ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁၂ ထပ် နှင့် ၁၂ ထပ်အထက် အဆောက်အဦများ ဒီဇိုင်းစစ်ဆေးခများကို “အထပ်မြင့်နှင့်အများပြည်သူသုံးအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့ ( HPBC )” ကလျှော့ချကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ယခင်က ဒီဇိုင်းစစ်ဆေးခအနေဖြင့် တစ်စတုရန်းပေလျှင် ကျပ် ၁၀၀ နှုန်းကောက်ခံခဲ့ရာ ယခုအခါ ကျပ် ၈၀ နှုန်းဖြင့် လျှော့ချဆောင်ရွက်ပေးမည်ဖြစ်ကြောင်း HPBC က ဆောက်လုပ်ရေးလုပ်ငန်းရှင်များကိုအကြောင်းကြားထားကြောင်းသိရသည်။
ယခုဒီဇိုင်းစစ်ဆေးခများလျှော့ချခြင်းသည် ၁၂ ထပ်နှင့် ၁၂ ထပ် နှင့်အထက်သာအကြုံးဝင်ပြီး အထပ်နိမ့်အဆောက်အဦများအတွက် မပါဝင်ကြောင်း၊ ဒီဇိုင်းစစ်ဆေးခသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မီးသတ်ဦးစီးဌာန၏ စစ်ဆေးခများကျန်ရှိနေသေးကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးကပြောကြားသည်ဟု စံတော်ချိန်သတင်းက ဖော်ပြသည်။
“ အခုနောက်ပိုင်း ၁၂ ထပ်အဆောက်အဦ က ဆောက်ဖို့တော်တော်လေးရှားပါတယ်။ ခုလက်စတွေလောက်ပဲဆောက်နေကြတာ။ ပြီးတော့ ရန်ကုန်စည်ပင်နဲ့မီးသတ်က ဒီဇိုင်းစစ်ဆေးခ ကျန်သေးတယ်။ မီးသတ်က တော်တော်များတယ်။ တစ်ပေပတ်လည်ကို ငွေကျပ် ၉၀ ကျော်လောက်ပေးရတယ်။ စည်ပင်က တစ်ပေပတ်လည်ကို ငွေကျပ် ၃၀ လောက်ပေးရတယ်။ ဒါတွေကိုလည်း လျှော့ချပေးဖို့လိုပါတယ်” ဟု အဆိုပါဆောက်လုပ်ရေးလုပ်ငန်းရှင်ကဆက်ပြောသည်။
ယခုလျှော့ချပေးသည့် ဒီဇိုင်းစစ်ဆေးခသည် အထပ်မြင့်နှင့်အများပြည်သူသုံးအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများကြီးကြပ် စစ်ဆေးရေး ပညာရှင်အဖွဲ့ ( HPBC ) ၏စစ်ဆေးခဖြစ်ပြီး ဒီဇိုင်းစစ်ဆေးခြင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ HPBC သို့ တရားဝင်ကြောင်းကြားစာပေးပို့သည့် နေ့မှစ၍ Working Day ၁၄ ရက်ဖြင့် ဆောလျင်စွာစစ်ဆေးထောက်ခံချက်ထုတ်ပေးရန် စီစဉ်ထားကြောင်းလည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှသိရသည်။
(Zawgyi)
“ရန္ကုန္တိုင္းေဒသႀကီးအတြင္း ၁၂ ထပ္ႏွင့္အထက္ အထပ္ျမင့္အေဆာက္အဦ ဒီဇိုင္းစစ္ေဆးခမ်ားကို HPBC က ေလွ်ာ့ခ်ေကာက္ခံမည္”
ရန္ကုန္တိုင္းေဒသႀကီးအတြင္း ၁၂ ထပ္ ႏွင့္ ၁၂ ထပ္အထက္ အေဆာက္အဦမ်ား ဒီဇိုင္းစစ္ေဆးခမ်ားကို “အထပ္ျမင့္ႏွင့္အမ်ားျပည္သူသုံးအေဆာက္အအုံ တည္ေဆာက္ေရးစီမံကိန္းမ်ားႀကီးၾကပ္စစ္ေဆးေရး ပညာရွင္အဖြဲ႕ ( HPBC )” ကေလွ်ာ့ခ်ေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။
ယခင္က ဒီဇိုင္းစစ္ေဆးခအေနျဖင့္ တစ္စတုရန္းေပလွ်င္ က်ပ္ ၁၀၀ ႏႈန္းေကာက္ခံခဲ့ရာ ယခုအခါ က်ပ္ ၈၀ ႏႈန္းျဖင့္ ေလွ်ာ့ခ်ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း HPBC က ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားကိုအေၾကာင္းၾကားထားေၾကာင္းသိရသည္။
ယခုဒီဇိုင္းစစ္ေဆးခမ်ားေလွ်ာ့ခ်ျခင္းသည္ ၁၂ ထပ္ႏွင့္ ၁၂ ထပ္ ႏွင့္အထက္သာအႀကဳံးဝင္ၿပီး အထပ္နိမ့္အေဆာက္အဦမ်ားအတြက္ မပါဝင္ေၾကာင္း၊ ဒီဇိုင္းစစ္ေဆးခသည္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီႏွင့္ မီးသတ္ဦးစီးဌာန၏ စစ္ေဆးခမ်ားက်န္ရွိေနေသးေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္တဦးကေျပာၾကားသည္ဟု စံေတာ္ခ်ိန္သတင္းက ေဖာ္ျပသည္။
အခုေနာက္ပိုင္း ၁၂ ထပ္အေဆာက္အဦ က ေဆာက္ဖို႔ေတာ္ေတာ္ေလးရွားပါတယ္။ ခုလက္စေတြေလာက္ပဲေဆာက္ေနၾကတာ။ ၿပီးေတာ့ ရန္ကုန္စည္ပင္နဲ႕မီးသတ္က ဒီဇိုင္းစစ္ေဆးခ က်န္ေသးတယ္။ မီးသတ္က ေတာ္ေတာ္မ်ားတယ္။ တစ္ေပပတ္လည္ကို ေငြက်ပ္ ၉၀ ေက်ာ္ေလာက္ေပးရတယ္။ စည္ပင္က တစ္ေပပတ္လည္ကို ေငြက်ပ္ ၃၀ ေလာက္ေပးရတယ္။ ဒါေတြကိုလည္း ေလွ်ာ့ခ်ေပးဖို႔လိုပါတယ္ ဟု အဆိုပါေဆာက္လုပ္ေရးလုပ္ငန္းရွင္ကဆက္ေျပာသည္။
ယခုေလွ်ာ့ခ်ေပးသည့္ ဒီဇိုင္းစစ္ေဆးခသည္ အထပ္ျမင့္ႏွင့္အမ်ားျပည္သူသုံးအေဆာက္အအုံ တည္ေဆာက္ေရးစီမံကိန္းမ်ားႀကီးၾကပ္ စစ္ေဆးေရး ပညာရွင္အဖြဲ႕ ( HPBC ) ၏စစ္ေဆးချဖစ္ၿပီး ဒီဇိုင္းစစ္ေဆးျခင္းကို ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီမွ HPBC သို႔ တရားဝင္ေၾကာင္းၾကားစာေပးပို႔သည့္ ေန႕မွစ၍ Working Day ၁၄ ရက္ျဖင့္ ေဆာလ်င္စြာစစ္ေဆးေထာက္ခံခ်က္ထုတ္ေပးရန္ စီစဥ္ထားေၾကာင္းလည္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားထံမွသိရသည္။
Recent Comments