နိုင်ငံတော်အစိုးရအနေဖြင့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များမှ ပြည်သူလူထု အထိတ်အလန့်ဖြစ်စေရန်အတွက် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများအား နေ့/ညမပြတ် ဆောင်ရွက်လျက်ရှိရာ အေးချမ်းစွာနေထိုင်လိုသည့် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက် ညပိုင်းတွင် လမ်းမတော်မြို့နယ်၊ ဆေးတက္ကသိုလ်(၁)၊ ဝန်ထမ်းအိမ်ရာ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရုပ်ရှင်ရုံများအား အကြမ်းဖက် ဖောက်ခွဲရန်စီစဉ် ဆောင်ရွက်လျက်ရှိသူ စည်သူရှိန်(၃၈)နှစ်နှင့်အတူ မြတ်မြတ်ခိုင်(၅၇) နှစ်၊ ရဲလွင်ရှိန်(၃၁)နှစ်၊ သက်အောင်ရှိန်(၂၉)နှစ်၊ မင်းချမ်းမွန်(၂၀)နှစ်တို့အား လက်လုပ် မိုင်း ၃ လုံး၊ လက်ကိုင်ဖုန်း ၆ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ စည်သူရှိန်၏ ထွက်ဆိုချက်အရ မတ်လ ၂၄ ရက် နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာကျေးရွာ၌ တရားခံ သန့်ဇင်(ခ)သန့်ဇင်ဦး(၃၆)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ ရွှေနံ့သာကျေးရွာ၊ ချင်းတွင်းလမ်းရှိ နေအိမ်၌ ကွင်းဆက်တရားခံ နုနု(ခ)ခင်ဖုန်းဝင့်(၄၁)နှစ်အား လက်လုပ်မိုင်း ၁ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ စည်သူရှိန်နှင့် နုနု(ခ)ခင်ဖုန်းဝင့် တို့၏ ထွက်ဆိုချက်များ အရ မတ်လ ၂၄ ရက် ညနေပိုင်းတွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၌ အကြမ်း ဖက်ဖောက်ခွဲရေးလုပ်ငန်းများ စေခိုင်းသူ သူရထွန်း (ခ)ဖိုးသောကြာ(၃၇)နှစ်အား AK-47 ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၎င်းကျည် ၄ တောင့်၊ မှန်ပြောင်း ၁ ခုတို့နှင့် လည်းကောင်း၊ တောင်ကြီးမြို့နယ်၊ ညိုမီးကျေးရွာ၌ ဆက်စပ်တရားခံ နန်းဝေယဉ်(၃၇)နှစ်အား လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိ တရားခံ သူရထွန်း(ခ)ဖိုးသောကြာ၏ ထွက်ဆိုချက်အရ မတ်လ ၂၅ ရက် နံနက်ပိုင်းတွင် ဒဏ္ခိဏသီရိမြို့နယ်၌ ကွင်းဆက်တရားခံ ပြည့်ပြည့်ဖြိုး(ခ)ပြည့်ပြည့် (၄၃)နှစ်အားဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ဖမ်းဆီးရမိတရားခံများ၏ထွက်ဆိုချက်အရ မတ်လ ၂၅ ရက် နေ့လည်ပိုင်းတွင် မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်၊ (၃၅/၃၆) လမ်းကြားနှင့်(၇၈/၇၉)လမ်းကြား၌ ကွင်းဆက်တရားခံ ဖုန်းမြင့်ဟိန်း(ခ)တရုတ်ကြီး(၃၂)နှစ် အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် တရားခံ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၄ ဦး ပေါင်း ၁၁ ဦး တို့အား AK-47 ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၎င်းကျည် ၄ တောင့်၊ မှန်ပြောင်း ၁ ခု၊ လက်လုပ်မိုင်း ၄ လုံး၊ လက်ကိုင်ဖုန်း ၆ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ နုနု(ခ)ခင်ဖုန်းဝင့်၏ ထွက်ဆိုချက်အရ ၎င်းသည် ၂၀၂၁ ခုနှစ်၊ မေလမှ ဩဂုတ်လထိ KIA ဗဟိုဌာနချုပ်၊ လိုင်ဇာ၌ ဖွင့်လှစ်ခဲ့သည့် အကြမ်းဖက် ဖောက်ခွဲရေးသင်တန်းအား တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ သိမ်းဆည်းရမိသော လက်နက်/ ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများမှာ ဖမ်းဆီးရန်ကျန်တရားခံ တောင်ကြီး PDF အကြမ်းဖက်အဖွဲ့ဝင် ဇီဇီး မှ အကြမ်းဖက်လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်တွင် သူရထွန်း(ခ)ဖိုးသောကြာအား AK-47 ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၎င်းကျည် ၄ တောင့်၊ မှန်ပြောင်း ၁ ခုတို့အား လည်းကောင်း၊ စည်သူရှိန် သည် သူရထွန်း(ခ)ဖိုးသောကြာ၏ စေခိုင်းချက်အရ ရန်ကုန်မြို့အတွင်းရှိ ရုပ်ရှင်ရုံများအား ဖောက်ခွဲဖျက်ဆီးရန်အတွက် မတ်လ ၂၃ ရက်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းမကြီးရှိ ဆီဆိုင်အနီး၌ ဖမ်းဆီးရန်ကျန်တရားခံ အောင်သိုက် ထံမှ လက်လုပ်မိုင်း ၃ လုံးအားလည်းကောင်း ရရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံ နုနု(ခ)ခင်ဖုန်းဝင့်၏ ထွက်ဆိုချက်အရ ဇန်နဝါရီလ ၃ ရက် တွင် ပျဉ်းမနားမြို့နယ်၊ ဦးမင်းဒင်ကျေးရွာ၌ ထွန်းလှိုင်ဦးအား ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တွင် သိမ်းဆည်းရမိသော ဖောက်ခွဲရေးပစ္စည်းများမှာ နေပြည်တော် PDF အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးရန်ကျန် ကျောက်ခဲ(ခ)အောင်မိုးတို့နှင့် ပူးပေါင်း၍ ပြုလုပ်ခဲ့ ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံ နုနု(ခ)ခင်ဖုန်းဝင့်၏ ထွက်ဆိုချက်အရ အကြမ်းဖက်ဖောက်ခွဲရေး လုပ်ငန်းများဆောင်ရွက်ခဲ့မှုအနေဖြင့် ၎င်းသည် အကြမ်းဖက်သင်တန်းတက်ရောက်စဉ် ရင်းနှီးခဲ့သည့် ဖမ်းဆီးရန်ကျန် NLD ပါတီမှ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကျော်စိုးလင်း၏ စေခိုင်းမှုဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်တွင် နေပြည်တော် PDF အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးရန်ကျန် တရားခံ စိုင်းဝင်းနိုင်ဦးနှင့် ချိတ်ဆက်၍ ရဲလေး(ခ)ဘိုဘိုလေး၊ ကျောက်ခဲ(ခ) အောင်မိုး တို့နှင့်ပူပေါင်းကာ ဇဗ္ဗူသီရိမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်းအား လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံ စည်သူရှိန်နှင့် နန်းဝေယဉ် တို့သည် တရားခံ သူရထွန်း(ခ)ဖိုးသောကြာ၏ စေခိုင်းမှုဖြင့် မတ်လ ၁ ရက်တွင် နမ့်ဆန်မြို့သို့သွားရောက်၍ လေယာဉ်ဆီတင်ကားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေများအား စောင့်ကြည့်၍ သတင်းပေးပို့ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဖုန်းမြင့်ဟိန်း(ခ)တရုတ်ကြီး၏ စေခိုင်းမှုဖြင့် သူရထွန်း(ခ)ဖိုးသောကြာ သည် မတ်လ ၂၂ ရက်တွင် စည်သူရှိန်နှင့် သက်အောင်ရှိန် တို့အား ရုပ်ရှင်ရုံများ၊ ဟိုတယ်များအား အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခြေအနေ သွားရောက်ကြည့်ရှု့ခိုင်းခဲ့ကြောင်းနှင့် မတ်လ ၂၇ ရက် မတိုင်မီ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မင်္ဂလာဂါးဒင်းဟိုတယ်၊ သမ္မတရုပ်ရှင်ရုံနှင့် သွင်ရုပ်ရှင်ရုံ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဝင်းလိုက်ရုပ်ရှင်ရုံတို့အား တစ်ပြိုင်နက်ထဲ ဖောက်ခွဲမှုပြုလုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ထို့ပြင် ဖမ်းဆီးရမိတရားခံ နုနု(ခ)ခင်ဖုန်းဝင့်နှင့် သန့်ဇင်(ခ)သန့်ဇင်ဦးတို့၏ ထွက်ဆိုချက်များအရ နေပြည်တော် PDF အကြမ်းဖက်အဖွဲ့မှ စိုင်းဝင်းနိုင်ဦးသည် နုနု(ခ)ခင်ဖုန်းဝင့်နှင့် ချိတ်ဆက်၍ ဖောက်ခွဲရေးအဖွဲ့များဖွဲ့စည်းကာ မတ်လ ၂၇ ရက် မတိုင်မီ ဇမ္ဗူသီရိမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၊ သီရိ(၅) မြို့နယ် အခွန်ဦးစီးမှူးရုံး၊ ဒက္ခိဏခရိုင်တရားရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ယာဉ်ရပ်နားကွင်း၊ ပညာရေးဝန်ကြီးဌာနယာဉ်ရပ်နားကွင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ယာဉ်ရပ်နားကွင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ယာဉ်ရပ်နားကွင်း၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ယာဉ်ရပ်နားကွင်း၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ အဆင့်မြင့်ဈေးအနီးရှိ မြဝတီဘဏ်ရုံးချုပ်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ကညနရုံးတို့အား ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။

