အမေရိကန်နိုင်ငံရှိ ကုလသမဂ္ဂ (UN) ဌာနချုပ်၌ တာဝန်ထမ်းဆောင်နေသော ရုရှားနိုင်ငံ သံတမန်များအား အမေရိကန်က မကြာသေးမီတွင် နှင်ထုတ်ခဲ့ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် ရုရှားရှိ အမေရိကန် သံတမန်များအား နှင်ထုတ်ကြောင်း ရုရှားနိုင်ငံက မတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းက ဖော်ပြခဲ့သည်။

မော်စကိုမြို့ရှိ အမေရိကန် အဆင့်မြင့်သံတမန်အား မတ် ၂၃ ရက်က ဆင့်ခေါ်ခဲ့ကြောင်းနှင့် အမေရိကန် သံတမန်များအား “မကြိုဆိုထိုက်သူ စာရင်းတွင် ထည့်သွင်းကြေညာခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံအား ရန်လိုသော မည်သည့်အပြုအမူမျိုးကိုမဆို ပြုလုပ်ပါက တိကျပြတ် သားပြီး ပြည့်ဝသော တုံ့ပြန်မှုလုပ်ဆောင်သွားမည်ဟု အမေရိကန်အား ပြောကြားထားပြီးဖြစ်ကြောင်း ရုရှားနိုင်ငံက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝန်ကြီးဌာနကမူ အမေရိကန် သံတမန်အရေအတွက် မည်မျှအား ပစ်မှတ်ထားကြောင်းနှင့် ထွက်ခွာမည့် နောက်ဆုံးအချိန်ကို အသေးစိတ်ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံက နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံ အမြဲတမ်းမစ်ရှင်အဖွဲ့ဝင် ၁၂ ဦးနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးရုံးတွင် အလုပ်လုပ်ကိုင်နေသော ရုရှားနိုင်ငံသားတစ်ဦးကို နှင်ထုတ်ကြောင်း ဖေဖော်ဝါရီ ၂၈ ရက်က ကြေညာခဲ့သည်။

#mhtnews

=============================

(Zawgyi)

“႐ုရွားက လက္တုံ႕ျပန္သည့္အေနျဖင့္ အေမရိကန္ သံတမန္မ်ားကို ႏွင္ထုတ္ေၾကာင္း ေၾကညာ”

အေမရိကန္နိုင္ငံရွိ ကုလသမဂၢ (UN) ဌာနခ်ဳပ္၌ တာဝန္ထမ္းေဆာင္ေနေသာ ႐ုရွားနိုင္ငံ သံတမန္မ်ားအား အေမရိကန္က မၾကာေသးမီတြင္ ႏွင္ထုတ္ခဲ့ျခင္းကို လက္တုံ႕ျပန္သည့္အေနျဖင့္ ႐ုရွားရွိ အေမရိကန္ သံတမန္မ်ားအား ႏွင္ထုတ္ေၾကာင္း ႐ုရွားနိုင္ငံက မတ္ ၂၃ ရက္တြင္ ေျပာၾကားခဲ့သည္ဟု ဆင္ဟြာသတင္းက ေဖာ္ျပခဲ့သည္။

ေမာ္စကိုၿမိဳ႕ရွိ အေမရိကန္ အဆင့္ျမင့္သံတမန္အား မတ္ ၂၃ ရက္က ဆင့္ေခၚခဲ့ေၾကာင္းႏွင့္ အေမရိကန္ သံတမန္မ်ားအား မႀကိဳဆိုထိုက္သူ စာရင္းတြင္ ထည့္သြင္းေၾကညာခဲ့ေၾကာင္း ႐ုရွားနိုင္ငံျခားေရးဝန္ႀကီးဌာန က ထုတ္ျပန္ခ်က္၌ ေျပာၾကားခဲ့သည္။

အေမရိကန္နိုင္ငံအေနျဖင့္ ႐ုရွားနိုင္ငံအား ရန္လိုေသာ မည္သည့္အျပဳအမူမ်ိဳးကိုမဆို ျပဳလုပ္ပါက တိက်ျပတ္ သားၿပီး ျပည့္ဝေသာ တုံ႕ျပန္မႈလုပ္ေဆာင္သြားမည္ဟု အေမရိကန္အား ေျပာၾကားထားၿပီးျဖစ္ေၾကာင္း ႐ုရွားနိုင္ငံက ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ဝန္ႀကီးဌာနကမူ အေမရိကန္ သံတမန္အေရအတြက္ မည္မွ်အား ပစ္မွတ္ထားေၾကာင္းႏွင့္ ထြက္ခြာမည့္ ေနာက္ဆုံးအခ်ိန္ကို အေသးစိတ္ေဖာ္ျပထားျခင္းမရွိေၾကာင္း သိရသည္။

အေမရိကန္နိုင္ငံက နယူးေယာက္ၿမိဳ႕ရွိ ကုလသမဂၢဆိုင္ရာ ႐ုရွားနိုင္ငံ အၿမဲတမ္းမစ္ရွင္အဖြဲ႕ဝင္ ၁၂ ဦးႏွင့္ ကုလသမဂၢ အတြင္းေရးမႉး႐ုံးတြင္ အလုပ္လုပ္ကိုင္ေနေသာ ႐ုရွားနိုင္ငံသားတစ္ဦးကို ႏွင္ထုတ္ေၾကာင္း ေဖေဖာ္ဝါရီ ၂၈ ရက္က ေၾကညာခဲ့သည္။

#mhtnews