ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်ကုသမှုခံယူနေရသော ကျောင်းသား၊ ကျောင်းသူများ အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံကြီးနှင့် ဗဟိုအမျိုးသမီးဆေးရုံကြီးတို့၌ ဆေးရုံစာဖြေဌာန ၃ ခု ဖွင့်လှစ်ပေးရန်စီစဉ်ထားကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) မှ သိရသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) မှ တာဝန်ရှိသူတစ်ဦးက “တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ် တွေမှာလည်း ဆေးရုံတက်ရောက်နေရတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဆေးရုံမှာဖြေဆိုနိုင်ဖို့ ညွှန်ကြားထားပြီးသားရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးကတော့ ထူးခြားတာက စာစစ်ဌာနအနေနဲ့ကို ဖွင့်လှစ်ထားပေးတာပါ” ဟု ပြောသည်။

ဆေးရုံတက်ရောက်ကုသနေသော စာမေးပွဲဖြေဆိုလိုသည့် ကျောင်းသား/ကျောင်းသူ လူနာများ အနေဖြင့် ယင်းဆေးရုံကြီးများရှိ ဆေးလူမှုဆက်ဆံရေးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့၏ ညှိနှိုင်းထားချက်အရ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်နေ့ မှ ဧပြီ ၉ ရက်နေ့ အထိကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်ကုသမှု ခံယူနေရသော ကျောင်းသားကျောင်းသူများ နစ်နာမှုမရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ရန္ကုန္တိုင္းေဒသႀကီး၌ တကၠသိုလ္ဝင္စာေမးပြဲကာလအတြင္း ေဆး႐ုံတက္ေရာက္ေနရေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ ေဆး႐ုံစာေျဖဌာန ၃ ခု ဖြင့္လွစ္ရန္စီစဥ္ထား”

ရန္ကုန္တိုင္းေဒသႀကီးအတြင္း၌ တကၠသိုလ္ဝင္စာေမးပြဲကာလအတြင္း ေဆး႐ုံတက္ေရာက္ကုသမႈခံယူေနရေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အတြက္ ရန္ကုန္ျပည္သူ႕ေဆး႐ုံႀကီး၊ ေျမာက္ဥကၠလာပ အေထြေထြေရာဂါကုေဆး႐ုံႀကီးႏွင့္ ဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီးတို႔၌ ေဆး႐ုံစာေျဖဌာန ၃ ခု ဖြင့္လွစ္ေပးရန္စီစဥ္ထားေၾကာင္း ျမန္မာနိုင္ငံစာစစ္ဦးစီးဌာန (ရန္ကုန္႐ုံးခြဲ) မွ သိရသည္။

ျမန္မာနိုင္ငံစာစစ္ဦးစီးဌာန (ရန္ကုန္႐ုံးခြဲ) မွ တာဝန္ရွိသူတစ္ဦးက တျခားတိုင္းေဒသႀကီးနဲ႕ ျပည္နယ္ ေတြမွာလည္း ေဆး႐ုံတက္ေရာက္ေနရတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြအတြက္ ေဆး႐ုံမွာေျဖဆိုနိုင္ဖို႔ ၫႊန္ၾကားထားၿပီးသားရွိပါတယ္။ ရန္ကုန္တိုင္းေဒသႀကီးကေတာ့ ထူးျခားတာက စာစစ္ဌာနအေနနဲ႕ကို ဖြင့္လွစ္ထားေပးတာပါ ဟု ေျပာသည္။

ေဆး႐ုံတက္ေရာက္ကုသေနေသာ စာေမးပြဲေျဖဆိုလိုသည့္ ေက်ာင္းသား/ေက်ာင္းသူ လူနာမ်ား အေနျဖင့္ ယင္းေဆး႐ုံႀကီးမ်ားရွိ ေဆးလူမႈဆက္ဆံေရးဌာနႏွင့္ ဆက္သြယ္ေဆာင္႐ြက္နိုင္မည္ျဖစ္သည္။

က်န္းမာေရးဝန္ႀကီးဌာနႏွင့္ ျမန္မာနိုင္ငံစာစစ္ဦးစီးဌာနတို႔၏ ညွိႏွိုင္းထားခ်က္အရ ၂၀၂၂ ခုႏွစ္ မတ္ ၃၁ ရက္ေန႕ မွ ဧၿပီ ၉ ရက္ေန႕ အထိက်င္းပမည့္ တကၠသိုလ္ဝင္စာေမးပြဲကာလအတြင္း ေဆး႐ုံတက္ေရာက္ကုသမႈ ခံယူေနရေသာ ေက်ာင္းသားေက်ာင္းသူမ်ား နစ္နာမႈမရွိေစရန္ ရည္႐ြယ္၍ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

#mhtnews