အထက်ပါ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများအား နုနု(ခ)ခင်ဖုန်းဝင့်နှင့် စည်သူရှိန်တို့မှ ငွေကြေးရယူလိုမှုဖြင့် ဆောင်ရွက်ရန်ဖြစ်ပြီး ၎င်းတို့အား နောက်ကွယ်မှ အဓိကစေခိုင်းလျက်ရှိသော တရားခံများမှာ ဖုန်းမြင့်ဟိန်း(ခ)တရုတ်ကြီးနှင့် ဖမ်းဆီးရန်ကျန် NLD ပါတီမှ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကျော်စိုးလင်း တို့ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

တရားခံ ဖုန်းမြင့်ဟိန်း(ခ)တရုတ်ကြီးနှင့် NLD ပါတီမှ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကျော်စိုးလင်းတို့အနေဖြင့် အကြမ်းဖက် ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန် စေခိုင်းရခြင်းမှာ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့နည်းလာသည့်အပြင် ကျောင်းသား/ကျောင်းသူများ စာသင်ကြားမှု ကာလပြီးမြောက်သဖြင့် ပြည်သူလူထုစိတ်လက်အပန်းဖြေအနားယူ နိုင်စေရေး ရုပ်ရှင်ရုံများအား နှစ်ဆန်းတစ်ရက်နေ့တွင် ဖွင့်လှစ်နိုင်ရေး ရည်ရွယ်ဆောင်ရွက်နေမှုအား ပျက်စီးစေရန်အတွက် ရုပ်ရှင်ရုံများနှင့် ဟိုတယ်များအား ဖောက်ခွဲဖျက်ဆီးခြင်းဖြင့် ပြည်သူလူထုထိခိုက်ဒဏ်ရာရရှိ၍ အထိတ်တလန့် ဖြစ်ကာ နိုင်ငံတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ယုတ်မာသော အကြံအစည်ဖြင့် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်ထားသည်။

(Zawgyi)

“ရန္ကုန္တိုင္းေဒသႀကီးႏွင့္ မႏၱေလးတိုင္းေဒသႀကီးအတြင္းရွိ ဟိုတယ္ႏွင့္ ႐ုပ္ရွင္႐ုံမ်ား၊ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းရွိ ဌာနဆိုင္ရာအေဆာက္အဦမ်ားႏွင့္ အမ်ားျပည္သူအပန္းေျဖ ေနရာမ်ားအား အၾကမ္းဖက္ေဖာက္ခြဲေရးလုပ္ငန္းမ်ား ေဆာင္႐ြက္မည့္ တရားခံမ်ား ဖမ္းဆီးရမိ”

