ဘဏ်များအနေဖြင့် PO ရောင်းချမှုများတွင် Customer များ၏ old Account မှဖြစ်စေ၊ New Account မှဖြစ်စေ၊ ရောင်းချပေးရန်၊ ဈေးကွက်တွင် ငွေသားယူစာရင်းပြောင်း၍ PO ဝယ်ယူခြင်းများ၊ ရခိုင်နှုန်းယူ၍ ငွေသား လဲလှယ်ခြင်းများနှင့် ပက်သတ်၍ ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီမှ ကြပ်မတ်ဆောင်ရွက်မည်ဖြစ်ကြောင်း ဘဏ်များအား အသိပေးထားကြောင်း သိရသည်။

နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ်ခွဲများမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လပတ် ဘဏ္ဍာနှစ်ချုပ် ပိတ်လအတွင်း ဆောင်ရွက်ရမည့်ကိစ္စများနှင့်ပတ်သက်၍ မတ်လ ၂၃ရက်က အစည်းအဝေးပြုလုပ်စဥ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဌက ဘဏ်များအား မှာကြားခဲ့ခြင်းဖြစ်သည်။

အလားတူ ယင်းအစည်းအဝေးတွင် သက်ဆိုင်ရာအစိုးရဌာနများ၏ ငွေစာရင်းသို့ အခွန်အခများ အချိန်မီရောက်ရှိရေးအတွက် ဘဏ်များအနေဖြင့် CBM-NET ၏ Fund Transfer ကို အသုံးပြု၍ လည်းကောင်း၊ Cheque/PO များ အသုံးပြု၍ လည်းကောင်း၊ လွှဲပြောင်းစာရင်း ရှင်းလင်းခြင်းနှင့် စပ်လျဉ်း၍ အခက်အခဲမရှိ ဆောင်ရွက်နိုင်ရေးအတွက်လည်း ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

#mhtnews

++++++++++++++++++++++++++++++++

(Zawgyi)

“ရာခိုင္ႏႈန္းယူ၍ ေငြသားလဲလွယ္ျခင္းမ်ားႏွင့္ပတ္သတ္ၿပီး ေကာ္မတီက ေစာင့္ၾကည့္ၾကပ္မတ္သြားမည့္ျဖစ္ေၾကာင္း ဘဏ္မ်ားအား အသိေပးထား”

ဘဏ္မ်ားအေနျဖင့္ PO ေရာင္းခ်မႈမ်ားတြင္ Customer မ်ား၏ old Account မွျဖစ္ေစ၊ New Account မွျဖစ္ေစ၊ ေရာင္းခ်ေပးရန္၊ ေဈးကြက္တြင္ ေငြသားယူစာရင္းေျပာင္း၍ PO ဝယ္ယူျခင္းမ်ား၊ ရခိုင္ႏႈန္းယူ၍ ေငြသား လဲလွယ္ျခင္းမ်ားႏွင့္ ပက္သတ္၍ ေ႐ႊႏွင့္ ေငြေၾကးေဈးကြက္ ေစာင့္ၾကည့္၊ ထိန္းသိမ္း၊ ၾကပ္မတ္ေရးလုပ္ငန္းေကာ္မတီမွ ၾကပ္မတ္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ဘဏ္မ်ားအား အသိေပးထားေၾကာင္း သိရသည္။

နိုင္ငံပိုင္ဘဏ္မ်ား၊ ပုဂၢလိကဘဏ္မ်ား၊ နိုင္ငံျခားဘဏ္ခြဲမ်ားမွ သက္ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ၂၀၂၁-၂၀၂၂ ခုႏွစ္ ေျခာက္လပတ္ ဘ႑ာႏွစ္ခ်ဳပ္ ပိတ္လအတြင္း ေဆာင္႐ြက္ရမည့္ကိစၥမ်ားႏွင့္ပတ္သက္၍ မတ္လ ၂၃ရက္က အစည္းအေဝးျပဳလုပ္စဥ္ ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္ဒုတိယဥကၠဌက ဘဏ္မ်ားအား မွာၾကားခဲ့ျခင္းျဖစ္သည္။

အလားတူ ယင္းအစည္းအေဝးတြင္ သက္ဆိုင္ရာအစိုးရဌာနမ်ား၏ ေငြစာရင္းသို႔ အခြန္အခမ်ား အခ်ိန္မီေရာက္ရွိေရးအတြက္ ဘဏ္မ်ားအေနျဖင့္ CBM-NET ၏ Fund Transfer ကို အသုံးျပဳ၍ လည္းေကာင္း၊ Cheque/PO မ်ား အသုံးျပဳ၍ လည္းေကာင္း၊ လႊဲေျပာင္းစာရင္း ရွင္းလင္းျခင္းႏွင့္ စပ္လ်ဥ္း၍ အခက္အခဲမရွိ ေဆာင္႐ြက္နိုင္ေရးအတြက္လည္း ညွိႏွိုင္းခဲ့ၾကေၾကာင္း သိရသည္။

#mhtnews