ရခိုင် ဒီမိုကရေစီအဖွဲချုပ် ALD ပါတီက လက်ရှိရွေးကောက်ပွဲကော်မရှင်ထံမှာ ပါတီစာရင်းဇယားတွေအစစ်ဆေးခံမှာမဟုတ်ဘူးလို ပြောဆိုလိုက်ပါတယ်။
အဆိုပါ ရခိုင် ဒီမိုကရေစီအဖွဲချုပ် ALD ပါတီကို မတ်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ပါတီစာရင်းဇယားတွေ လာရောက်အစစ်ခံဖို သက်ဆိုင်ရာကအကြောင်းကြားထားတာဖြစ်ပြီး ဒါနဲ့ပတ်သက်လို အစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး အစစ်ဆေးမခံဖို ဆုံးဖြတ်လိုက်တာဖြစ်တယ်လို ပါတီရဲ့ ပြောခွင့်ပုဂ္ဂိုလ် ဦးမြတ်ထွန်းက ပြောဆိုတယ်လို သိရပါတယ်။
အလားတူ NLD ပါတီနဲ့ SNLD ပါတီတိုကို ငွေစာရင်းစစ်ဆေးခံဖို ခွင့်ပြုထားတဲ့ နောက်ဆုံးသတ်မှတ်ရက်ဟာ ယနေ့ (မတ်လ ၉ ရက်) နေ့မှာ ပြည့် မြောက်ခဲ့သော်လည်း ၎င်းပါတီတိုဟာ စစ်ဆေးမှုမခံယူခဲ့ဘူးလိုသိရပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ကတော့ ညွှန်ကြားချက်အတိုင်း သတ်မှတ်ရက်အတွင်း အစစ်ဆေးမခံဘူးဆိုရင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၄ (ဂ)၊ (ဃ)၊ (င)တိုနဲ့ အရေးယူဆောင်ရွက်သွားမယ်လို အကြောင်းကြားထားကြောင်း ကော်မရှင်ကပြောဆိုထားပါတယ်။
#mhtnews
(Zawgyi)
“ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီက လက်ရှိ UEC ထံမှာ ပါတီငွေစာရင်းစစ်ဆေးခံမည်မဟုတ်ကြောင်း ပြောဆို”
ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီက လက်ရှိရွေးကောက်ပွဲကော်မရှင်ထံမှာ ပါတီစာရင်းဇယားတွေအစစ်ဆေးခံမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။
အဆိုပါ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီကို မတ်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ပါတီစာရင်းဇယားတွေ လာရောက်အစစ်ခံဖို့ သက်ဆိုင်ရာကအကြောင်းကြားထားတာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ အစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး အစစ်ဆေးမခံဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ပါတီရဲ့ ပြောခွင့်ပုဂ္ဂိုလ် ဦးမြတ်ထွန်းက ပြောဆိုတယ်လို့ သိရပါတယ်။
အလားတူ NLD ပါတီနဲ့ SNLD ပါတီတို့ကို ငွေစာရင်းစစ်ဆေးခံဖို့ ခွင့်ပြုထားတဲ့ နောက်ဆုံးသတ်မှတ်ရက်ဟာ ယနေ့ (မတ်လ ၉ ရက်) နေ့မှာ ပြည့်မြောက်ခဲ့သော်လည်း ၎င်းပါတီတို့ဟာ စစ်ဆေးမှုမခံယူခဲ့ဘူးလို့သိရပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ကတော့ ညွှန်ကြားချက်အတိုင်း သတ်မှတ်ရက်အတွင်း အစစ်ဆေးမခံဘူးဆိုရင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၄ (ဂ)၊ (ဃ)၊ (င)တို့နဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ အကြောင်းကြားထားကြောင်း ကော်မရှင်ကပြောဆိုထားပါတယ်။
#mhtnews
Recent Comments