နိုင္ငံေတာ္အစိုးရအေနျဖင့္ CRPH၊ NUG ႏွင့္ PDF အမည္ခံ အၾကမ္းဖက္အဖြဲ႕မ်ားမွ ျပည္သူလူထု အထိတ္အလန႔္ျဖစ္ေစရန္အတြက္ ေဖာက္ခြဲဖ်က္ဆီးျခင္းႏွင့္ အျပစ္မဲ့ ျပည္သူမ်ားအား လုပ္ႀကံသတ္ျဖတ္ျခင္းစသည့္ အၾကမ္းဖက္လုပ္ရပ္မ်ားအား ေဆာင္႐ြက္နိုင္မႈမရွိေစေရး ေဖာ္ထုတ္ဖမ္းဆီးျခင္းမ်ားအား ေန႕/ညမျပတ္ ေဆာင္႐ြက္လ်က္ရွိရာ ေအးခ်မ္းစြာေနထိုင္လိုသည့္ တာဝန္သိျပည္သူတစ္ဦး၏ သတင္းေပးပို႔ခ်က္အရ ၂၀၂၂ ခုႏွစ္၊ မတ္လ ၂၃ ရက္ ညပိုင္းတြင္ လမ္းမေတာ္ၿမိဳ႕နယ္၊ ေဆးတကၠသိုလ္(၁)၊ ဝန္ထမ္းအိမ္ရာ၌ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ႐ုပ္ရွင္႐ုံမ်ားအား အၾကမ္းဖက္ ေဖာက္ခြဲရန္စီစဥ္ ေဆာင္႐ြက္လ်က္ရွိသူ စည္သူရွိန္(၃၈)ႏွစ္ႏွင့္အတူ ျမတ္ျမတ္ခိုင္(၅၇) ႏွစ္၊ ရဲလြင္ရွိန္(၃၁)ႏွစ္၊ သက္ေအာင္ရွိန္(၂၉)ႏွစ္၊ မင္းခ်မ္းမြန္(၂၀)ႏွစ္တို႔အား လက္လုပ္ မိုင္း ၃ လုံး၊ လက္ကိုင္ဖုန္း ၆ လုံးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။

ဖမ္းဆီးရမိတရားခံ စည္သူရွိန္၏ ထြက္ဆိုခ်က္အရ မတ္လ ၂၄ ရက္ နံနက္ပိုင္းတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ဥတၱရသီရိၿမိဳ႕နယ္၊ ေ႐ႊနံ႕သာေက်း႐ြာ၌ တရားခံ သန႔္ဇင္(ခ)သန႔္ဇင္ဦး(၃၆)ႏွစ္အား ဖမ္းဆီးရမိခဲ့ၿပီး ၎၏ ထြက္ဆိုခ်က္အရ ေ႐ႊနံ႕သာေက်း႐ြာ၊ ခ်င္းတြင္းလမ္းရွိ ေနအိမ္၌ ကြင္းဆက္တရားခံ ႏုႏု(ခ)ခင္ဖုန္းဝင့္(၄၁)ႏွစ္အား လက္လုပ္မိုင္း ၁ လုံးႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့သည္။

ဖမ္းဆီးရမိတရားခံ စည္သူရွိန္ႏွင့္ ႏုႏု(ခ)ခင္ဖုန္းဝင့္ တို႔၏ ထြက္ဆိုခ်က္မ်ား အရ မတ္လ ၂၄ ရက္ ညေနပိုင္းတြင္ ေတာင္ႀကီးၿမိဳ႕၊ ေက်ာင္းႀကီးစုရပ္ကြက္၌ အၾကမ္း ဖက္ေဖာက္ခြဲေရးလုပ္ငန္းမ်ား ေစခိုင္းသူ သူရထြန္း (ခ)ဖိုးေသာၾကာ(၃၇)ႏွစ္အား AK-47 ၁ လက္၊ က်ည္အိမ္ ၁ ခု၊ ၎က်ည္ ၄ ေတာင့္၊ မွန္ေျပာင္း ၁ ခုတို႔ႏွင့္ လည္းေကာင္း၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ညိုမီးေက်း႐ြာ၌ ဆက္စပ္တရားခံ နန္းေဝယဥ္(၃၇)ႏွစ္အား လည္းေကာင္း ဖမ္းဆီးရမိခဲ့သည္။

