ယူကရိန်းအပေါ်တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး ရုရှားကို ပြစ်တင်ရှုတ်ချဖို ဆုံးဖြတ်ချက်အတွက် ကုလသမဂ္ဂ အရေးပေါ်အထွေထွေညီလာခံမှာ ယမန်နေ့က မဲခွဲဆုံးဖြတ်ရာမှာ တရုတ်၊ အိန္ဒိယနဲ့ တောင်အာဖရိကတိုအပါအဝင် ၃၅နိုင်ငံက ကြားနေမဲပေးခဲ့ကြပြီး အီရီထရီးယား၊ မြောက်ကိုရီးယား၊ ဆီးရီးယား၊ ဘီလာရုစ်နဲ့ ရုရှား စတဲ့ငါးနိုင်ငံက ကန့်ကွက်မဲပေးခဲ့ကြတယ်လို နိုင်ငံတကာသတင်းဖော်ပြမှုတွေအရ သိရပါတယ်။

ရုရှားက ယူကရိန်းအပေါ် တိုက်ခိုက်မှုနဲ့ ရုရှားနျူကလီးယားတပ်ဖွဲတွေကို တပ်လှန့်ထားဖို သမ္မတ ဗလာဒီမာပူတင်ရဲ့ ဆုံးဖြတ်အမိန့်ပေးမှုကို ရှုတ်ချထားတဲ့ ဆုံးဖြတ်ချက်ကို မဲခွဲရာမှာ အဖွဲဝင် ၁၉၃ နိုင်ငံအနက် နိုင်ငံပေါင်း ၁၄၁ နိုင်ငံကထောက်ခံမဲပေးခဲ့ကြတယ်လို ဆိုပါတယ်။

ကုလသမဂ္ဂသမိုင်းမှာ ယခုခေါ်ယူတဲ့ အရေးပေါ်အထွေထွေညီလာခံဟာ ၁၉၅၀ ပြည့်နှစ်ကစပြီး (၁၁) ကြိမ်မြောက်ခေါ်ယူတဲ့ အရေးပေါ် အထွေထွေညီလာခံဖြစ်တယ်လို သိရပါတယ်။
#mhtnews

(Zawgyi)
“”ရုရှားကို ပြစ်တင်ရှုတ်ချဖို့ ကုလသမဂ္ဂ၏အဆိုပြုချက်အပေါ် မြောက်ကိုရီးယားအပါအဝင် ၅ နိုင်ငံက ကန့်ကွက်မဲပေးခဲ့ပြီး တရုတ်အပါအဝင် ၃၅ နိုင်ငံက ကြားနေမဲပေးခဲ့””

ယူကရိန်းအပေါ်တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး ရုရှားကို ပြစ်တင်ရှုတ်ချဖို့ ဆုံးဖြတ်ချက်အတွက် ကုလသမဂ္ဂ အရေးပေါ်အထွေထွေညီလာခံမှာ ယမန်နေ့က မဲခွဲဆုံးဖြတ်ရာမှာ တရုတ်၊ အိန္ဒိယနဲ့ တောင်အာဖရိကတို့အပါအဝင် ၃၅နိုင်ငံက ကြားနေမဲပေးခဲ့ကြပြီး အီရီထရီးယား၊ မြောက်ကိုရီးယား၊ ဆီးရီးယား၊ ဘီလာရုစ်နဲ့ ရုရှား စတဲ့ငါးနိုင်ငံက ကန့်ကွက်မဲပေးခဲ့ကြတယ်လို့ နိုင်ငံတကာသတင်းဖော်ပြမှုတွေအရ သိရပါတယ်။

ရုရှားက ယူကရိန်းအပေါ် တိုက်ခိုက်မှုနဲ့ ရုရှားနျူကလီးယားတပ်ဖွဲ့တွေကို တပ်လှန့်ထားဖို့ သမ္မတ ဗလာဒီမာပူတင်ရဲ့ ဆုံးဖြတ်အမိန့်ပေးမှုကို ရှုတ်ချထားတဲ့ ဆုံးဖြတ်ချက်ကို မဲခွဲရာမှာ အဖွဲ့ဝင် ၁၉၃ နိုင်ငံအနက် နိုင်ငံပေါင်း ၁၄၁ နိုင်ငံကထောက်ခံမဲပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂသမိုင်းမှာ ယခုခေါ်ယူတဲ့ အရေးပေါ်အထွေထွေညီလာခံဟာ ၁၉၅၀ ပြည့်နှစ်ကစပြီး (၁၁) ကြိမ်မြောက်ခေါ်ယူတဲ့ အရေးပေါ် အထွေထွေညီလာခံဖြစ်တယ်လို့ သိရပါတယ်။
#mhtnews