ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ယူကရိန်းနိုင်ငံရှိ အမေရိကန်နိုင်ငံက ငွေကြေးထောက်ပံ့ပေးထားသည့် ဇီဝဗေဒဆိုင်ရာဓာတ်ခွဲခန်းများသည် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေသည့်အတွက် စိစစ်ရေး ယန္တရားတစ်ခု ထူထောင်ရေးမှာ အရေးကြီးကြောင်း မတ် ၁၅ ရက်တွင် အလေးအနက်ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဖော်ပြမှုအရ သိရသည်။

ယူကရိန်းနိုင်ငံရှိ အမေရိကန်နိုင်ငံက ငွေကြေးထောက်ပံ့ပေးထားသည့် ဇီဝဗေဒဆိုင်ရာဓာတ်ခွဲခန်းများကိစ္စသည် ဇီဝဗေဒနှင့် အဆိပ်အတောက်လက်နက်များ သဘောတူညီချက် မူဘောင်အတွင်း ဖြေရှင်းရမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်ဟုဆိုသည်။

ဇီဝလက်နက်များပြုလုပ်ရန် အသုံးပြုနိုင်သည့် ဇီဝဗေဒပစ္စည်းများအပေါ် သဘောတူညီချက်မူဘောင်အောက်တွင် စိစစ်ရေးယန္တရားတစ်ခုလုပ်ဆောင်ခြင်း နှင့် ပတ်သက်၍ လွန်ခဲ့သော နှစ်ပေါင်း ၂၀ က ရုရှားနိုင်ငံ၏ အဆိုပြုချက်အား အမေရိကန်နိုင်ငံက ပိတ်ပင်ခဲ့ခြင်းအပေါ် သေချာခိုင်မာစေရန် နှစ်ဆတိုးကြိုးပမ်းအားထုတ်သွားရေးအတွက် ရုရှားနိုင်ငံက စီစဉ်နေကြောင်း Sergei Lavrov က ပြောကြားခဲ့ပြီး အမေရိန်အနေဖြင့် ယူကရိန်းနိုင်ငံရှိ ဇီဝဓာတ်ခွဲခန်း ၃၀ ကျော်အပြင် အခြားနိုင်ငံများတွင် ထိုကဲ့သို့သော ဓာတ်ခွဲခန်းများ ရာပေါင်းများစွာ ဖန်တီးထားကြောင်းလည်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။

Sergei Lavrov က “ဒီလိုလက်ခံနိုင်စရာမရှိတဲ့ လှုပ်ရှားဆောင်ရွက်မှုတွေဟာ လူပေါင်းများစွာ အသက်သေဆုံးစေနိုင်တဲ့အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်ဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်းက မကြာမီ အခိုင်အမာယုံကြည်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။”ဟူ၍လည်း ပြောကြားခဲ့သည်။

မတ်လ ၈ ရက်တွင် ပြုလုပ်သည့် ယူကရိန်းနိုင်ငံနှင့် ပတ်သက်၍ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ကြားနာပွဲမတိုင်မီ သက်သေထွက်ဆိုစဉ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဌာန၏ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Victoria Nuland က ယူကရိန်းနိုင်ငံ၌ ဇီဝဗေဒသုတေသနအဆောက်အအုံများရှိကြောင်း ဝန်ခံခဲ့သည်။

ယူကရိန်းနိုင်ငံ၌ အမေရိကန်၏ စစ်ဘက်ဆိုင်ရာဇီဝသုသေတနလုပ်ငန်းစွပ်စွဲချက်အား ဆွေးနွေးရန်အတွက် ရုရှားနိုင်ငံက တောင်းဆိုထားသော ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတစ်ရပ်ကို မတ် ၁၂ ရက်တွင် ကျင်းပစဉ် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်အမြဲတမ်းကိုယ်စားလှယ် Linda Thomas-Greenfield က ယူကရိန်းနိုင်ငံသည် ဇီဝလက်နက်အစီအစဉ် မရှိကြောင်း ၊ ယူကရိန်း၌ အမေရိကန်နိုင်ငံက ထောက်ပံ့ပေးထားသော ဇီဝဗေဒလက်နက်ဓာတ်ခွဲခန်းများ မရှိကြောင်း ငြင်းဆိုခဲ့သည်ဟု သိရသည်။

#mhtnews

(Zawgyi)

“႐ုရွားက ယူကရိန္းနိုင္ငံရွိ အေမရိကန္ေငြေၾကးေထာက္ပံ့ထားသည့္ ဇီဝဓာတ္ခြဲခန္းမ်ားအား စိစစ္ေရးယႏၱရားအတြက္ ေတာင္းဆို”

႐ုရွားနိုင္ငံျခားေရးဝန္ႀကီး Sergei Lavrov က ယူကရိန္းနိုင္ငံရွိ အေမရိကန္နိုင္ငံက ေငြေၾကးေထာက္ပံ့ေပးထားသည့္ ဇီဝေဗဒဆိုင္ရာဓာတ္ခြဲခန္းမ်ားသည္ စိုးရိမ္ပူပန္မႈမ်ား ျဖစ္ေပၚေစသည့္အတြက္ စိစစ္ေရး ယႏၱရားတစ္ခု ထူေထာင္ေရးမွာ အေရးႀကီးေၾကာင္း မတ္ ၁၅ ရက္တြင္ အေလးအနက္ေျပာၾကားခဲ့ေၾကာင္း ဆင္ဟြာသတင္းေဖာ္ျပမႈအရ သိရသည္။