ဖမ္းဆီးရမိ တရားခံ သူရထြန္း(ခ)ဖိုးေသာၾကာ၏ ထြက္ဆိုခ်က္အရ မတ္လ ၂၅ ရက္ နံနက္ပိုင္းတြင္ ဒဏၡိဏသီရိၿမိဳ႕နယ္၌ ကြင္းဆက္တရားခံ ျပည့္ျပည့္ၿဖိဳး(ခ)ျပည့္ျပည့္ (၄၃)ႏွစ္အားဖမ္းဆီးရမိခဲ့သည္။

ထို႔ျပင္ ဖမ္းဆီးရမိတရားခံမ်ား၏ထြက္ဆိုခ်က္အရ မတ္လ ၂၅ ရက္ ေန႕လည္ပိုင္းတြင္ မဟာေအာင္ေျမၿမိဳ႕နယ္၊ ေဟမမာလာေတာင္ရပ္ကြက္၊ (၃၅/၃၆) လမ္းၾကားႏွင့္(၇၈/၇၉)လမ္းၾကား၌ ကြင္းဆက္တရားခံ ဖုန္းျမင့္ဟိန္း(ခ)တ႐ုတ္ႀကီး(၃၂)ႏွစ္ အား ထပ္မံဖမ္းဆီးရမိခဲ့သည္။

ျဖစ္စဥ္တြင္ တရားခံ အမ်ိဳးသား ၇ ဦး၊ အမ်ိဳးသမီး ၄ ဦး ေပါင္း ၁၁ ဦး တို႔အား AK-47 ၁ လက္၊ က်ည္အိမ္ ၁ ခု၊ ၎က်ည္ ၄ ေတာင့္၊ မွန္ေျပာင္း ၁ ခု၊ လက္လုပ္မိုင္း ၄ လုံး၊ လက္ကိုင္ဖုန္း ၆ လုံးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။

ဖမ္းဆီးရမိတရားခံ ႏုႏု(ခ)ခင္ဖုန္းဝင့္၏ ထြက္ဆိုခ်က္အရ ၎သည္ ၂၀၂၁ ခုႏွစ္၊ ေမလမွ ဩဂုတ္လထိ KIA ဗဟိုဌာနခ်ဳပ္၊ လိုင္ဇာ၌ ဖြင့္လွစ္ခဲ့သည့္ အၾကမ္းဖက္ ေဖာက္ခြဲေရးသင္တန္းအား တက္ေရာက္ခဲ့ေၾကာင္း ေဖာ္ထုတ္သိရွိရသည္။

ဖမ္းဆီးရမိတရားခံမ်ား၏ ထြက္ဆိုခ်က္အရ သိမ္းဆည္းရမိေသာ လက္နက္/ ခဲယမ္းမ်ားႏွင့္ ေဖာက္ခြဲေရးပစၥည္းမ်ားမွာ ဖမ္းဆီးရန္က်န္တရားခံ ေတာင္ႀကီး PDF အၾကမ္းဖက္အဖြဲ႕ဝင္ ဇီဇီး မွ အၾကမ္းဖက္လုပ္ငန္းမ်ားတြင္ အသုံးျပဳရန္အတြက္ ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၆ ရက္တြင္ သူရထြန္း(ခ)ဖိုးေသာၾကာအား AK-47 ၁ လက္၊ က်ည္အိမ္ ၁ ခု၊ ၎က်ည္ ၄ ေတာင့္၊ မွန္ေျပာင္း ၁ ခုတို႔အား လည္းေကာင္း၊ စည္သူရွိန္ သည္ သူရထြန္း(ခ)ဖိုးေသာၾကာ၏ ေစခိုင္းခ်က္အရ ရန္ကုန္ၿမိဳ႕အတြင္းရွိ ႐ုပ္ရွင္႐ုံမ်ားအား ေဖာက္ခြဲဖ်က္ဆီးရန္အတြက္ မတ္လ ၂၃ ရက္တြင္ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၂)လမ္းမႀကီးရွိ ဆီဆိုင္အနီး၌ ဖမ္းဆီးရန္က်န္တရားခံ ေအာင္သိုက္ ထံမွ လက္လုပ္မိုင္း ၃ လုံးအားလည္းေကာင္း ရရွိခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ထုတ္သိရွိရသည္။

