ရန်ကုန်မြို့ရှိ မီးပွိုင့်အချို့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)ကတာဝန်ယူဆောင်ရွက်သည့် မီးပျက်ချိန်၌အလုပ်လုပ်မည့် solar power backup system များကို စတင်အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့လမ်းမတော်မြို့နယ် ပြည်လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့် ဘုန်းကြီးလမ်းစံပြမှတ်တိုင်အနီး ယာဉ်ထိန်းရဲကင်းရုံးအနီးထားရှိသော မီးပွိုင့်များတွင် အဆိုပါ solar power backup system များဖြင့် စတင်အသုံးပြုနေပြီဖြစ်သည်။
solar power backup system တွင် ဝပ်၂၁၀ဆိုလာ၂ချပ်၊ဝပ်၈၅၀ Hybrid UPS၊150 AH ဘက်ထရီအိုးအခြောက်များကို အသုံးပြုထားပြီး မီးလာသည့်အခါ အားသွင်းနေမည်ဖြစ်ကာ မီးပျက်သွားလျှင် solar power backup system က အလုပ်လုပ်ပြီး ယာဥ်လမ်းကြောင်းပိတ်ဆို့မှုပြဿနာကို ဖြေရှင်းပေးမည်ဖြစ်သည်။
ယခုအခါ ရန်ကုန်မြို့တွင် အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ရေပြတ်လတ်မှုများအပြင် မီးပွိုင့်များပါ အလုပ်မလုပ်သဖြင့် ယာဥ်ကြောပိတ်ဆို့မှုပြဿနာများကိုလည်း ကြုံတွေ့နေရကြောင်း သိရသည်။
#mhtnews
============================
(Zawgyi)
“ရန္ကုန္ၿမိဳ႕ရွိ မီးပြိုင့္အခ်ိဳ႕တြင္ မီးပ်က္ခ်ိန္၌အလုပ္လုပ္မည့္ solar power backup system မ်ား စတင္အသုံးျပဳ”
ရန္ကုန္ၿမိဳ႕ရွိ မီးပြိုင့္အခ်ိဳ႕တြင္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီအင္ဂ်င္နီယာဌာန (လမ္းႏွင့္တံတား)ကတာဝန္ယူေဆာင္႐ြက္သည့္ မီးပ်က္ခ်ိန္၌အလုပ္လုပ္မည့္ solar power backup system မ်ားကို စတင္အသုံးျပဳေနၿပီျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ရန္ကုန္ၿမိဳ႕လမ္းမေတာ္ၿမိဳ႕နယ္ ျပည္လမ္းႏွင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းေထာင့္ ဘုန္းႀကီးလမ္းစံျပမွတ္တိုင္အနီး ယာဥ္ထိန္းရဲကင္း႐ုံးအနီးထားရွိေသာ မီးပြိုင့္မ်ားတြင္ အဆိုပါ solar power backup system မ်ားျဖင့္ စတင္အသုံးျပဳေနၿပီျဖစ္သည္။
solar power backup system တြင္ ဝပ္၂၁၀ဆိုလာ၂ခ်ပ္၊ဝပ္၈၅၀ Hybrid UPS၊150 AH ဘက္ထရီအိုးအေျခာက္မ်ားကို အသုံးျပဳထားၿပီး မီးလာသည့္အခါ အားသြင္းေနမည္ျဖစ္ကာ မီးပ်က္သြားလွ်င္ solar power backup system က အလုပ္လုပ္ၿပီး ယာဥ္လမ္းေၾကာင္းပိတ္ဆို႔မႈျပႆနာကို ေျဖရွင္းေပးမည္ျဖစ္သည္။
ယခုအခါ ရန္ကုန္ၿမိဳ႕တြင္ အခ်ိန္ၾကာျမင့္စြာ လွ်ပ္စစ္မီးျပတ္ေတာက္မႈမ်ားေၾကာင့္ ေရျပတ္လတ္မႈမ်ားအျပင္ မီးပြိုင့္မ်ားပါ အလုပ္မလုပ္သျဖင့္ ယာဥ္ေၾကာပိတ္ဆို႔မႈျပႆနာမ်ားကိုလည္း ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။
#mhtnews
Recent Comments