မန္တလေးတောင်ခြေရှိ ရတနာပုံတိရစ္ဆာန်ဥယျာဉ်၌ ကျားကြီးထူးအောင်နှင့် ကျားမကြီးရိုစီတိုကို ခက်ခက်ခဲခဲမျိုးစပ်ခဲ့ရာမှရရှိခဲ့သည့် ကျားပေါ်ကလေးတစ်ကောင်းကို မတ်လ ၉ ရက်နေ့တွင် အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မီးဖွားကာစ ကျားမကြီးအတွက် စိတ်အနှောင့်အယှက်ဖြစ်မည်စိုးသဖြင့် ဥယျာဉ်အုပ်ထိန်းသူများက CCTV ကနေတဆင့်သာ စောင့်ကြည့်နေဆဲဖြစ်သဖြင့် အဆိုပါ ကျားပေါက်ကလေးကို အထီး၊ အမ ခွဲခြား မသိရှိရသေးကြောင်းလည်း တိရစ္ဆာန်ရုံတာဝန်ရှိသူများက ပြောဆိုထားသည်။

ယခုအချိန်တွင် မိခင်ကျားမကြီးနှင့် ကလေးငယ်မှာ ကျန်းမာရေးကောင်းမွန်နေပြီး ကျားပေါက်ငယ်အား မိခင်ကျားမကြီးက ပုံမှန်နိုတိုက်ကျွေးခြင်းနှင့် သဘာဝအတိုင်းကျန်းမာရေးစောင့်ရှောက်မှုကို ပေးလျက်ရှိကြောင်း သိရပြီး အဆိုပါ ရတနာပုံတိရစ္ဆာန်ဥယျာဉ်၌ ကျားအထီး (၃)ကောင် ၊ ကျားမ (၄)ကောင် ကို မွေးမြူထိန်းသိမ်းစောင့်ထားကြောင်း သိရသည်။
#mhtnews

(Zawgyi)
“ရတနာပုံတိရစ်ဆာန်ဥယျာဉ်၌ ကျားပေါက်လေးတစ်ကောင် မွေးဖွား”

မန္တလေးတောင်ခြေရှိ ရတနာပုံတိရစ်ဆာန်ဥယျာဉ်၌ ကျားကြီးထူးအောင်နှင့် ကျားမကြီးရိုစီတို့ကို ခက်ခက်ခဲခဲမျိးစပ်ခဲ့ရာမှရရှိခဲ့သည့် ကျားပေါ်ကလေးတစ်ကောင်းကို မတ်လ ၉ ရက်နေ့တွင် အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မီးဖွားကာစ ကျားမကြီးအတွက် စိတ်အနှောင့်အယှက်ဖြစ်မည်စိုးသဖြင့် ဥယျာဉ်အုပ်ထိန်းသူများက CCTV ကနေတဆင့်သာ စောင့်ကြည့်နေဆဲဖြစ်သဖြင့် အဆိုပါ ကျားပေါက်ကလေးကို အထီး၊ အမ ခွဲခြား မသိရှိရသေးကြောင်းလည်း တိရစ်ဆာန်ရုံတာဝန်ရှိသူများက ပြောဆိုထားသည်။

ယခုအချိန်တွင် မိခင်ကျားမကြီးနှင့် ကလေးငယ်မှာ ကျန်းမာရေးကောင်းမွန်နေပြီး ကျားပေါက်ငယ်အား မိခင်ကျားမကြီးက ပုံမှန်နို့တိုက်ကျွေးခြင်းနှင့် သဘာဝအတိုင်းကျန်းမာရေးစောင့်ရှောက်မှုကို ပေးလျက်ရှိကြောင်း သိရပြီး အဆိုပါ ရတနာပုံတိရစ်ဆာန်ဥယျာဉ်၌ ကျားအထီး (၃)ကောင် ၊ ကျားမ (၄)ကောင် ကို မွေးမြူထိန်းသိမ်းစောင့်ထားကြောင်း သိရသည်။
#mhtnews