ဖမ္းဆီးရမိတရားခံ ႏုႏု(ခ)ခင္ဖုန္းဝင့္၏ ထြက္ဆိုခ်က္အရ ဇန္နဝါရီလ ၃ ရက္ တြင္ ပ်ဥ္းမနားၿမိဳ႕နယ္၊ ဦးမင္းဒင္ေက်း႐ြာ၌ ထြန္းလွိုင္ဦးအား ဖမ္းဆီးရမိခဲ့သည့္ ျဖစ္စဥ္တြင္ သိမ္းဆည္းရမိေသာ ေဖာက္ခြဲေရးပစၥည္းမ်ားမွာ ေနျပည္ေတာ္ PDF အၾကမ္းဖက္အဖြဲ႕မွ ဖမ္းဆီးရန္က်န္ ေက်ာက္ခဲ(ခ)ေအာင္မိုးတို႔ႏွင့္ ပူးေပါင္း၍ ျပဳလုပ္ခဲ့ ျခင္းျဖစ္ေၾကာင္း ေဖာ္ထုတ္သိရွိရသည္။

ဖမ္းဆီးရမိတရားခံ ႏုႏု(ခ)ခင္ဖုန္းဝင့္၏ ထြက္ဆိုခ်က္အရ အၾကမ္းဖက္ေဖာက္ခြဲေရး လုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့မႈအေနျဖင့္ ၎သည္ အၾကမ္းဖက္သင္တန္းတက္ေရာက္စဥ္ ရင္းႏွီးခဲ့သည့္ ဖမ္းဆီးရန္က်န္ NLD ပါတီမွ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ျပည္သူ႕လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ေက်ာ္စိုးလင္း၏ ေစခိုင္းမႈျဖင့္ ေဖေဖာ္ဝါရီလ ၁၂ ရက္တြင္ ေနျပည္ေတာ္ PDF အၾကမ္းဖက္အဖြဲ႕မွ ဖမ္းဆီးရန္က်န္ တရားခံ စိုင္းဝင္းနိုင္ဦးႏွင့္ ခ်ိတ္ဆက္၍ ရဲေလး(ခ)ဘိုဘိုေလး၊ ေက်ာက္ခဲ(ခ) ေအာင္မိုး တို႔ႏွင့္ပူေပါင္းကာ ဇဗၺဴသီရိၿမိဳ႕နယ္၊ အမွတ္(၃)နယ္ေျမရဲစခန္းအားလက္လုပ္ဗုံးျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း ေဖာ္ထုတ္ သိရွိရသည္။

ဖမ္းဆီးရမိတရားခံမ်ား၏ ထြက္ဆိုခ်က္အရ တရားခံ စည္သူရွိန္ႏွင့္ နန္းေဝယဥ္ တို႔သည္ တရားခံ သူရထြန္း(ခ)ဖိုးေသာၾကာ၏ ေစခိုင္းမႈျဖင့္ မတ္လ ၁ ရက္တြင္ နမ့္ဆန္ၿမိဳ႕သို႔သြားေရာက္၍ ေလယာဥ္ဆီတင္ကားမ်ားႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၏ အေျခအေနမ်ားအား ေစာင့္ၾကည့္၍ သတင္းေပးပို႔ခဲ့ေၾကာင္း ေဖာ္ထုတ္သိရွိရသည္။

