိုင်နှုန်းရောက်ရှိမည်ဖြစ်ရာ တစ်စည်လျှင် ပေါက်ဈေးအမေရိကန်ဒေါ်လာ ၁၂၇.၉၈ ထိ ရောက်ရှိသွားမည်ဖြစ်ပြီး ၂၀၀၈ ဇူလိုင်လနောက်ပိုင်း အမြင့်ဆုံး ပမာဏဖြစ်ကြောင်း သိရသည်။
#mhtnews