သာကီမဏ္ဍိုင် ရခိုင်ယဥ်ကျေးမှုအဖွဲမှ ဦးစီးကျင်းပတဲ့ ရခိုင်ရိုးရာ သျှစ်သောင်းမြှောက်ပွဲ (သဲပုံစေတီပွဲတော်) ကို ဒီကနေ့ မတ်လ ၁၆ ရက်၊ မွန်းလွဲ ၁ နာရီအချိန်က စစ်တွေဟိုတယ် ကမ်းခြေမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တယ်လို သိရပါတယ်။

ရခိုင်တိုရဲ့ ရိုးရာအစဥ်အလာပွဲတော်တစ်ခုဖြစ်တဲ့ သျှစ်သောင်းမြှောက်ပွဲတော်ကို ယခုလို တပေါင်းလပြည့်နေ့မှာ ကျင်းပလေ့ရှိပြီး ပင်လယ်ကမ်းစပ် ဒေသတွေဖြစ်တဲ့ စစ်တွေကမ်းခြေအပါအဝင် သံတွဲမြို ငပလီကမ်းခြေတိုမှာ ကျင်းပလေ့ရှိကြပါတယ်။

ပွဲတော်အတွင်း ကမ်းခြေမှာရှိတဲ့ သဲများကို အသုံးပြုပြီး စေတီတော်များ၊ ဘုရားဆင်းတုတော်များကို စိတ်ကြိုက် ပုံဖော်ဖန်တီး ပူဇော်ကြကာ အဲဒီ ဘုရားစေတီများမှာ ပန်းများ၊ တံခွန်ကုက္ကားများ စတဲ့ လှူဖွယ်ပစ္စည်းများ ကပ်လှူရင်း ပျော်ရွှင်စွာ ကုသိုလ်ယူကြတဲ့ ပွဲတော်တစ်ခုဖြစ်လို ကလေး၊ လူကြီး အရွယ်မရွေး ပါဝင်ဆင်နွှကြတယ်လို သိရပါတယ်။
#mhtnews

(Zawgyi)
“ရခိုင်ရိုးရာ သျှစ်သောင်းမြှောက်ပွဲ (သဲပုံစေတီပွဲတော်)ကို စစ်တွေဟိုတယ် ကမ်းခြေ၌ အစဉ်အလာမပျက် ပျော်ရွှင်စွာကျင်းပ”

သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့မှ ဦးစီးကျင်းပတဲ့ ရခိုင်ရိုးရာ သျှစ်သောင်းမြှောက်ပွဲ (သဲပုံစေတီပွဲတော်) ကို ဒီကနေ့ မတ်လ ၁၆ ရက်၊ မွန်းလွဲ ၁ နာရီအချိန်က စစ်တွေဟိုတယ် ကမ်းခြေမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ရခိုင်တို့ရဲ့ ရိုးရာအစဉ်အလာပွဲတော်တစ်ခုဖြစ်တဲ့ သျှစ်သောင်းမြှောက်ပွဲတော်ကို ယခုလို တပေါင်းလပြည့်နေ့မှာ ကျင်းပလေ့ရှိပြီးပင်လယ်ကမ်းစပ် ဒေသတွေဖြစ်တဲ့ စစ်တွေကမ်းခြေအပါအဝင် သံတွဲမြို့ ငပလီကမ်းခြေတို့မှာ ကျင်းပလေ့ရှိကြပါတယ်။

ပွဲတော်အတွင်း ကမ်းခြေမှာရှိတဲ့ သဲများကို အသုံးပြုပြီး စေတီတော်များ၊ ဘုရားဆင်းတုတော်များကိုစိတ်ကြိုက် ပုံဖော်ဖန်တီး ပူဇော်ကြကာ အဲဒီ ဘုရားစေတီများမှာ ပန်းများ၊ တံခွန်ကုက္ကားများ စတဲ့ လှူဖွယ်ပစ္စည်းများ ကပ်လှူရင်း ပျော်ရွှင်စွာ ကုသိုလ်ယူကြတဲ့ ပွဲတော်တစ်ခုဖြစ်လို့ ကလေး၊ လူကြီး အရွယ်မရွေး ပါဝင်ဆင်နွှဲကြတယ်လို့ သိရပါတယ်။
#mhtnews