ဖမ္းဆီးရမိတရားခံမ်ား၏ ထြက္ဆိုခ်က္အရ ဖုန္းျမင့္ဟိန္း(ခ)တ႐ုတ္ႀကီး၏ ေစခိုင္းမႈျဖင့္ သူရထြန္း(ခ)ဖိုးေသာၾကာ သည္ မတ္လ ၂၂ ရက္တြင္ စည္သူရွိန္ႏွင့္ သက္ေအာင္ရွိန္ တို႔အား ႐ုပ္ရွင္႐ုံမ်ား၊ ဟိုတယ္မ်ားအား အၾကမ္းဖက္ေဖာက္ခြဲေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ အေျခအေန သြားေရာက္ၾကည့္ရႈ႕ခိုင္းခဲ့ေၾကာင္းႏွင့္ မတ္လ ၂၇ ရက္ မတိုင္မီ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ မဂၤလာဂါးဒင္းဟိုတယ္၊ သမၼတ႐ုပ္ရွင္႐ုံႏွင့္ သြင္႐ုပ္ရွင္႐ုံ၊ မႏၱေလးတိုင္းေဒသႀကီးအတြင္းရွိ ဝင္းလိုက္႐ုပ္ရွင္႐ုံတို႔အား တစ္ၿပိဳင္နက္ထဲ ေဖာက္ခြဲမႈျပဳလုပ္ရန္ စီစဥ္ေဆာင္႐ြက္ခဲ့ေၾကာင္း ေဖာ္ထုတ္သိရွိရသည္။

ထို႔ျပင္ ဖမ္းဆီးရမိတရားခံ ႏုႏု(ခ)ခင္ဖုန္းဝင့္ႏွင့္ သန႔္ဇင္(ခ)သန႔္ဇင္ဦးတို႔၏ ထြက္ဆိုခ်က္မ်ားအရ ေနျပည္ေတာ္ PDF အၾကမ္းဖက္အဖြဲ႕မွ စိုင္းဝင္းနိုင္ဦးသည္ ႏုႏု(ခ)ခင္ဖုန္းဝင့္ႏွင့္ ခ်ိတ္ဆက္၍ ေဖာက္ခြဲေရးအဖြဲ႕မ်ားဖြဲ႕စည္းကာ မတ္လ ၂၇ ရက္ မတိုင္မီ ဇမၺဴသီရိၿမိဳ႕နယ္၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ႐ုံး၊ သီရိ(၅) ၿမိဳ႕နယ္ အခြန္ဦးစီးမႉး႐ုံး၊ ဒကၡိဏခရိုင္တရား႐ုံး၊ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံး ယာဥ္ရပ္နားကြင္း၊ ပညာေရးဝန္ႀကီးဌာနယာဥ္ရပ္နားကြင္း၊ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ယာဥ္ရပ္နားကြင္း၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ယာဥ္ရပ္နားကြင္း၊ ရင္းႏွီးျမဳပ္ႏွံမႈႏွင့္ နိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန ယာဥ္ရပ္နားကြင္း၊ ဇမၺဴသီရိၿမိဳ႕နယ္၊ သေျပကုန္းရပ္ကြက္၊ အဆင့္ျမင့္ေဈးအနီးရွိ ျမဝတီဘဏ္႐ုံးခ်ဳပ္၊ ပုဗၺသီရိၿမိဳ႕နယ္ရွိ ကညန႐ုံးတို႔အား ေဖာက္ခြဲေရးလုပ္ငန္းမ်ား ေဆာင္႐ြက္သြားရန္ စီစဥ္လ်က္ရွိေၾကာင္း ေဖာ္ထုတ္သိရွိရသည္။

အထက္ပါ အၾကမ္းဖက္ေဖာက္ခြဲေရးလုပ္ငန္းမ်ားအား ႏုႏု(ခ)ခင္ဖုန္းဝင့္ႏွင့္ စည္သူရွိန္တို႔မွ ေငြေၾကးရယူလိုမႈျဖင့္ ေဆာင္႐ြက္ရန္ျဖစ္ၿပီး ၎တို႔အား ေနာက္ကြယ္မွ အဓိကေစခိုင္းလ်က္ရွိေသာ တရားခံမ်ားမွာ ဖုန္းျမင့္ဟိန္း(ခ)တ႐ုတ္ႀကီးႏွင့္ ဖမ္းဆီးရန္က်န္ NLD ပါတီမွ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ေက်ာ္စိုးလင္း တို႔ျဖစ္ေၾကာင္း ေဖာ္ထုတ္သိရွိရသည္။