ယူကရိန္းနိုင္ငံရွိ အေမရိကန္နိုင္ငံက ေငြေၾကးေထာက္ပံ့ေပးထားသည့္ ဇီဝေဗဒဆိုင္ရာဓာတ္ခြဲခန္းမ်ားကိစၥသည္ ဇီဝေဗဒႏွင့္ အဆိပ္အေတာက္လက္နက္မ်ား သေဘာတူညီခ်က္ မူေဘာင္အတြင္း ေျဖရွင္းရမည္ျဖစ္ေၾကာင္း ႐ုရွားနိုင္ငံျခားေရးဝန္ႀကီးက ရွင္းလင္းပြဲအတြင္း ေျပာၾကားခဲ့သည္ဟုဆိုသည္။

ဇီဝလက္နက္မ်ားျပဳလုပ္ရန္ အသုံးျပဳနိုင္သည့္ ဇီဝေဗဒပစၥည္းမ်ားအေပၚ သေဘာတူညီခ်က္မူေဘာင္ေအာက္တြင္ စိစစ္ေရးယႏၱရားတစ္ခုလုပ္ေဆာင္ျခင္း ႏွင့္ ပတ္သက္၍ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၀ က ႐ုရွားနိုင္ငံ၏ အဆိုျပဳခ်က္အား အေမရိကန္နိုင္ငံက ပိတ္ပင္ခဲ့ျခင္းအေပၚ ေသခ်ာခိုင္မာေစရန္ ႏွစ္ဆတိုးႀကိဳးပမ္းအားထုတ္သြားေရးအတြက္ ႐ုရွားနိုင္ငံက စီစဥ္ေနေၾကာင္း Sergei Lavrov က ေျပာၾကားခဲ့ၿပီး အေမရိန္အေနျဖင့္ ယူကရိန္းနိုင္ငံရွိ ဇီဝဓာတ္ခြဲခန္း ၃၀ ေက်ာ္အျပင္ အျခားနိုင္ငံမ်ားတြင္ ထိုကဲ့သို႔ေသာ ဓာတ္ခြဲခန္းမ်ား ရာေပါင္းမ်ားစြာ ဖန္တီးထားေၾကာင္းလည္း ၎က မွတ္ခ်က္ျပဳေျပာၾကားခဲ့သည္။

Sergei Lavrov က ဒီလိုလက္ခံနိုင္စရာမရွိတဲ့ လႈပ္ရွားေဆာင္႐ြက္မႈေတြဟာ လူေပါင္းမ်ားစြာ အသက္ေသဆုံးေစနိုင္တဲ့အႏၱရာယ္ေတြနဲ႕ ျပည့္ႏွက္ေနတယ္ဆိုတာကို နိုင္ငံတကာအသိုင္းအဝိုင္းက မၾကာမီ အခိုင္အမာယုံၾကည္လာလိမ့္မယ္လို႔ ယုံၾကည္ပါတယ္။ဟူ၍လည္း ေျပာၾကားခဲ့သည္။

မတ္လ ၈ ရက္တြင္ ျပဳလုပ္သည့္ ယူကရိန္းနိုင္ငံႏွင့္ ပတ္သက္၍ အထက္လႊတ္ေတာ္ နိုင္ငံျခားဆက္ဆံေရးေကာ္မတီ ၾကားနာပြဲမတိုင္မီ သက္ေသထြက္ဆိုစဥ္ အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီးဌာန နိုင္ငံေရးရာဌာန၏ လက္ေထာက္နိုင္ငံျခားေရးဝန္ႀကီး Victoria Nuland က ယူကရိန္းနိုင္ငံ၌ ဇီဝေဗဒသုေတသနအေဆာက္အအုံမ်ားရွိေၾကာင္း ဝန္ခံခဲ့သည္။

ယူကရိန္းနိုင္ငံ၌ အေမရိကန္၏ စစ္ဘက္ဆိုင္ရာဇီဝသုေသတနလုပ္ငန္းစြပ္စြဲခ်က္အား ေဆြးႏြေးရန္အတြက္ ႐ုရွားနိုင္ငံက ေတာင္းဆိုထားေသာ ကုလသမဂၢလုံၿခဳံေရးေကာင္စီအစည္းအေဝးတစ္ရပ္ကို မတ္ ၁၂ ရက္တြင္ က်င္းပစဥ္ ကုလသမဂၢဆိုင္ရာ အေမရိကန္အၿမဲတမ္းကိုယ္စားလွယ္ Linda Thomas-Greenfield က ယူကရိန္းနိုင္ငံသည္ ဇီဝလက္နက္အစီအစဥ္ မရွိေၾကာင္း ၊ ယူကရိန္း၌ အေမရိကန္နိုင္ငံက ေထာက္ပံ့ေပးထားေသာ ဇီဝေဗဒလက္နက္ဓာတ္ခြဲခန္းမ်ား မရွိေၾကာင္း ျငင္းဆိုခဲ့သည္ဟု သိရသည္။

#mhtnews