ရင်းနှီးမြှုပ်နှံသူများသည် ၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပွားပြီးနောက်ပိုင်း ကမ္ဘာ့စီးပွားရေး တိုးတက်မှု အလားအလာကို စိုးရိမ်ပူပန်လာသည့်အတွက် ငွေကြေးကိုင်ဆောင်ထိန်းချုပ်မှုများကို နှစ်နှစ်အတွင်းအမြင့်ဆုံးအဖြစ် တိုးမြှင့်လာကြောင်း အမေရိကားဘဏ်(BofA)၏ လေ့လာမှုအရ သိရသည်။

မတ် ၄ ရက်နှင့် ၁၀ ရက်ကြားတွင် ပြုလုပ်သောလေ့လာမှုအရ ရင်းနှီးမြှုပ်နှံ သူများသည် ပိုင်ဆိုင်မှုပစ္စည်း အမေရိကန် ဒေါ်လာ ၁ ထရီလီယံခန့်ကို စီမံခန့်ခွဲနေကြောင်းနှင့် ၂၀၂၂ ခုနှစ်တွင် ရှယ်ယာ ဈေးကွက်ရှိ တန်ဖိုးများမှာ ၂၀၂၀ ပြည့်နှစ် မေလနောက်ပိုင်း အနိမ့်ဆုံးသို့ ကျဆင်းလာမည်ဟု မျှော်မှန်းထားကြောင်း အမေရိကားဘဏ်၏ လေ့လာမှုတွင် ဖော်ပြထားသည်။

ရင်းနှီးမြှုပ်နှံသူများကြား ငွေသားကိုင်ဆောင်မှုသည် ၆ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာပြီး လူသုံးကုန်ပစ္စည်းများ ဝယ်ယူမှုမှာ ၃၃ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်လာကာ ထိုအထဲတွင် အများဆုံး ကုန်သွယ်မှုလုပ်နေရသည့် လူသုံးကုန်ပစ္စည်းမှာ ရေနံဖြစ်သည်ဟုဆိုသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်   မတ်လနှင့်   ဧပြီလတို့တွင် ငွေကြေးဈေးကွက်များ ထိခိုက်သည့် အတွက် ငွေပေါ်လွယ်မှု အခြေအနေများမှာ အနိမ့်ဆုံးအဆင့်အထိ ဆိုးဝါးလာစဉ် ၂၀၂၂ ခုနှစ်တွင် အမေရိကန် ဗဟိုဘဏ်က နှုန်းထားများ တိုးမြှင့်လာနိုင်သည်ဟု ရင်းနှီးမြှုပ်နှံ သူများက မျှော်မှန်းထားကြောင်း CNA သတင်းဖော်ပြမှုအရ သိရသည်။

#mhtnews

(Zawgyi)

“ရင္းႏွီးျမႇုပ္ႏွံသူမ်ားက ေငြေၾကးကိုင္ေဆာင္ထိန္းခ်ဳပ္မႈမ်ားကိုတိုးျမႇင့္လာ”

ရင္းႏွီးျမႇုပ္ႏွံသူမ်ားသည္ ၂၀၀၈ ခုႏွစ္ ကမၻာ့ဘ႑ာေရးအက်ပ္အတည္းျဖစ္ပြားၿပီးေနာက္ပိုင္း ကမၻာ့စီးပြားေရး တိုးတက္မႈ အလားအလာကို စိုးရိမ္ပူပန္လာသည့္အတြက္ ေငြေၾကးကိုင္ေဆာင္ထိန္းခ်ဳပ္မႈမ်ားကို ႏွစ္ႏွစ္အတြင္းအျမင့္ဆုံးအျဖစ္ တိုးျမႇင့္လာေၾကာင္း အေမရိကားဘဏ္(BofA)၏ ေလ့လာမႈအရ သိရသည္။

မတ္ ၄ ရက္ႏွင့္ ၁၀ ရက္ၾကားတြင္ ျပဳလုပ္ေသာေလ့လာမႈအရ ရင္းႏွီးျမႇုပ္ႏွံ သူမ်ားသည္ ပိုင္ဆိုင္မႈပစၥည္း အေမရိကန္ ေဒၚလာ ၁ ထရီလီယံခန႔္ကို စီမံခန႔္ခြဲေနေၾကာင္းႏွင့္ ၂၀၂၂ ခုႏွစ္တြင္ ရွယ္ယာ ေဈးကြက္ရွိ တန္ဖိုးမ်ားမွာ ၂၀၂၀ ျပည့္ႏွစ္ ေမလေနာက္ပိုင္း အနိမ့္ဆုံးသို႔ က်ဆင္းလာမည္ဟု ေမွ်ာ္မွန္းထားေၾကာင္း အေမရိကားဘဏ္၏ ေလ့လာမႈတြင္ ေဖာ္ျပထားသည္။

ရင္းႏွီးျမႇုပ္ႏွံသူမ်ားၾကား ေငြသားကိုင္ေဆာင္မႈသည္ ၆ ရာခိုင္ႏႈန္းနီးပါးအထိ ျမင့္တက္လာၿပီး လူသုံးကုန္ပစၥည္းမ်ား ဝယ္ယူမႈမွာ ၃၃ ရာခိုင္ႏႈန္းအထိ စံခ်ိန္တင္ျမင့္တက္လာကာ ထိုအထဲတြင္ အမ်ားဆုံး ကုန္သြယ္မႈလုပ္ေနရသည့္ လူသုံးကုန္ပစၥည္းမွာ ေရနံျဖစ္သည္ဟုဆိုသည္။

ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္ မတ္လႏွင့္ ဧၿပီလတို႔တြင္ ေငြေၾကးေဈးကြက္မ်ား ထိခိုက္သည့္ အတြက္ ေငြေပၚလြယ္မႈ အေျခအေနမ်ားမွာ အနိမ့္ဆုံးအဆင့္အထိ ဆိုးဝါးလာစဥ္ ၂၀၂၂ ခုႏွစ္တြင္ အေမရိကန္ ဗဟိုဘဏ္က ႏႈန္းထားမ်ား တိုးျမႇင့္လာနိုင္သည္ဟု ရင္းႏွီးျမႇုပ္ႏွံ သူမ်ားက ေမွ်ာ္မွန္းထားေၾကာင္း CNA သတင္းေဖာ္ျပမႈအရသိရသည္။

#mhtnews