တရားခံ ဖုန္းျမင့္ဟိန္း(ခ)တ႐ုတ္ႀကီးႏွင့္ NLD ပါတီမွ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ျပည္သူ႕လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ေက်ာ္စိုးလင္းတို႔အေနျဖင့္ အၾကမ္းဖက္ ေဖာက္ခြဲေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ ေစခိုင္းရျခင္းမွာ နိုင္ငံေတာ္အစိုးရအေနျဖင့္ ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈ ေလ်ာ့နည္းလာသည့္အျပင္ ေက်ာင္းသား/ေက်ာင္းသူမ်ား စာသင္ၾကားမႈ ကာလၿပီးေျမာက္သျဖင့္ ျပည္သူလူထုစိတ္လက္အပန္းေျဖအနားယူ နိုင္ေစေရး ႐ုပ္ရွင္႐ုံမ်ားအား ႏွစ္ဆန္းတစ္ရက္ေန႕တြင္ ဖြင့္လွစ္နိုင္ေရး ရည္႐ြယ္ေဆာင္႐ြက္ေနမႈအား ပ်က္စီးေစရန္အတြက္ ႐ုပ္ရွင္႐ုံမ်ားႏွင့္ ဟိုတယ္မ်ားအား ေဖာက္ခြဲဖ်က္ဆီးျခင္းျဖင့္ ျပည္သူလူထုထိခိုက္ဒဏ္ရာရရွိ၍ အထိတ္တလန႔္ ျဖစ္ကာ နိုင္ငံတည္ၿငိမ္ေအးခ်မ္းမႈပ်က္ျပားေစရန္ ယုတ္မာေသာ အႀကံအစည္ျဖင့္ ရည္႐ြယ္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ထုတ္သိရွိရသည္။

သို႔ျဖစ္ပါ၍ ဖမ္းဆီးရမိတရားခံမ်ားအား ဥပေဒအရထိေရာက္စြာ အေရးယူနိုင္ေရး ဆက္လက္ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး အၾကမ္းဖက္မႈေဆာင္႐ြက္ေနသူမ်ားအား ျပည္သူတစ္ရပ္လုံးက ဝိုင္းဝန္းကာကြယ္တိုက္ဖ်က္ၾကရန္ႏွင့္ ျပစ္မႈက်ဴးလြန္ရာတြင္ ပါဝင္ပတ္သက္သူမ်ား၊ ေနာက္ကြယ္မွ ေထာက္ပံ့ေပးလ်က္ရွိေသာ ဆက္စပ္တရားခံမ်ားအား အျမန္ဆုံးဖမ္းဆီးရမိေရးအတြက္ ၎တို႔ပုန္းခိုရာေနရာမ်ား၊ လႈပ္ရွားသြားလာ ေနထိုင္မႈ သတင္းမ်ားရရွိပါက သက္ဆိုင္ရာသို႔ လွ်ို႔ဝွက္စြာသတင္းေပးတိုင္ၾကားနိုင္ပါေၾကာင္း၊ သတင္းေပးသူႏွင့္ ဖမ္းဆီးေပးသူမ်ားအား ထိုက္တန္စြာ လွ်ို႔ဝွက္၍ ဆုေငြမ်ား ခ်ီးျမႇင့္ေပးမည္ျဖစ္ေၾကာင္းႏွင့္ ၿမိဳ႕႐ြာမ်ားအျမန္ဆုံး ေအးခ်မ္းတည္ၿငိမ္ေရးအတြက္ ျပည္သူတစ္ရပ္လုံး ပူးေပါင္းပါဝင္ႀကိဳးပမ္းေဆာင္႐ြက္နိုင္ပါရန္ ေမတၱာရပ္ခံအပ္ပါေၾကာင္း အသိေပးသတင္းထုတ္ျပန္ထားသည္။