ကိုဗစ်ကာလ ပိတ်ထားရသည့် ရုပ်ရှင်ရုံများကို လာမည့် ဧပြီလ(၁၇)ရက်နေ့ (မြန်မာနှစ်ဆန်း ၁ ရက်နေ့)တွင် ပြန်လည်ဖွင့်လှစ် ပြသသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ အသိပေးကြေညာချက်ထုတ်ပြန်ထားသည်။

ထိုသို ပြသရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးဆိုင်ရာ အစီအမံများနှင့်အညီ ပြုစုထားသည့် “ရုပ်ရှင်ပြသရာတွင် လိုက်နာဆောင်ရွက်ရမည့် စံပြုသတ်မှတ်ချက် (Standard Operating Procedures-SOP)”နှင့်အညီ လိုက်နာကျင့်သုံး ဆောင်ရွက်ပြီး ပထမအဆင့်ပြသရန် ရုပ်ရှင်ရုံ(၆၀)ခန့်ကို ဖွင့်လှစ်ပြသရန်လျာထားခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ကိဗစ်- ၁၉ ရောဂါ ကူးစက်မှုများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရုပ်ရှင်ရုံများတွင် ရုပ်ရှင်ပြသခြင်းများကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၆) ရက်နေ့မှ စတင်ကာ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။
#mhtnews

(Zawgyi)
“႐ုပ္ရွင္႐ုံမ်ားကို လာမည့္ ဧၿပီလ(၁၇)ရက္ေန႕ (ျမန္မာႏွစ္ဆန္း ၁ ရက္ေန႕)တြင္ ျပန္လည္ဖြင့္လွစ္ ျပသသြားမည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနမွ အသိေပးေၾကညာခ်က္ထုတ္ျပန္”

ကိုဗစ္ကာလ ပိတ္ထားရသည့္ ႐ုပ္ရွင္႐ုံမ်ားကို လာမည့္ ဧၿပီလ(၁၇)ရက္ေန႕ (ျမန္မာႏွစ္ဆန္း ၁ ရက္ေန႕)တြင္ ျပန္လည္ဖြင့္လွစ္ ျပသသြားမည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနမွ အသိေပးေၾကညာခ်က္ထုတ္ျပန္ထားသည္။

ထိုသို႔ ျပသရာတြင္ က်န္းမာေရးဝန္ႀကီးဌာနမွ ကိုဗစ္-၁၉ ေရာဂါကာကြယ္ တားဆီးေရးဆိုင္ရာ အစီအမံမ်ားႏွင့္အညီ ျပဳစုထားသည့္ ႐ုပ္ရွင္ျပသရာတြင္ လိုက္နာေဆာင္႐ြက္ရမည့္ စံျပဳသတ္မွတ္ခ်က္ (Standard Operating Procedures-SOP)ႏွင့္အညီ လိုက္နာက်င့္သုံး ေဆာင္႐ြက္ၿပီး ပထမအဆင့္ျပသရန္ ႐ုပ္ရွင္႐ုံ(၆၀)ခန႔္ကို ဖြင့္လွစ္ျပသရန္လ်ာထားျခင္းျဖစ္ေၾကာင္း ယင္းထုတ္ျပန္ခ်က္အရ သိရသည္။

ကိဗစ္- ၁၉ ေရာဂါ ကူးစက္မႈမ်ားေၾကာင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိ ႐ုပ္ရွင္႐ုံမ်ားတြင္ ႐ုပ္ရွင္ျပသျခင္းမ်ားကို ၂၀၂၀ ျပည့္ႏွစ္၊ မတ္လ(၁၆) ရက္ေန႕မွ စတင္ကာ ရပ္ဆိုင္းထားခဲ့ျခင္းျဖစ္သည္။
#mhtnews